Mercedes-Benz ၏ e Sprinter အား ယခုနှစ် December 12 မှစတင်ကာ ဂျာမနီနိုင်ငံ၊ Dusseldorf စက်ရုံတွင် စတင်ထုတ်လုပ်ခဲ့ပြီး ပုံမှန်အင်ဂျင်သုံး All-New Sprinter အား 2018 တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ e Sprinter ကို 2019 တွင် ထုတ်လုပ်ရန် စီစဉ်ခဲ့ပြီး New Sprinter Lineup အနေဖြင့် စီစဉ်ထုတ်လုပ် တပ်ဆင်မည်ဖြစ်ကာ (USD 367 million) ခန့် ရင်းနှီးမြုပ်နှံထားပါသည်။ အဆိုပါစက်ရုံတွင် Electric Van အပြင် Gas ၊ Diesel Version တို့ကိုလည်း အတူတကွ ထုတ်လုပ်ပါသည်။ e Sprinter သည် High-roof Panel Van ဖြစ်ပြီး ရှေ့ဘီးယက်စနစ် ပါဝင်ကာ (114 hp output)ထွက်ရှိသည့် (55 kwh Battery Capacity) ပါရှိပါသည်။ Battery ပုံစံ (၂)မျိုးကို ရွေးချယ် မှာယူနိုင်ပြီး လျှပ်စစ်သီးသန့်ဖြင့် (၁၀၄ မိုင်) ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း၏ Maximum Payload သည် (1664 lbs) ဖြစ်ပါသည်။ ၎င်းတွင် ဘတ္ထရီ (၃)ခုပါရှိသည့် Unit ကို Option အနေဖြင့် ထည့်သွင်းထားပြီး (35 kwh Capacity) ပါရှိပါမည်ဖြစ်ပြီး အဆိုပါ Version တွင် ဝန်ပို၍ တင်ဆောင်နိုင်ပြီး (2293 lbs ) Payload ရရှိမည်ဖြစ်သည်။ e Sprinter Model တွင် မိနစ် (၃၀)ခန့် အားသွင်းရုံဖြင့် 80 % အထိဘတ္ထရီအားပြည့်မည်ဖြစ်သည်။ Dusseldorf စက်ရုံမှ Carbon Dioxide-natural Von အား 2022 တွင် ထုတ်လုပ်ရန် လျာထားကြောင်း Mercedes မှ ဆိုထားပါသည်။
Zawgyi Version……
Mercedes-Benz ၏ e Sprinter အားစတင်ထုတ်လုပ်ခြင်း