Unicode version…

(CLS-CLASS)သည် ဂျာမနီအခြေစိုက် ကမ္ဘာကျော် (Mercedes-Benz)၏ (4-Door Coupe) အမျိုးအစားဖြစ်ပြီး ကမ္ဘာလောကတွင် ထင်ရှားသည့် (Model) တစ်မျိုးဖြစ်ပါသည်။

(Mercedes-Benz CLS-CLASS)အား (2003)ခုနှစ်အကုန်ခန့်တွင် (Mercedes-Benz)၏ ပထမဆုံး (4-door Coupe Version)အနေဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ၎င်းအား ဆန်းသစ်လှပပြီး (Aerodynamic Body) ခေါ် လေခွင်းအားကို တုန့်ပြန်နိုင်သည့် ကိုယ်ထည်အမျိုးအစားဖြင့် ဖန်တီး ထားကာ (Mercedes)၏ နာမည်ကျော် (S-Class Sedon)ကဲ့သို့ ရှည်လျားသည့် ကိုယ်ထည်ဖြင့် ထုတ်လုပ်ထားခဲ့ပါသည်။ ၎င်း၏အတွင်းခန်း ဒီဇိုင်းအား (E-Class Sedon)နှင့် တူညီစွာ ဖန်တီးထားသော်လည်း (Individual Rear-Seat)အား အပိုဆောင်းအနေဖြင့် (CLS-Class)တွင်သာ သီးသန့်မှာယူနိုင်မှုအားဖြင့် (E-Class)နှင့် ကွဲပြားစေရန် ပြုလုပ်ထားခဲ့ပါသည်။

mercedesbenz-clsclass-8(CLS-Class)၏ ပထမမျိုးဆက်အား (2004-2012)အထိ ထုတ်လုပ် အောင်မြင်ခဲ့ပါသည်။ ထိုမျိုးဆက် (Model)များတွင် ထည့်သွင်းထားသည့် အင်ဂျင်စနစ်များမှာ (3.5L V6 Engine), (4.7L V6 Engine), (5.5L Turbo AMG Engine) တို့ဖြစ်ကြပါသည်။ ထို့အတူ ၎င်းမျိုးဆက်တွင် အဓိကပါ၀င်သည့် (Features)များမှာ (Keyless entry / ignition), (Bi-Xenon headlights), (Adaptive cruise control) (Tri -zone automatic climate control), (Front seats memory functions), (6-DVD charger) စသည်တို့ ထည့်သွင်းထားပါသည်။mercedes_benz_cls-class_2006

ထိုသို့ထူးခြားမှုများစွာဖြင့် ဖန်တီးထားခဲ့သည့် (CLS-Class)၏ ပထမမျိုးဆက်အား (2012) နှစ်ကုန်အထိ ထုတ်လုပ်ခဲ့ပြီး (2013)ခုနှစ်တွင် ဒုတိယမျိုးဆက် (Second CLS-Class Model) အား ပြောင်းလဲထုတ်လုပ်ခဲပါသည်။ ဒုတိယမျိုးဆက် (CLS-Class)သည် ယခင်မျိုးဆက်ထက်ပို၍ ကြီးမား ခန့်ထည်သည့် (Body Style)ဖြင့် ပြောင်းလဲထုတ်လုပ်ထားပြီး ၎င်း၏အရှေ့/အနောက် ဒီဇိုင်များအား ဆန်းသစ်စွာ ဖန်တီးထားပါသည်။ အဓိကအားဖြင့် (Stylish Body) အနေဖြင့် ထုတ်လုပ်ထားကာ (4-door Coupe) တစ်စင်းအနေဖြင့်သာမက ဆီဒင်ကားတစ်မျိုးအနေဖြင့် ခံစားရနိုင်မည့် ဒီဇိုင်းအနေ အထားအား ဖန်တီးခဲ့ပါသည်။ ဒီဇိုင်းသာမက အတွင်း/အပြင် ပါ၀င်မှုများကိုလည်း ပထမမျိုးဆက် ထက်ပို၍ စုံလင်သောပါ၀င်မှုများကို ဖြည့်စွက်ထည့်သွင်း ထုတ်လုပ်ထားပါသည်။ ဒုတိယမျိုးဆက် (CLS-Class)တွင် ပါ၀င်သည့် ပါ၀င်မှုအချို့မှာ (Night-view camera), (Pre-Safe), (Command Online) , (Front-seat message function), (7 G Tonic Plus Gear Box), (Air-Suspe nsion System) စသည်တို့ပါ၀င်ကြပါသည်။2016_mercedes_benz_cls_class_dashboard

ဒုတိယမျိုးဆက်၏ (Facelift Model)အား (2015)နှစ်ကုန်ပိုင်းတွင် (Major Changed Model) အနေဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။ ထို (New CLS-Class)တွင် ထူးခြားမှုအနေဖြင့် (LED) မီးလုံး ငယ်ပေါင်း (၃၆)ခုခန့် ပေါင်းစပ်ထားသည့် နောက်ဆုံးပေါ် (Multi-Beam LED headlights system), (New 9G-Tornic Automatic Gear Box), (New 20.3 cm Color Center Display)အစရှိသည့် နည်းပညာအသစ်များဖြင့် ဖန်တီးထားသည်ကို တွေ့ရပါမည်။ ထိုသို့ အသစ်များစွာဖြင့် ဖန်တီးထား သည့် (New CLS-Class)သည် ယခုအခါတင် ကမ္ဘာ့ကားလောကတွင် ထင်ရှားပြီး ၀ယ်ယူမှုလည်း များစွာရှိနေပါသည်။ (CLS-Class)တွင် (4-doors Coupe) အပြင် (5-doors Shooting Brake Model) ကိုလည်း သီးခြားထုတ်လုပ် ရောင်းချသည်ကို တွေ့မြင်ရပါမည်။

Zawgyi version…




