Unicoder version…

အချိန်က နံနက် ၃ နာရီဝန်းကျင်၊နေရာက ပန်းဆိုးတန်းလမ်းမပေါ်၊ ရာသီဥတုက ဆောင်းအကုန်ဖြစ်လို့ အရမ်းကြီးအအေးဓါတ်မရှိတော့ပေမယ့် အေးမြမှုကိုတော့ ခံစားနေရဆဲပါ။ ရန်ကုန်ရဲ့ တိုးပွားလာတဲ့ ကားတွေကတော့ အံ့သြစရာပါ။ အရင်က နံနက် ၃ နာရီလောက်ဝန်းကျင်ဆိုကား အသွားအလာအရမ်း ကျဲသွားပေမယ့် အခုချိန်မှာတော့ စိတ်လာပါပြီ။ ဒါပေမယ့် ၃ နာရီနဲ့ ၄ နာရီကြားမှာတော့ နည်းနည်း လေးရိုက်ကူးရေးလုပ်ရတာလွယ်တာမို့ အားသွန် ခွန်စိုက်လုပ်ကြရပါတယ်။ ရိုက်ကူးရေးလုပ်မယ့် မျက်နှာဖုံးရှင်က The New Mercedes-Benz E Class ကားသစ်ပဲဖြစ်ပါတယ်။ Mercedes ဆိုတာနဲ့ သက်တမ်း ရှည်ကြာနေပြီဖြစ်တဲ့ ထုတ်လုပ်မှု သက်တမ်း ရယ်၊အရည် အသွေးမြင့် အကောင်းစားကားတွေကို ထုတ်လုပ်တဲ့ Brand အဖြစ်မှတ်ယူထားကြပါတယ်။ ဒီကားအကြောင်းပြောမယ်ဆိုရင် အရင် E Class အကြောင်းအနည်း ငယ်ပြောပြလိုပါတယ်။ E Class က ၁၉၉၃ ခုနှစ်ကတည်းက အင်ဂျင်အမျိုးမျိုး၊ဘော်ဒီပုံစံအမျိုးမျိုးနဲ့စတင်ထုတ် လုပ်ခဲ့တာဖြစ်ပြီး အခုဆိုမျိုးဆက် ၅ ဆက်တိုင်ခဲ့ပါပြီ။ Mercedes က E Class ကို executive cars (အသိ ဉာဏ်အရှိဆုံးကား) အဖြစ်ဖန် တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုမျက်နှာဖုံးရှင်ကားကတော့ ၂၀၁၇ မော်ဒယ်ဇိမ်ခံ Sport ဆလွန်း အမျိုးအစားပဲဖြစ်ပါတယ်။

– အပြင်ဘက်ပိုင်း

The New Mercedes-Benz E Class AMG Line ရဲ့ရှေ့ရုပ်သွင်ပြင်က ထူးခြားလှပပြီး Chrome တွေနဲ့ပြု လုပ်ထားတဲ့ ရှေ့ရှဲ (Grille) တွေကြောင့်အပိုအလိုမရှိ သပ်ရပ်လှပါတယ်။ ပြီးတော့ Mercedes ရဲ့သုံး မြှောင့်လိုဂိုကလည်း ဝင့်ကြွားစွာပေါ်လွင်နေပြီး အကောင်းစားကားတစ်စီးရဲ့ရုပ်သွင်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ ရှေ့မီးသီးတွေက လင်းအားလည်းကောင်းပြီး ကားနဲ့အတူလိုက်ပါကွေ့နိုင်တဲ့ အမြင့်ဆုံးစွမ်းရည်ရှိ LED တွေကို သုံးထားပါတယ်။ အဲဒီမီးတွေက ညဘက်မောင်းနှင်ရာမှာမြင်ကွင်းကို ရှင်းရှင်းလင်းလင်းနဲ့ မြင်တွေ့စေနိုင်သလို လှပတဲ့ Day Time Lamp တွေနဲ့ပါတွဲဖက်ပေးထားပါတယ်။ နောက်ပြီး ကြီးမားကျယ်ပြန့်တဲ့ဘောနက် ပေါ်မှာလည်း Aerodynamic ဖြစ်စေမယ့် အနားရေးကြောင်း တွေကိုတွေ့ရပြီး ဘီးတွေကလည်း Spoke ၁၀ခုပါပေါ့ပါးတဲ့ Alloy တွေကိုသုံးထားလို့ Sport ဆန်တဲ့ AMG Line ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ အောက်ဘက်မှာ အလျားလိုက် Chrome Bar တွေရှိပြီး ကြီးမားတဲ့လေစုပ်ပေါက်တွေနဲ့တွဲစပ် ဖန်တီးထား ပါတယ်။ AMG Bodystyling ပုံစံချိုးဆစ်ထားတာမို့ လေခွင်းအားခွင်းကတော့ အရမ်းကောင်းမယ့်ကားမျိုးဖြစ် ပါတယ်။ နောက်ဘက်ကိုကြည့်ရင်လည်း လေဖိအားကို အကောင်းဆုံးတုန့်ပြန်ပေးနိုင်တဲ့ နောက်ဖုံးပုံစံကို တွေ့ရမှာဖြစ်ပါတယ်။ အိတ်ဇောနဲ့တွဲဖက်ထားတဲ့အောက်ဘက်မှာပါတဲ့ 3D ပုံစံရှဲတွေကိုလည်း Chrome တွေနဲ့ပဲ တည်ဆောက်ပေးထားပါတယ်။ ပြီးတော့ နောက်မီးတွေကလည်း Sport ပုံစံလှပတဲ့ဟန်ပန်ကို တွေ့မြင်ရဦးမှာပါ။ပြီးတော့မှန်တံခါးတွေက အလင်းစူးအားနဲ့ အပူခံအောင်ပြုလုပ်ပေးထားပါတယ်။ခြုံပြော ရမယ်ဆိုရင် The New Mercedes-Benz E Class က လှပတဲ့ Sport Luxury ကားတစ်စီးရဲ့ ရုပ်သွင်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။

