Unicode version…

ဒေသအတွင်းရှိ မော်တော်ကားရောင်းဝယ်ရေးတွင် ထိပ်တန်းအုပ်စုဖြစ်သည့် Cycle & Carriage သည်၄င်း၏ကုမ္ပဏီခွဲဖြစ်သော Cycle & Carriage Myanmar မှတစ်ဆင့် ပထမဦးဆုံး Mercedes-Benz Autohausအရောင်းပြခန်းကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လ ၁၀ ရက်နေ့ကဖွင်လှစ်ခဲ့သည်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို ့နယ်တွင် တည်ရှိသော Mercedes-Benz 3S Autohaus သည် ကားရောင်းချခြင်း၊ ကားဝန်ဆောင်မှုပေးခြင်းနှင့် အပိုပစ္စည်း ရောင်းချခြင်းများကို အဓိက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၄င်းပြခန်းသည် Cycle & Carriage Myanmar ၏အခမ်းနားဆုံးသော ပြခန်းအသစ် လည်းဖြစ်ပါသည်။
Cycle & Carriage Myanmar မှ မြန်မာနိုင်ငံတစ်ဝန်း အရောင်းပြခန်း၅ခန်း ထိ ဖွင့်လှစ်ထားပြီး Mercedes-Benz Autohaus အရောင်းပြခန်း သည် ၄င်း၏ ခြောက်ခုမြောက်အရောင်းပြခန်းလည်းဖြစ်သည်။ ခေတ်မီအပြင်အဆင်များနှင့်အတူ ၄င်းပြခန်းတွင် Display ကားအစီးရေ ၁၇ စီးနှင့်အလုပ်ရုံငယ် ၁၀ခုသာမက Mercedes-Benz iShowroom လည်း ပါဝင်မည်ဟု သိရသည်။Mercedes-Benz သည် စတုရန်းပေ၂၅၀၀၀ ကျယ်ဝန်းပြီး Autohaus Mercedes ကြိုက်နှစ်သက်သူများ အတွက် ရည်ရွယ်၍ ခိုင်မာသောရေရှည်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို Autohaus တွင် Mercedes-Benzဝယ်ယူသူများကို အလွယ်တကူဝယ်ယူနိုင်မှုနှင့် အဆင်ပြေချောမွေ့မှုတို့ကို တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ ဝန်ဆောင်မှု ပေးသွားမည်ဟုလည်း သိရသည်။
Cycle & Carriage Myanmar ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်က “မကြာခင်နှစ်တွေကတည်းကမြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်နေတာကို ကျွန်တော်တို့ မြင်တွေ့ပြီးဖြစ်ပါတယ်။အဓိကအားဖြင့် နိုင်ငံရဲ့စီးပွားရေးဗဟိုချက် ရန်ကုန်မြို့မှာ ပိုပြီးသိသာပါတယ်။ ဝယ်လိုအား လဲပိုကောင်းလာသလိုဝယ်ယူသူတွေအနေနဲ့လည်း ပိုကောင်းတဲ့အတွေ့အကြုံတွေကို လိုချင်လာတယ်ဗျ။ Autohaus ပြခန်းအသစ် ဖွင့်လှစ် လိုက်ခြင်းက ကျွန်တော်တို့ရဲ့ Mercedes-Benz ဝယ်ယူသူတွေကို ဆန်းသစ်ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုအသစ်တစ်ရပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
လူဦးရေခန့်မှန်းခြေ ၆၀သန်းရှိသော မြန်မာနိုင်ငံသည် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုအများအပြား ရရှိထားပြီးဖြစ်သည်။ကားပိုင် ဆိုင်မှုသည် နေထိုင်သူ အယောက်တစ်ထောင်လျှင် ခုနစ်စီးအောက်နည်းသော ကားအရေအတွက်ပျမ်းမျှဖြင့် ကနဦးအဆင့်တွင်သာရှိသည်။စျေးကွက် ထဲတွင်လည်း အခြားဇိမ်ခံကားအမှတ်တံဆိပ်အနည်းငယ်သာ ရှိနေသေးသောကြောင့် ကောင်းမွန်သော အလားအလာကောင်းများရှိသည့်စျေးကွက် လည်းဖြစ်သည်။ရေရှည်တိုးတက်မှုအလားအလာနှင့်ပတ်သက်၍ Jardine Cycle & Carriage ၏ ဒေသတွင်းအုပ်ချုပ်မှု ဒါရိုက်တာ Mr.Haslam Preeston က “ဒီရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံရဲ့ မော်တော်ကားစျေးကွက်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို ပိုပြီးခိုင်မာစေပါတယ်။မြန်မာနိုင်ငံ အတွင်းမှာ ကျွန်တော်တို့ရဲ့ ကွန်ယက်ကို အခု ထက်ပိုပြီး ချဲ့ထွင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ Autohaus ပြခန်းအသစ်ဖွင့်လှစ်ခြင်းက ၁၉၅၁ ခုနှစ် ထဲက စတင်ခဲ့တဲ့ ကျွန်တော်တို့နဲ့Mercedes-Benz တို့ ရေရှည်လက်တွဲမှုရဲ့ သက်သေလည်းဖြစ်ပါတယ်။ယခုဆိုရင် အရှေ့တောင်အာရှမှာMercedes-Benz ပြခန်းစုစုပေါင်း ၁၅ ခုဖွင့်လှစ်ပြီးဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

Zawgyi version..
