Unicode version…

Mercedes – Benz သည် ၄င်း၏ကားများတွင် ထည့်သွင်းသည့် (V6 Engine) အမျိုးအစားများ ကိုယ်စား (Inline-6 Engine) အမျိုးအစားများကို ပြောင်းလဲတပ်ဆင်မည်ဟုပြောကြားခဲ့ပါသည်။ Mercedes-Benz သည် Inline – 6 အင်ဂျင်များနှင့် ရင်းနှီးခဲ့ကြောင်း Benz ကို အမြဲမပြတ် စိတ်ဝင်စား သည့် ကားချစ်သူများသိရှိ အမှတ်ရလိမ့်မည်ဟုဆိုထားသည်။

Mercedes – Benz ၏ (Inline – 6 Engine) အမျိုးအစားဖြစ်သည့် (M 256 Inline – 6) အား (2016)ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဥရောပဒေသစျေးကွက်နိုင်ငံများသို့ တင်ပို့ခဲ့သည်။ ၎င်းအင်ဂျင်ကို (New CLS 450) တွင်ထည့်သွင်းခဲ့ဖူးသည်။ အဆိုပါအင်ဂျင်တွင် (362 hp) ၊ (369 lb-ft of torque) စွမ်းဆောင်ရည်ပါရှိပါသည်။ ထိုအချိန်နှင့် တပြိုင်တည်းအနေဖြင့် (Mercedes – AMG CLS 53 / ES 3 ) ကားများတွင်လည်း (New 3.0 L I 6 Engine)၊ (429 hp)၊ (384 lb-ft of torque) အင်ဂျင်ကို ထည့်သွင်း ခဲ့ပါသည်။

V6 Engine မှ I6 Engine သို့ ပြောင်းလဲဖန်တီးရသည့် အဓိကအကြောင်းမှာ – I 6 Engine များထုတ်လုပ်တပ်ဆင်မည့် Assembly တွင် Inline – 4 Engine များကိုလည်း တပ်ဆင်နိုင်၍ဖြစ်ပါသည်။ အခြားတစ်ချက်မှာ V-6 Engine Block ပုံစံများထုတ်လုပ်တည်ဆောက်မှုသည် များစွာ စားရိတ်ကြီးမြင့်၍ ဖြစ်ပါသည်။ ထို့အတူ (V 8 Engine / V 12 Engine) များ၏ လူကြိုက်များမှုသည် လာမည့်နှစ်များတွင် လျော့နည်းသွားမည်ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။

နောက်ဆုံးအနေဖြင့် Benz သည် ယခုကဲ့သို့ Inline 6 အင်ဂျင်များအား ပြောင်းလဲထုတ်လုပ်ခြင်း ဖြင့် ၄င်း၏ ကားငယ်များဖြစ်ကြသည့် C-Class / CLA – Class / GLC – Class ကားများ၏ အင်ဂျင်များတွင် Output ကို ပို၍ ရရှိစေမည်ဖြစ်ပြီး ဆီစားသက်သာပြီး စွမ်းဆောင်ရည်လည်း ပိုမိုလာမည်ဖြစ်ပါသည်။

Generated by pixel @ 2018-01-06T22:52:18.687731

Zawgyi version…

Mercedes – Benz သည္ ၄င္း၏ကားမ်ားတြင္ ထည့္သြင္းသည့္ (V6 Engine) အမ်ိဳးအစားမ်ား ကိုယ္စား (Inline-6 Engine) အမ်ိဳးအစားမ်ားကို ေျပာင္းလဲတပ္ဆင္မည္ဟုေျပာၾကားခဲ့ပါသည္။ Mercedes-Benz သည္ Inline – 6 အင္ဂ်င္မ်ားႏွင့္ ရင္းႏွီးခဲ့ေၾကာင္း Benz ကို အၿမဲမျပတ္ စိတ္၀င္စား သည့္ ကားခ်စ္သူမ်ားသိ႐ွိ အမွတ္ရလိမ့္မည္ဟုဆုိထားသည္။

Mercedes – Benz ၏ (Inline – 6 Engine) အမ်ိဳးအစားျဖစ္သည့္ (M 256 Inline – 6) အား (2016)ခုႏွစ္တြင္ စတင္မိတ္ဆက္ခဲ့ၿပီး ဥေရာပေဒသေစ်းကြက္ႏိုင္ငံမ်ားသို႕ တင္ပို႕ခဲ့သည္။ ၎အင္ဂ်င္ကုိ (New CLS 450) တြင္ထည့္သြင္းခဲ့ဖူးသည္။ အဆုိပါအင္ဂ်င္တြင္ (362 hp) ၊ (369 lb-ft of torque) စြမ္းေဆာင္ရည္ပါ႐ွိပါသည္။ ထိုအခ်ိန္ႏွင့္ တၿပိဳင္တည္းအေနျဖင့္ (Mercedes – AMG CLS 53 / ES 3 ) ကားမ်ားတြင္လည္း (New 3.0 L I 6 Engine)၊ (429 hp)၊ (384 lb-ft of torque) အင္ဂ်င္ကို ထည့္သြင္း ခဲ့ပါသည္။

V6 Engine မွ I6 Engine သို႕ ေျပာင္းလဲဖန္တီးရသည့္ အဓိကအေၾကာင္းမွာ – I 6 Engine မ်ားထုတ္လုပ္တပ္ဆင္မည့္ Assembly တြင္ Inline – 4 Engine မ်ားကိုလည္း တပ္ဆင္ႏိုင္၍ျဖစ္ပါသည္။ အျခားတစ္ခ်က္မွာ V-6 Engine Block ပံုစံမ်ားထုတ္လုပ္တည္ေဆာက္မႈသည္ မ်ားစြာ စားရိတ္ႀကီးျမင့္၍ ျဖစ္ပါသည္။ ထို႕အတူ (V 8 Engine / V 12 Engine) မ်ား၏ လူႀကိဳက္မ်ားမႈသည္ လာမည့္ႏွစ္မ်ားတြင္ ေလ်ာ့နည္းသြားမည္ျဖစ္သည္ဟု ခန္႕မွန္းထားၾကသည္။

ေနာက္ဆံုးအေနျဖင့္ Benz သည္ ယခုကဲ့သို႕ Inline 6 အင္ဂ်င္မ်ားအား ေျပာင္းလဲထုတ္လုပ္ျခင္း ျဖင့္ ၄င္း၏ ကားငယ္မ်ားျဖစ္ၾကသည့္ C-Class / CLA – Class / GLC – Class ကားမ်ား၏ အင္ဂ်င္မ်ားတြင္ Output ကို ပို၍ ရ႐ွိေစမည္ျဖစ္ၿပီး ဆီစားသက္သာၿပီး စြမ္းေဆာင္ရည္လည္း ပိုမိုလာမည္ျဖစ္ပါသည္။