အတွင်းခန်း

တံခါးကိုဖွင့်လိုက်တော့ အရင်ဆုံးမြင်တွေ့ရတာက 3 spoke ပုံစံ လည်သာနဲ့ဖန်တီးထားပြီး နည်းပညာများစွာထိန်းချူပ်နို်င်တဲ့ Touch Control တွေပါတဲ့ Sporty စတီယာရင်ကိုစတင်တွေ့မြင်ခဲ့ရပါတယ်။ AMG line ဖြစ်လို့ပါဝင်ပစ္စည်းတွေကတော့ Sport ပုံစံဖြစ်နေပါတယ်။ အနေအထားမျိုးစုံကို မော်တာနဲ့ ချိန်ညှိနိုင်တဲ့ထိုင်ခုံတွေကလည်း အဆင့်မြင့်လည်သာတွေကိုသုံးထားပြီး Sport ဆန်တဲ့ အထိအတွေ့ ကိုခံစား ခဲ့ရပါတယ်။ နောက်ပြီး Dashboard တွေကလည်း အနက်ရောင် ARTICO Man made လည်သာတွေ ကိုသုံးစွဲထားပြီး နူးညံ့ပြီးလှပကြော့ရှင်းတဲ့ အသွင်အပြင်ကို ခံစားရမှာပါ။ ထိုင်ခုံကူရှင်တွေကလည်း အနက် ရောင်ချည်သားပါရှိပါတယ်။ဒီ AMG line မှာထပ်ပြီး Highlight လုပ်ရမှာက Stainless Steel နဲ့လုပ်ထားတဲ့ Sport ခြေနင်းပြားတွေဖြစ်ပါတယ်။ ရှေ့ခန်းအလယ်နေရာမှာလည်း ခွက်ထည့်စရာနေရာတွေ၊လက်တင်ခုံ တွေပါဝင် သလို Dynamic Selected Component လည်းပါဝင်ကာ အဲဒီမှာ Drive Mode တွေ၊ Media Display တွေကို ထိန်းချူပ်အမိန့်ပေးနိုင်ပါတယ်။ နောက်ပြီး Dashboard အလယ်မှာပါဝင်တဲ့ သတင်းအ ချက်အလက်ပြ 12.3 လက်မရှိ Screen မှာလည်း လမ်းကြောင်းပြစနစ်တွေ၊Audios၊ Smart ဖုန်းနဲ့ချိတ်ဆက်သုံးနိုင်တဲ့စနစ်တွေ၊ Drive Modeတွေ ၊ ကားနဲ့ဆိုင်တဲ့အချက် အလက်တွေကို ဖော်ပြပေးမှုစတဲ့အရာတွေကို အလွန်ကောင်းမွန်တဲ့ ဖော်ပြမှုနဲ့ အတူ ကြည်လင်ပြတ် သားစွာမြင်တွေ့ ရမှာဖြစ်ပါတယ်။ Memory Function တွေပါလို့ မိမိရဲ့စိတ်ကြိုက်ထိုင်ခုံပုံစံ၊မောင်းနှင်မှုပုံစံတွေကို မှတ်သားထားလို့ရပါသေးတယ်။ ကားအတွင်းခန်းမှာပတ်ပတ်လည်အလှဆင်ပေးထားတဲ့ LEDမီးအရောင် ကလည်း ၆၄ ရောင်အထိပြောင်းလဲလို့ရနိုင်သလို ဘေးဘက်တံခါးတွေမှာပါ လှပတဲ့အရောင်တွေကို တွေ့မြင် ရမှာဖြစ်ပါတယ်။ နောက်ဘက်ခန်းကလည်း လူ ၃ ယောက်သက်တောင့် သက်သာစီးနင်းလိုက်ပါနိုင် အောင်ကျယ်ဝန်းပြီး ကြီးမားကျယ်ပြန့်တဲ့ Sunroof လည်း ပါဝင်ပါတယ်။ နောက်ပြီး ရှေ့ခန်းရော၊ နောက်ခန်းမှာပါ ဇုန်အလိုက် အပူ၊အအေးခွဲခြားဖြန့်ကျက်နိုင်တဲ့ Mercedesရဲ့မူပိုင်thermotronic အဲကွန်း စနစ်ပါဝင်ပါသေးတယ်။ Entertainment အနေနဲ့ကတော့ Burmester surround sound system ကိုအသုံးပြုထားပြီး ဒီစနစ်က Mercedes ရဲ့မူပိုင်နည်းပညာဖြစ်တဲ့ pre safe ကိုသုံးထားလို့ အသံကျယ် လောင်မှုကြောင့် နားစည်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးထားပါတယ်။

