Zawgyi  version…
အပြင်ဘက်
အတွင်းခန်း
လုံခြုံရေးစနစ်
Specs..
Engine Power – 1595 CC
Rated output – 156hp
Wheelbase (mm) – 2699
Unicode version… မြန်မာပြည်စျေးကွက်ကိုရောက်ရှိလာတော့မည့် Mercedes-Benz GLA 18  
Luxury compact crossover ကို 2013 ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာပါ။ အခုမိတ်ဆက် ပေးမယ့် ကားကတော့ လူ ၅ ယောက်စီးနင်းနိုင်မယ့် 2017 model GLA 180 ပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းက BMW X1,Audi Q3 တို့လိုဖြစ်ပြီး Sport style ချိုးဆစ်ထားတဲ့ ကားပုံစံ၊များပြားတဲ့ Safety feature တွေအပြင် ဇိမ်ခံပစ္စည်းတွေပါဝင်တဲ့ တန်ကြေးသင့် မော်ဒယ်တစ်မျိုးဖြစ်ပါတယ်။ အင်ဂျင်ပါဝါက 1595 CC ကိုသုံးထားပြီး မြင်းကောင်ရေ 156 hp ထွက်ရှိပါတယ်။ ပါဝါက 109 PS (80 kW; 108 hp)@4000 ထွက်ရှိပြီး Torque က 260 N·m (192 lbf·ft) @1750-2500 ဖြစ်ပါတယ်။ Transmission က 7G-DCT dual clutch automatic ဖြစ်ပြီး ဓါတ်ဆီသုံး ကားတစ်စီးဖြစ်ပါတယ်။
အပြင်ဘက်
အပြင်ဘက်ပါဝင်မှုတွေကို ကြည့်မယ်ဆိုရင် AMG line ကိုအခြေခံထားတဲ့ Body style ၊ သပ်ရပ်လှပပြီး ဝင့်ကြွားမှုကို ပြသတဲ့ ရှေ့ရှဲနဲ့နောက် ဘန်ပါ၊ အဆင့်မြင့် နည်းပညာသုံး LED headlights နဲ့AMG ရဲ့carbon fiber သုံး အပြင်ဘက်မှန်များ၊ ၁၉လက်မ AMG 5 spoke light-alloy wheelများ၊ အဆင့်မြင့် aluminium roof trails ၊ သက်သောင့်သက်သာ ဖြစ်စေတဲ့ Suspension စနစ်၊အလိုအလျောက်အဖွင့် အပိတ်လုပ်နိုင်တဲ့ Panoramic sunfoof၊ ပြင်ပအပူဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့အတွက် အသုံးပြုထားတဲ့မှန်များ ပါဝင်သလို Night package လည်းပါဝင်ပါသေးတယ်။
အတွင်းခန်း
အတွင်းခန်းမှာတော့ Drive နဲ့Passenger ထိုင်ခုံတွေက electrically နဲ့လိုသလို ချိန်ညှိနိုင်တဲ့အပြင် memory နဲ့လည်းမှတ်သားထားနိုင်ပါတယ်။ နောက်ပြီးတော့ လုံလောက်တဲ့ပစ္စည်းထည့်စရာနေရာများ၊ Function မျိုးစုံပါဝင်တဲ့ Sport စတိုင် လည်သာစတီယာရင်၊ မီးလောင်မှုဖြစ်ပွားပါက ငြိှမ်းသတ်ပေးနိုင်တဲ့စနစ်၊ ကားအတွင်းအပူချိန်ကို အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့ စနစ်၊ Harman Kardon *Logic 7* ပတ်လည် အသံစနစ်၊ Keyless စနစ်၊ 6 disc charger ပါဝင်တဲ့ audio system၊ လည်သာအပြည့်သုံးထားတဲ့ Dashboard၊ ရှေ့Passenger ခုံအောက်က ပစ္စည်းထားစရာ box ၊ နည်းလမ်း ၄ မျိုးနဲ့ခါးကို အထောက်အပံ့ ပေးတဲ့ထိုင်ခုံစနစ်၊ အလွန်ကောင်းတဲ့ ဖုန်းပြောနိုင်တဲ့စနစ်၊ Eco start/stop function ၊ ရှေ့/နောက်ထိုင်ခုံ လက်တင်ခုံများအပြင် ပိုမိုကောင်းမွန်တဲ့ seat comfort package လည်းပါဝင်ပါတယ်။ နောက်ပြီး အလွန်ကို ကောင်းမွန်တဲ့ ခေါင်းမီခုံနဲ့ခြေထောက်ထားစရာနေရာတွေလည်း ပါဝင်ပါသေးတယ်။
2017, Mercedes-AMG GLA, X156, Facelift
2017, Mercedes-AMG GLA, X156, Facelift
2017, Mercedes-AMG GLA, X156, Facelift
2017, Mercedes-AMG GLA, X156, Facelift
2017, Mercedes-AMG GLA, X156, Facelift
လုံခြုံရေးစနစ်
Mercedes-Benz GLA 180 မှာလုံခြုံရေးအဖြစ် ဘက်ကင်မရာ၊Active parking assist ၊ လေအိတ်ပါ ဝင်မှုအနေနဲ့window airbags၊ knee airbags များ၊တာယာလေပေါင်အခြေအနေကို ဖော်ပြပေးတဲ့စနစ်၊ Attention assist၊Adaptive beam assist၊ အလိုအလျောက်မီးအလင်းပေးစနစ်၊ Cruise control ၊ Adaptive brake lights၊ အာရုံခံစနစ်ပါဝင်ပြီး အလိုအလျောက်ပြုလုပ်ပေးနိုင်တဲ့ Wiper စနစ်၊နေရောင်ကို ကာကွယ်ပေးနိုင်သော ဝင့်ထည်တဲ့ မှန်များပါဝင်သလို Light and sight Package လည်းပါဝင်ပါတယ်။ ဒီလိုကောင်းမွန်မှုတွေနဲ့ပြည့်နှက်နေတဲ့ 2017 Mercedes-Benz GLA 180 ဟာမကြာခင်မြန်မာနိုင်ငံအတွင်းကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီကားကိုတော့ မြန်မာနိုင်ငံရဲ့တရားဝင်ဖြန့်ဖြူးရောင်းချခွင့်ရ Showroom ဖြစ်တဲ့ Automobile Alliance No 51,Pyay Road,71/2 miles,Mayangone Tsp,Yangon.Ph; 01 666712 မှာစုံစမ်းမေးမြန်းနိုင်ပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။
Specs..
Engine Power – 1595 CC
Rated output – 156hp
Acceleration 0-100 km/h(s) – 200
Wheelbase (mm) – 2699
Maximum engine speed (1/min) – 8.9
Fuel consumption,combined (max)-(1/100)km-7.4