2019 Frankfurt ကားပြပွဲတွင် Final Edition အနေဖြင့် ပြသခဲ့သည့် Mercedes-Benz Vision EQS Concept အား အမေရိကန် ၊ Los Angeles အနီးတွင် စမ်းသပ်မောင်းနှင်ခဲ့ပါသည်။ Production အနေဖြင့် ထုတ်လုပ်ဖွယ်ရှိသည့် Model ဖြစ်ပြီး EQ Sub-brand အနေဖြင့် ထုတ်လုပ်ပါမည်။ စမ်းသပ်မှု၌ EQS အား အသစ်ထွက်ရှိမည့် Mercedes S – Class နှင့်အတူတကွ စမ်းသပ်မောင်းနှင်ခဲ့ပါသည်။စမ်းသပ်မောင်းနှင်ရာ တွင် (အဖုံးအကွယ်)ဖြင့်သာ မောင်းနှင်ခဲ့ပါသည်။ EQC Model ကိုမူ USA ၌ 2021 တွင် စတင်ရောင်းချမည်ဖြစ်ပြီး Concept ၏ ပါဝင်မှုအချို့ကို ထည့်သွင်းထားမည်ဖြစ်သည်။ EQS Concept တွင် (100-kwh Battery Pack)နှင့် လျှပ်စစ်မော်တာ (၁)စုံကို တွဲဖက်ပါဝင်မည်ဖြစ်ပြီး WLTP Cycle အရ (435 Miles) အထိအသုံးပြုနိုင်မည်ဖြစ်သည်။ Mercedes-Benz အနေဖြင့် EQS အား တောင်အာဖိရိကရှိ အပူပိုင်းဒေသ ၊ Sweden ရှိ အေးခဲသည့် ဒေသနှင့် California ရှိ ယဉ်ကျောရှုပ်ထွေးသည့်နေရာများတွင် ဆက်လက် စမ်းသပ်ရန် စီစဉ်ထား ပါသည်။
 
Zawgyi Version…..
Mercedes-Benz သည် Electric EQS Sean အား LA တွင်စမ်းသပ်မောင်းနှင်ခြင်း
 