– စွမ်းဆောင်ရည်

ဒီကားက 2.0L Petrol 4 cylinders in-line engine ကိုသုံးထားပြီး အမြင့်ဆုံးစွမ်းရည်က rpm 5500 မှာ မြင်းကောင်ရေ 184 hp ထွက်ရှိမှာဖြစ်သလို အမြင့်ဆုံး အင်ဂျင်လည်ပတ်နိုင်အားကတော့ 260km/ hr ဖြစ်ပါတယ်။ ပြီးတော့ 0 to 100 km ကို ရ.၇စက္ကန့်နဲ့ရောက်အောင်မောင်းနှင်နိုင်မှာဖြစ်ပြီး အမြန်ဆုုံးမောင်းနှင်နိုင်မှုကတော့ ၁နာရီကို ၂၄၀ ကီလိုပဲဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းကို ပျှမ်းမျှ ကီလိုမီတာ ၁၀၀ ကို 5.9 လီတာဖြစ်ပြီး မြို့ပြင်ကတော့ 6.3 လီတာဖြစ်ပါတယ်။ Transmission စနစ်ကတော့ 9G-Tronic Auto ကိုသုံးထားလို့ ဂီယာချက် ၉ ချက်က အလွန်ကောင်းမွန်စွာပြောင်းလဲပေးနိုင်ပါတယ်။ ပြီးတော့ သေးငယ်တဲ့ဂီယာ Ratio တွေနဲ့ပြုလုပ်ထားလို့လည်း မြန်မြန်ဆန်ဆန်ဂီယာချိန်းနိုင်ပြီး စွမ်းအင်ထွက် ရှိမှုကို ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ 4 cylinders in-line engine ကလည်း Direct injection စနစ်ဖြစ်ပြီး Turbo စနစ်လည်းပါဝင်ပါတယ်။ အင်ဂျင်အလေးချိန်ကိုလျှော့ထားခြင်း၊ အတွင်းမှာပွတ်တိုက်မှုလျော့နည်းခြင်းတွေ ကြောင့် ဆီစားနှုန်းသက်သာမှု ၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထွက်ရှိတာနည်းပါးမှုစတဲ့အကျိုးကျေးဇူးတွေကို ရရှိ နိုင်မှာဖြစ်ပါတယ်။