ေဒသအတြင္းရွိ ေမာ္ေတာ္ကားေရာင္းဝယ္ေရးတြင္ ထိပ္တန္းအုပ္စုျဖစ္သည့္ Cycle & Carriage သည္၄င္း၏ကုမၸဏီခြဲျဖစ္ေသာ Cycle & Carriage Myanmar မွတစ္ဆင့္ ပထမဦးဆံုး Mercedes-Benz Autohausအေရာင္းျပခန္းကို ျမန္မာနိုင္ငံတြင္ ျပီးခဲ့သည့္မတ္လ ၁၀ ရက္ေန႔ကဖြင္လွစ္ခဲ့သည္။ ရန္ကုန္တိုင္း မရမ္းကုန္းျမိဳ ့နယ္တြင္ တည္ရွိေသာ Mercedes-Benz 3S Autohaus သည္ ကားေရာင္းခ်ျခင္း၊ ကားဝန္ေဆာင္မႈေပးျခင္းႏွင့္ အပိုပစၥည္း ေရာင္းခ်ျခင္းမ်ားကို အဓိက ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး ၄င္းျပခန္းသည္ Cycle & Carriage Myanmar ၏အခမ္းနားဆံုးေသာ ျပခန္းအသစ္ လည္းျဖစ္ပါသည္။
Cycle & Carriage Myanmar မွ ျမန္မာႏိုင္ငံတစ္ဝန္း အေရာင္းျပခန္း၅ခန္း ထိ ဖြင့္လွစ္ထားၿပီး Mercedes-Benz Autohaus အေရာင္းျပခန္း သည္ ၄င္း၏ ေျခာက္ခုေျမာက္အေရာင္းျပခန္းလည္းျဖစ္သည္။ ေခတ္မီအျပင္အဆင္မ်ားႏွင့္အတူ ၄င္းျပခန္းတြင္ Display ကားအစီးေရ ၁၇ စီးႏွင့္အလုပ္ရံုငယ္ ၁၀ခုသာမက Mercedes-Benz iShowroom လည္း ပါဝင္မည္ဟု သိရသည္။Mercedes-Benz သည္ စတုရန္းေပ၂၅၀၀၀ က်ယ္ဝန္းျပီး Autohaus Mercedes ၾကိဳက္ႏွစ္သက္သူမ်ား အတြက္ ရည္ရြယ္၍ ခိုင္မာေသာေရရွည္ရင္းႏွီးျမွဳပ္ႏွံမႈျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ထုိ Autohaus တြင္ Mercedes-Benzဝယ္ယူသူမ်ားကို အလြယ္တကူဝယ္ယူႏိုင္မႈႏွင့္ အဆင္ေျပေခ်ာေမြ႔မႈတို႔ကို တစ္ေနရာတည္းတြင္ ၿပီးျပည့္စံုစြာ ဝန္ေဆာင္မႈ ေပးသြားမည္ဟုလည္း သိရသည္။
