Unicode version…

(Mercedes – Benz)သည် ၄င်း၏ကာလအရှည်ဆုံးနှင့် အကျော်ကြားဆုံး (Model)ဖြစ်သည့် (G – Class SUV)၏ ( G 500 4 x 42)အမျိုးအစားအားအမှာစာများကိုယခုနှစ် (October)အကုန် တွင်နောက်ဆုံးလက်ခံမည်ဖြစ်ပြီးထုတ်လုပ်မှုအားရပ်ဆိုင်းမည်ဟုမကြာမီကကြေငြာခဲ့ပါသည်။နောက်ဆုံးဖန်တီးမှုအဖြစ် (500 4 x 4 Squared Model)အားထုတ်လုပ်မည်ဖြစ်ပြီးအဆိုပါကားအား (US$ 275000) မှစတင်ရောင်းချမည်ဖြစ်ပါသည်။အဆိုပါ(Model)အား (2015 Geneva Motor Show)တွင် ပထမဆုံးမိတ်ဆက်ပြသခဲ့သည့် ကားဖြစ်ပြီး (G 63 AMG 6 x 6 Model)ထက်ပို၍ အလျားတိုကာလှပမှုရှိပြီး ၄င်းတွင် (G Wagon) များတွင် ပါလေ့ရှိသည့် တတိယမြောက်ဝင်ရိုး မပါရှိပါ။ ထို့အပြင် ပုံမှန် (G Wagon) များ၏ (Ground Clearance)ထက် (၇.၉ လက်မ) မြှင့်တင်ထား၍ ၄င်း၏ (Ground Clearance)သည် (၁၇.၂ လက်မ) ဖြစ်ပါသည်။အလားတူရေအနက်ဖြတ်သန်းနိုင် မှုအား (၃)ပေခန့အထိသွားလာနိုင်ရန်ထူးခြားစွာဖန်တီးထားပါသည်။ ၄င်း၏ အောက်ပိုင်းဆိုင်ထိန်းစနစ်များကိုလည်းအဆင့်မြှင့်တင်ပြုလုပ်ထားမည်ဖြစ်ပြီး (ရှော့ဘားအနိမ့်/အမြင့်)နှင့် အနေအထားပြောင်းလဲမှုများအား (၃၀ ဒီဂရီ) မှ (၅၁.၆ ဒီဂရီ)နှင့် (၄၇.၄ ဒီဂရီ) များအထိအသီးသီးလှုပ်ရှားမှုများဖန်တီးထားနိုင်မည်ဖြစ်ပါသည်။

(G 500 4 x 4Squared)တွင် အင်ဂျင်အနေဖြင့် စွမ်းဆောင်ရည်အထူးမြင့်မားသည့် (4.0 L Twin – turbocharged V8 Engine) (422 hp) အင်ဂျင်စနစ်အားတပ်ဆင်ထားပါမည်။ ထို့အပြင် (G Wagon)ကားများတွင်သာ ရရှိနိုင်မည့် (Lifetime Grantee) အားယခု (G 500 4 x 4Squared) တွင်ထည့်သွင်းထားပါမည်။ အခြားသောပါ၀င်မှုများ/ နည်းပညာသုံးပစ္စည်းများအနေဖြင့် ယခင်ကအပိုဆောင်းမှာယူရမည့် ပါ၀င်မှုအချို့အားယခုကားတွင် (Standard) အနေဖြင့် ထည့်သွင်းထားမည်ဖြစ်၍ ၀ယ်ယူသည့်တန်ဖိုးနှင့် ထိုက်တန်သည့်အရည်အသွေးအားပေးစွမ်းနိုင်မည်မှာအသေအချာပင်ဖြစ်ပါသည်။

Zawgyi version…