– လုံခြုံရေး

နည်းပညာကောင်းမွန်တဲ့ Mercedes ထုတ်ကုန်ဖြစ်လို့ Safety ပိုင်းကလည်းပြောစရာမရှိအောင်ကို ပြည့်စုံလှ ပါသေးတယ်။ ပထမဆုံးပြောချင်တာက The New E Class မှာပဲစတင်အသုံးပြုခဲ့တဲ့ Air Body Control စနစ်ဖြစ်ပါတယ်။ဒီစနစ်က ကားမောင်းနှင်ရာမှာအထူးသက်တောင့်သက်သာရှိဖို့အတွက် Suspension စနစ်က အလိုအလျောက်ထိန်းညှိလုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ အကွေ့တွေ၊ဘရိတ်နင်းတဲ့အခါတွေမှာ ယိုင်သွား တာမျိုး၊ နောက်ပြီး တမ်းမှောက်မှုမရှိရအောင် ကူညီပေးနိုင်ပါတယ်။ အဲဒီSuspension လိုအပ်လာရင် မြေပြင်နဲ့ ကားအောက်ပိုင်း ကင်းလွတ်မှုကို 50 မီလီမီတာအထိမြှင့်ပေးနိုင်သလို အမြန်နှုန်းနဲ့မောင်းနှင်ခဲ့မယ်ဆိုရင် လည်း အလိုအလျောက်နိမ့်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လေတိုးအားကိုခံနိုင်ရည်ပိုရှိပြီး လက်ကိုင်ပိုင်း ကိုတည်ငြိမ်မှုပိုရှိစေမှာဖြစ်ပါတယ်။ ဒီစနစ်ကတော့ Package အနေနဲ့မှာယူရမှာဖြစ်ပါတယ်။နောက်ပြီး Adaptive Brake Control system, 360 degree Camera, ယာဉ်မောင်းဒူးဘေးမှာ လေအိတ် ပါဝင်ခြင်း၊လုံခြုံရေးစနစ်များပါဝင်တဲ့မောင်းနှင်မှုစနစ်၊Cruise Control ၊ Eco Start/stop ၊ Keyless Go Package system တွေပါဝင်လို့ လုံခြုံမှုရှိစွာနဲ့ကားကိုမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

-စျေးနှုန်းနဲ့သုံးသပ်ချက်

Mercedes ကတော့ထူးခြားတဲ့နည်းပညာ၊စွမ်းရည်နဲ့ အကာင်းဆုံးဆိုတဲ့အရာတွေကို ချပြဖို့အမြဲကြိုးစားနေတဲ့ ထုတ်လုပ်သူတွေပါ။နှစ်ပေါင်းများစွာ Luxury ကားတွေကိုထုတ်လုပ်ခဲ့တဲ့အတွေ့အကြုံတွေကြောင့် အခု The New Mercedes-Benz E Class ကလည်း နည်းပညာ၊လုံခြုံမှု၊ဇိမ်ရှိစတဲ့ လက္ခဏာတွေနဲ့ပြည့် စုံတဲ့ကားကောင်းတစ်စီးဖြစ်ပါတယ်။ စျေးကတော့ USD 155,000 ဖြစ်ပြီး မြန်မာပြည်တစ်ဦးတည်းကိုယ်စား လှယ် Cycle & Carriage Automobile Myanmar မှာသွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

Specification

Engine Type –4 cylinders in-line engine

Engine Power-2.0L/1991 cc

Fuel –Petrol

Rated Output(hp/rpm)-184/5500

Transmission-9G-TRONIC

Fuel Consumption(L/100km)- 6.3 – 5.9 Lit

Acceleration 0-100 km/h-7.7sec

Seat- 5

Zawgyi version..

