Unicode version…
Intelligent Lighting စနစ်သည ်ယာဉ်မောင်းအတွက် လုံခြုံမှုအရှိဆုံးနှင့် အထိရောက်ဆုံး သော ထောက်ပ့ံမှု ဖြစ်လာမည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် Mercedes-Benz သည် နောက်ဆုံး ပေါ် Digital Light နည်းပညာတစ်မျိုးအား ၎င်း၏ Maybach ချစ်သူများအတွက် မိတ်ဆက်လိုက် ပါသည်။ ဂျာမနီနိုင်ငံ Stuttgart ရှိ Mercedes Designer များမှ ဒီဇိုင်းထုတ် ဖန်တီးထားသည့်အဆိုပါ နည်းပညာ တွင် အရေအတွက် သန်းချီသည့် အလွန်သေးငယ်သော LED micro-reflector များအား မီးလုံးများ တွင် တပ်ဆင်ထားမည် ဖြစ်ပြီး Software နှင့် Hardware တို့မှ (အလင်းပုံံစံဖော်ခြင်း)အား ထိန်းချုပ်မည် ဖြစ်ပြီး အရေအတွက် အနည်းဆုံး (၉)မျိုးခန့်ရှိသည့် Graphic များအား လမ်းမထက်သို့ အလင်းဖြင့် ပုံစံဖြင့် ပုံဖော်မည် ဖြစ်သည်။
၎င်းနည်းပညာ၏ ပြောင်းလဲဖြစ်ပေါ်မှုအား စတင်မိ်တ်ဆက် သရုပ်ပြခြင်းအား Mercedes Experimental Safety Vehicle in 2009၌ ပထမဆုံး မိတ်ဆက် ပြခဲ့ပြီး ထိုစဉ်က ပြသသည့် စနစ်၌ အလုံး(၁၀၀)ခန့် ပေါင်းစပ်ထားသည့် LEDs များအား Brain Controller စနစ်ဖြင့် တိကျသည့် လုပ်ငန်းစဉ်ကို ဖန်တီးပြီး အလင်းများကို ပုံဖော်ခြင်း ဖြစ်ပါသည်။
ယခုဖန်တီးထားသည့် Digital Lighting စနစ်တွင် S-Class တွင် အသုံးပြုထားသည့် ကင်မရာများ၊ အာရုံခံကိရိယာများနှင့် Navigation Information တို့မှ ပေါင်းစပ်လုပ်ဆောင်မည် ဖြစ်ပြီး HD အရည်အသွေး (Resolution 10000-Fold)အထိ တိုးမြှင့်ထားမည်ဖြစ်ကာ အချိုးညီသည့် အလင်း ပုံဖော်မှုများကို ဖန်တီးပေးမည် ဖြစ်ပါသည်။ ၎င်းနည်းပညာအပြင်-အမှောင်ထု အခြေအနေကို အလိုအလျောက် ခွဲခြားသိမြင်ခြင်းဖြင့် မျက်နှာချင်းဆိုင်မှ ယာဉ်များနှင့် လမ်းသွားလမ်းများအပေါ် ကောင်းစွာ သက်ရောက်မှု ရှိစေသည့် (Virtually Dazzle-Free Main Beam)ကိုလည်း တပါတည်း ဖန်တီးထားမည် ဖြစ်ပါသည်။ Digital Light နည်းပညာအား (2018-2019)ထုတ် Maybach S-Class တွင် စတင်မှာယူနိုင်ရန် ထည့်သွင်းထားမည် ဖြစ်ပါသည်။
Mercedes- Benz DIGITAL LIGHT: Die revolutionäre Scheinwerfertechnologie DIGITAL LIGHT mit nahezu blendfreiem Fernlicht in HD-Qualität und mit mehr als zwei Millionen Pixel Auflösung steht für höchste Präzision, optimale Sicht des Fahrers nahezu ohne Blendwirkung sowie für Performance, Fahrassistenz und Kommunikation. Mercedes- Benz DIGITAL LIGHT: The revolutionary headlamp technology DIGITAL LIGHT with almost dazzle-free main beam in HD quality and a resolution of more than two million pixels represents highest precision, optimal view for the driver almost without dazzling effect as well as performance, driver assistance and communication.
Zawgyi version…
၎င်းနည်းပညာ၏ ပြောင်းလဲဖြစ်ပေါ်မှုအား စတင်မိတ်ဆက် သရုပ်ပြခြင်းအား Mercedes Experimental Safety Vehicle in 2009၌ ပထမဆုံး မိတ်ဆက် ပြခဲ့ပြီး ထိုစဉ်က ပြသသည့် စနစ်၌ အလုံး(၁၀၀)ခန့် ပေါင်းစပ်ထားသည့် LEDs များအား Brain Controller စနစ်ဖြင့် တိကျသည့် လုပ်ငန်းစဉ်ကို ဖန်တီးပြီး အလင်းများကို ပုံဖော်ခြင်း ဖြစ်ပါသည်။