Cycle & Carriage Myanmar ၏ မန္ေနဂ်င္းဒါရိုက္တာ ဦးေအာင္မုိးေက်ာ္က “မၾကာခင္ႏွစ္ေတြကတည္းကျမန္မာႏိုင္ငံမွာ သိသာထင္ရွားတဲ့ ေျပာင္းလဲမႈေတြျဖစ္ေပၚေနတာကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ၿပီးျဖစ္ပါတယ္။အဓိကအားျဖင့္ ႏိုင္ငံရဲ႕စီးပြားေရးဗဟိုခ်က္ ရန္ကုန္ၿမိဳ႕မွာ ပိုၿပီးသိသာပါတယ္။ ဝယ္လိုအား လဲပိုေကာင္းလာသလိုဝယ္ယူသူေတြအေနနဲ႔လည္း ပိုေကာင္းတဲ့အေတြ႔အႀကံဳေတြကို လိုခ်င္လာတယ္ဗ်။ Autohaus ျပခန္းအသစ္ ဖြင့္လွစ္ လိုက္ျခင္းက ကၽြန္ေတာ္တို႕ရဲ႕ Mercedes-Benz ဝယ္ယူသူေတြကို ဆန္းသစ္ၿပီးျပည့္စံုတဲ့ဝန္ေဆာင္မႈအသစ္တစ္ရပ္ေပးႏိုင္မယ္လို႔ ယံုၾကည္ပါတယ္” ဟုေျပာႀကားခဲ့သည္။
လူဦးေရခန္႕မွန္းေျခ ၆၀သန္းရိွေသာ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာမွရင္းႏွီးၿမွဳပ္ႏွံသူမ်ား၏ စိတ္ဝင္စားမႈကိုအမ်ားအျပား ရရိွထားၿပီးျဖစ္သည္။ကားပိုင္ ဆိုင္မႈသည္ ေနထိုင္သူ အေယာက္တစ္ေထာင္လွ်င္ ခုနစ္စီးေအာက္နည္းေသာ ကားအေရအတြက္ပ်မ္းမွ်ျဖင့္ ကနဦးအဆင့္တြင္သာရိွသည္။ေစ်းကြက္ ထဲတြင္လည္း အျခားဇိမ္ခံကားအမွတ္တံဆိပ္အနည္းငယ္သာ ရွိေနေသးေသာေၾကာင့္ ေကာင္းမြန္ေသာ အလားအလာေကာင္းမ်ားရိွသည့္ေစ်းကြက္ လည္းျဖစ္သည္။ေရရွည္တိုးတက္မႈအလားအလာႏွင့္ပတ္သက္၍ Jardine Cycle & Carriage ၏ ေဒသတြင္းအုပ္ခ်ဳပ္မႈ ဒါရိုက္တာ Mr.Haslam Preeston က “ဒီရင္းႏွီးျမွဳပ္ႏွံမႈက ျမန္မာႏိုင္ငံရဲ႕ ေမာ္ေတာ္ကားေစ်းကြက္မွာ ကၽြန္ေတာ္တို႔ရဲ႕ ယံုၾကည္ခ်က္ကို ပိုၿပီးခိုင္မာေစပါတယ္။ျမန္မာႏိုင္ငံ အတြင္းမွာ ကၽြန္ေတာ္တို႔ရဲ႕ ကြန္ယက္ကို အခု ထက္ပိုၿပီး ခ်ဲ႕ထြင္ႏိုင္မယ္လို႔လည္းေမွ်ာ္လင့္ပါတယ္။ Autohaus ျပခန္းအသစ္ဖြင့္လွစ္ျခင္းက ၁၉၅၁ ခုႏွစ္ ထဲက စတင္ခဲ့တဲ့ ကၽြန္ေတာ္တို႔နဲ႔Mercedes-Benz တို႕ ေရရွည္လက္တြဲမႈရဲ႕ သက္ေသလည္းျဖစ္ပါတယ္။ယခုဆိုရင္ အေရွ႕ေတာင္အာရွမွာMercedes-Benz ျပခန္းစုစုေပါင္း ၁၅ ခုဖြင့္လွစ္ၿပီးျဖစ္ပါတယ္။” ဟုေျပာၾကားခဲ့သည္။