အခ်ိန္က နံနက္ ၃ နာရီဝန္းက်င္၊ေနရာက ပန္းဆုိးတန္းလမ္းမေပၚ၊ ရာသီဥတုက ေဆာင္းအကုန္ျဖစ္လုိ႔ အရမ္းၾကီးအေအးဓါတ္မရွိေတာ့ေပမယ့္ ေအးျမမွဳကုိေတာ့ ခံစားေနရဆဲပါ။ ရန္ကုန္ရဲ႕ တုိးပြားလာတဲ့ ကားေတြကေတာ့ အံ့ၾသစရာပါ။ အရင္က နံနက္ ၃ နာရီေလာက္ဝန္းက်င္ဆုိကား အသြားအလာအရမ္း က်ဲသြားေပမယ့္ အခုခ်ိန္မွာေတာ့ စိတ္လာပါျပီ။ ဒါေပမယ့္ ၃ နာရီနဲ႕ ၄ နာရီၾကားမွာေတာ့ နည္းနည္း ေလးရုိက္ကူးေရးလုပ္ရတာလြယ္တာမုိ႔ အားသြန္ ခြန္စုိက္လုပ္ၾကရပါတယ္။ ရုိက္ကူးေရးလုပ္မယ့္ မ်က္ႏွာဖုံးရွင္က The New Mercedes-Benz E Class ကားသစ္ပဲျဖစ္ပါတယ္။ Mercedes ဆုိတာနဲ႔ သက္တမ္း ရွည္ၾကာေနျပီျဖစ္တဲ့ ထုတ္လုပ္မွဳ သက္တမ္း ရယ္၊အရည္ အေသြးျမင့္ အေကာင္းစားကားေတြကုိ ထုတ္လုပ္တဲ့ Brand အျဖစ္မွတ္ယူထားၾကပါတယ္။ ဒီကားအေၾကာင္းေျပာမယ္ဆုိရင္ အရင္ E Class အေၾကာင္းအနည္း ငယ္ေျပာျပလုိပါတယ္။ E Class က ၁၉၉၃ ခုႏွစ္ကတည္းက အင္ဂ်င္အမ်ိဳးမ်ိဳး၊ေဘာ္ဒီပုံစံအမ်ိဳးမ်ိဳးနဲ႕စတင္ထုတ္ လုပ္ခဲ့တာျဖစ္ျပီး အခုဆုိမ်ိဳးဆက္ ၅ ဆက္တုိင္ခဲ့ပါျပီ။ Mercedes က E Class ကုိ executive cars (အသိ ဥာဏ္အရွိဆုံးကား) အျဖစ္ဖန္ တီးထုတ္လုပ္ခဲ့တာျဖစ္ျပီး အခုမ်က္ႏွာဖုံးရွင္ကားကေတာ့ ၂၀၁၇ ေမာ္ဒယ္ဇိမ္ခံ Sport ဆလြန္း အမ်ိဳးအစားပဲျဖစ္ပါတယ္။

– အျပင္ဘက္ပုိင္း

The New Mercedes-Benz E Class AMG Line ရဲ႕ေရွ႕ရုပ္သြင္ျပင္က ထူးျခားလွပျပီး Chrome ေတြနဲ႕ျပဳ လုပ္ထားတဲ့ ေရွ႕ရွဲ (Grille) ေတြေၾကာင့္အပုိအလုိမရွိ သပ္ရပ္လွပါတယ္။ ျပီးေတာ့ Mercedes ရဲ႕သုံး ေျမွာင့္လုိဂုိကလည္း ဝင့္ၾကြားစြာေပၚလြင္ေနျပီး အေကာင္းစားကားတစ္စီးရဲ႕ရုပ္သြင္မ်ိဳးကုိပုိင္ဆုိင္ထားပါတယ္။ ေရွ႔မီးသီးေတြက လင္းအားလည္းေကာင္းျပီး ကားနဲ႕အတူလုိက္ပါေကြ႔ႏုိင္တဲ့ အျမင့္ဆုံးစြမ္းရည္ရွိ LED ေတြကုိ သုံးထားပါတယ္။ အဲဒီမီးေတြက ညဘက္ေမာင္းႏွင္ရာမွာျမင္ကြင္းကုိ ရွင္းရွင္းလင္းလင္းနဲ႕ ျမင္ေတြ႕ေစႏုိင္သလုိ လွပတဲ့ Day Time Lamp ေတြနဲ႕ပါတြဲဖက္ေပးထားပါတယ္။ ေနာက္ျပီး ၾကီးမားက်ယ္ျပန္႕တဲ့ေဘာနက္ ေပၚမွာလည္း Aerodynamic ျဖစ္ေစမယ့္ အနားေရးေၾကာင္း ေတြကုိေတြ႕ရျပီး ဘီးေတြကလည္း Spoke ၁၀ခုပါေပါ့ပါးတဲ့ Alloy ေတြကုိသုံးထားလုိ႔ Sport ဆန္တဲ့ AMG Line ဆုိတာ ေပၚလြင္ထင္ရွားေနပါတယ္။ ေအာက္ဘက္မွာ အလ်ားလုိက္ Chrome Bar ေတြရွိျပီး ၾကီးမားတဲ့ေလစုပ္ေပါက္ေတြနဲ႕တဲြစပ္ ဖန္တီးထား ပါတယ္။ AMG Bodystyling ပုံစံခ်ိဳးဆစ္ထားတာမုိ႔ ေလခြင္းအားခြင္းကေတာ့ အရမ္းေကာင္းမယ့္ကားမ်ိဳးျဖစ္ ပါတယ္။ ေနာက္ဘက္ကုိၾကည့္ရင္လည္း ေလဖိအားကုိ အေကာင္းဆုံးတုန္႕ျပန္ေပးႏုိင္တဲ့ ေနာက္ဖုံးပုံစံကုိ ေတြ႕ရမွာျဖစ္ပါတယ္။ အိတ္ေဇာနဲ႕တြဲဖက္ထားတဲ့ေအာက္ဘက္မွာပါတဲ့ 3D ပုံစံရွဲေတြကုိလည္း Chrome ေတြနဲ႕ပဲ တည္ေဆာက္ေပးထားပါတယ္။ ျပီးေတာ့ ေနာက္မီးေတြကလည္း Sport ပုံစံလွပတဲ့ဟန္ပန္ကုိ ေတြ႕ျမင္ရဦးမွာပါ။ျပီးေတာ့မွန္တံခါးေတြက အလင္းစူးအားနဲ႕ အပူခံေအာင္ျပဳလုပ္ေပးထားပါတယ္။ျခဳံေျပာ ရမယ္ဆုိရင္ The New Mercedes-Benz E Class က လွပတဲ့ Sport Luxury ကားတစ္စီးရဲ႕ ရုပ္သြင္မ်ိဳးကုိ ပုိင္ဆုိင္ထားတယ္လုိ႔ဆုိရမွာျဖစ္ပါတယ္။

အတြင္းခန္း

တံခါးကုိဖြင့္လုိက္ေတာ့ အရင္ဆုံးျမင္ေတြ႕ရတာက 3 spoke ပုံစံ လည္သာနဲ႕ဖန္တီးထားျပီး နည္းပညာမ်ားစြာထိန္းခ်ဴပ္ႏုိ္င္တဲ့ Touch Control ေတြပါတဲ့ Sporty စတီယာရင္ကုိစတင္ေတြ႔ျမင္ခဲ့ရပါတယ္။ AMG line ျဖစ္လုိ႕ပါဝင္ပစၥည္းေတြကေတာ့ Sport ပုံစံျဖစ္ေနပါတယ္။ အေနအထားမ်ိဳးစုံကုိ ေမာ္တာနဲ႕ ခ်ိန္ညွိႏုိင္တဲ့ထုိင္ခုံေတြကလည္း အဆင့္ျမင့္လည္သာေတြကုိသုံးထားျပီး Sport ဆန္တဲ့ အထိအေတြ႕ ကုိခံစား ခဲ့ရပါတယ္။  ေနာက္ျပီး Dashboard ေတြကလည္း အနက္ေရာင္ ARTICO Man made လည္သာေတြ ကုိသုံးစြဲထားျပီး ႏူးညံ့ျပီးလွပေၾကာ့ရွင္းတဲ့ အသြင္အျပင္ကုိ ခံစားရမွာပါ။ ထုိင္ခုံကူရွင္ေတြကလည္း အနက္ ေရာင္ခ်ည္သားပါရွိပါတယ္။ဒီ AMG line မွာထပ္ျပီး Highlight လုပ္ရမွာက Stainless Steel နဲ႕လုပ္ထားတဲ့ Sport ေျခနင္းျပားေတြျဖစ္ပါတယ္။ ေရွ႕ခန္းအလယ္ေနရာမွာလည္း ခြက္ထည့္စရာေနရာေတြ၊လက္တင္ခုံ ေတြပါဝင္ သလုိ Dynamic Selected Component လည္းပါဝင္ကာ အဲဒီမွာ Drive Mode ေတြ၊ Media Display ေတြကုိ ထိန္းခ်ဴပ္အမိန္႔ေပးႏုိင္ပါတယ္။ ေနာက္ျပီး Dashboard အလယ္မွာပါဝင္တဲ့ သတင္းအ ခ်က္အလက္ျပ 12.3 လက္မရွိ Screen မွာလည္း လမ္းေၾကာင္းျပစနစ္ေတြ၊Audios၊ Smart ဖုန္းနဲ႕ခ်ိတ္ဆက္သုံးႏုိင္တဲ့စနစ္ေတြ၊ Drive Modeေတြ ၊ ကားနဲ႔ဆုိင္တဲ့အခ်က္ အလက္ေတြကုိ ေဖာ္ျပေပးမွဳစတဲ့အရာေတြကုိ အလြန္ေကာင္းမြန္တဲ့ ေဖာ္ျပမွဳနဲ႕ အတူ ၾကည္လင္ျပတ္ သားစြာျမင္ေတြ႕ ရမွာျဖစ္ပါတယ္။ Memory Function ေတြပါလုိ႔ မိမိရဲ႕စိတ္ၾကိဳက္ထုိင္ခုံပုံစံ၊ေမာင္းႏွင္မွဳပုံစံေတြကုိ မွတ္သားထားလုိ႔ရပါေသးတယ္။ ကားအတြင္းခန္းမွာပတ္ပတ္လည္အလွဆင္ေပးထားတဲ့ LEDမီးအေရာင္ ကလည္း ၆၄ ေရာင္အထိေျပာင္းလဲလုိ႔ရႏုိင္သလုိ ေဘးဘက္တံခါးေတြမွာပါ လွပတဲ့အေရာင္ေတြကုိ ေတြ႕ျမင္ ရမွာျဖစ္ပါတယ္။ ေနာက္ဘက္ခန္းကလည္း လူ ၃ ေယာက္သက္ေတာင့္ သက္သာစီးနင္းလုိက္ပါႏုိင္ ေအာင္က်ယ္ဝန္းျပီး ၾကီးမားက်ယ္ျပန္႔တဲ့ Sunroof လည္း ပါဝင္ပါတယ္။ ေနာက္ျပီး ေရွ႕ခန္းေရာ၊ ေနာက္ခန္းမွာပါ ဇုန္အလုိက္ အပူ၊အေအးခဲြျခားျဖန္႕က်က္ႏိုင္တဲ့ Mercedesရဲ႕မူပုိင္thermotronic အဲကြန္း စနစ္ပါဝင္ပါေသးတယ္။ Entertainment အေနနဲ႕ကေတာ့ Burmester surround sound system ကုိအသုံးျပဳထားျပီး ဒီစနစ္က Mercedes ရဲ႕မူပုိင္နည္းပညာျဖစ္တဲ့ pre safe ကုိသုံးထားလုိ႔ အသံက်ယ္ ေလာင္မွဳေၾကာင့္ နားစည္ထိခုိက္မွဳမရွိေအာင္ကာကြယ္ေပးထားပါတယ္။

– စြမ္းေဆာင္ရည္

ဒီကားက 2.0L Petrol 4 cylinders in-line engine ကုိသုံးထားျပီး အျမင့္ဆုံးစြမ္းရည္က rpm 5500 မွာ ျမင္းေကာင္ေရ 184 hp ထြက္ရွိမွာျဖစ္သလုိ အျမင့္ဆုံး အင္ဂ်င္လည္ပတ္ႏုိင္အားကေတာ့ 260km/ hr ျဖစ္ပါတယ္။ ျပီးေတာ့ 0 to 100 km ကုိ ၇.၇စကၠန္႕နဲ႕ေရာက္ေအာင္ေမာင္းႏွင္ႏိုင္မွာျဖစ္ျပီး အျမန္ဆုုံးေမာင္းႏွင္ႏုိင္မွဳကေတာ့ ၁နာရီကုိ ၂၄၀ ကီလုိပဲျဖစ္ပါတယ္။ ဆီစားႏွဳန္းကေတာ့ ျမိဳ႕တြင္းကုိ ပွ်မ္းမွ် ကီလုိမီတာ ၁၀၀ ကုိ 5.9 လီတာျဖစ္ျပီး ျမိဳ႕ျပင္ကေတာ့ 6.3 လီတာျဖစ္ပါတယ္။ Transmission စနစ္ကေတာ့ 9G-Tronic Auto ကုိသုံးထားလုိ႕ ဂီယာခ်က္ ၉ ခ်က္က အလြန္ေကာင္းမြန္စြာေျပာင္းလဲေပးႏုိင္ပါတယ္။ ျပီးေတာ့ ေသးငယ္တဲ့ဂီယာ Ratio ေတြနဲ႕ျပဳလုပ္ထားလုိ႔လည္း ျမန္ျမန္ဆန္ဆန္ဂီယာခ်ိန္းႏုိင္ျပီး စြမ္းအင္ထြက္ ရွိမွဳကုိ ပုိမုိရရွိႏုိင္မွာျဖစ္ပါတယ္။ 4 cylinders in-line engine ကလည္း Direct injection စနစ္ျဖစ္ျပီး Turbo စနစ္လည္းပါဝင္ပါတယ္။ အင္ဂ်င္အေလးခ်ိန္ကုိေလွ်ာ့ထားျခင္း၊ အတြင္းမွာပြတ္တုိက္မွဳေလ်ာ့နည္းျခင္းေတြ ေၾကာင့္ ဆီစားႏွဳန္းသက္သာမွဳ ၊ ကာဗြန္ဒုိင္ေအာက္ဆုိက္ဒ္ထြက္ရွိတာနည္းပါးမွဳစတဲ့အက်ိဳးေက်းဇူးေတြကုိ ရရွိ ႏုိင္မွာျဖစ္ပါတယ္။

– လုံျခံဳေရး

နည္းပညာေကာင္းမြန္တဲ့ Mercedes ထုတ္ကုန္ျဖစ္လုိ႔ Safety ပုိင္းကလည္းေျပာစရာမရွိေအာင္ကုိ ျပည့္စုံလွ ပါေသးတယ္။ ပထမဆုံးေျပာခ်င္တာက The New E Class မွာပဲစတင္အသုံးျပဳခဲ့တဲ့ Air Body Control စနစ္ျဖစ္ပါတယ္။ဒီစနစ္က ကားေမာင္းႏွင္ရာမွာအထူးသက္ေတာင့္သက္သာရွိဖုိ႕အတြက္ Suspension စနစ္က အလုိအေလ်ာက္ထိန္းညွိလုပ္ေဆာင္ေပးတာပဲျဖစ္ပါတယ္။ အေကြ႔ေတြ၊ဘရိတ္နင္းတဲ့အခါေတြမွာ ယိုင္သြား တာမ်ိဳး၊ ေနာက္ျပီး တမ္းေမွာက္မွဳမရွိရေအာင္ ကူညီေပးႏုိင္ပါတယ္။ အဲဒီSuspension လုိအပ္လာရင္ ေျမျပင္နဲ႕ ကားေအာက္ပုိင္း ကင္းလြတ္မွဳကုိ 50 မီလီမီတာအထိျမွင့္ေပးႏုိင္သလုိ အျမန္ႏွဳန္းနဲ႕ေမာင္းႏွင္ခဲ့မယ္ဆုိရင္ လည္း အလုိအေလ်ာက္နိမ့္ေပးသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေလတုိးအားကုိခံႏုိင္ရည္ပုိရွိျပီး လက္ကုိင္ပုိင္း ကုိတည္ျငိမ္မွဳပုိရွိေစမွာျဖစ္ပါတယ္။ ဒီစနစ္ကေတာ့ Package အေနနဲ႕မွာယူရမွာျဖစ္ပါတယ္။ေနာက္ျပီး Adaptive Brake Control system, 360 degree Camera, ယာဥ္ေမာင္းဒူးေဘးမွာ ေလအိတ္ ပါဝင္ျခင္း၊လုံျခဳံေရးစနစ္မ်ားပါဝင္တဲ့ေမာင္းႏွင္မွဳစနစ္၊Cruise Control ၊ Eco Start/stop ၊ Keyless Go Package system ေတြပါဝင္လုိ႔ လုံျခဳံမွဳရွိစြာနဲ႕ကားကုိေမာင္းႏွင္ႏုိင္မွာျဖစ္ပါတယ္။

-ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

Mercedes ကေတာ့ထူးျခားတဲ့နည္းပညာ၊စြမ္းရည္နဲ႔ အကာင္းဆုံးဆုိတဲ့အရာေတြကုိ ခ်ျပဖုိ႔အျမဲၾကိဳးစားေနတဲ့ ထုတ္လုပ္သူေတြပါ။ႏွစ္ေပါင္းမ်ားစြာ Luxury ကားေတြကုိထုတ္လုပ္ခဲ့တဲ့အေတြ႕အၾကဳံေတြေၾကာင့္ အခု The New Mercedes-Benz E Class ကလည္း နည္းပညာ၊လုံျခဳံမွဳ၊ဇိမ္ရွိစတဲ့ လကၡဏာေတြနဲ႕ျပည့္ စုံတဲ့ကားေကာင္းတစ္စီးျဖစ္ပါတယ္။ ေစ်းကေတာ့ USD 155,000 ျဖစ္ျပီး ျမန္မာျပည္တစ္ဦးတည္းကုိယ္စား လွယ္ Cycle & Carriage Automobile Myanmar မွာသြားေရာက္ေလ့လာဝယ္ယူႏုိင္ပါတယ္။

Specification

Engine Type –4 cylinders in-line engine

Engine Power-2.0L/1991 cc

Fuel –Petrol

Rated Output(hp/rpm)-184/5500

Transmission-9G-TRONIC

Fuel Consumption(L/100km)- 6.3 – 5.9 Lit

Acceleration 0-100 km/h-7.7sec

Seat- 5