Unicode version…

ဇိမ်ခံအမျိုးအစားဆီဒင်ကား Mercedes-Benz S 450L ကို Mercedes Myanmar မှ ပြီးခဲ့သည့်ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါကားမှာ V6 အင်ဂျင်သုံးကားဖြစ်ပြီး ပါဝါ 2996 CC ထွက်ရှိ မည်ဖြစ်ကာ စွမ်းအင်ထွက်ရှိမှုက rpm 5500-6100 မှာမြင်းကောင်ရေ 367 hp ရှိပြီး ရုန််းအားက rpm 1600-4000 မှာ 500 Nmရှိပါသည်။ ထို့အပြင် အမြင့်ဆုံးအရှိန်နှုန်းအဖြစ် 0-100 km ကို 4.8 စက္ကန့်နှင့်သွားနိုင်ပြီး Top Speed အဖြစ် ၁ နာရီကို ၂၅၀ ကီလိုအထိရောက်နိုင်သည်။ S Class တွင်ပါဝင်မှုအသစ်များအဖြစ် MultiBeam LED headlamps , New Crystal-look rear lamps, Gearshift paddles ပါအဆင့်မြင့်Touch စနစ်သုံးလည်သာစတီယာရင်၊ အတွင်းခန်းသုံး All-LED မီးတွေက အရောင် ၆၄ မျိုးအထိပြောင်းလဲနိုင်ခြင်း၊ 31.2 cm High Resolution Media Display တို့အပြင် ပါကင်အတွက် 360 Camera , Active parking assist with PARKTRONIC, Active Blind Spot Assist,Active Lane Keeping Assist,Cross Traffic Assist,Cruise Control, လေအိတ် ၈ လုံး၊ Apple Car Play ကဲ့သို့သောနည်းပညာများသုံးစွဲထားပါသည်။ All new luxury sedan ကားဖြစ်သည့် Mercedes-Benz S 450L မှာနည်းပညာအသစ်ပါဝင်မှုများသာမကဘဲ မောင်းနှင်ရလွယ်ကူကောင်းမွန်စေရန်အတွက် Driving Dynamics ပိုင်းကိုလည်းနည်းပညာအသစ်များ ထည့်သွင်းပေးထားပါသည်။ အဆိုပါကားစျေးမှာခန့်မှန်းခြေ USD 380000 ရှိကြောင်းလည်းသိရသည်။

Zawgyi version…

ဇိမ္ခံအမ်ိဳးအစားဆီဒင္ကား Mercedes-Benz S 450L ကုိ Mercedes Myanmar မွ ျပီးခဲ့သည့္ဇန္နဝါရီလ ၃၁ ရက္ေန႔က စတင္မိတ္ဆက္ခဲ့သည္။ အဆုိပါကားမွာ V6 အင္ဂ်င္သုံးကားျဖစ္ျပီး ပါဝါ 2996 CC ထြက္ရွိ မည္ျဖစ္ကာ စြမ္းအင္ထြက္ရွိမွဳက rpm 5500-6100 မွာျမင္းေကာင္ေရ 367 hp ရွိျပီး ရုန္္းအားက rpm 1600-4000 မွာ 500 Nmရွိပါသည္။ ထုိ႔အျပင္ အျမင့္ဆုံးအရွိန္ႏွဳန္းအျဖစ္ 0-100 km ကုိ 4.8 စကၠန္႔ႏွင့္သြားႏုိင္ျပီး Top Speed အျဖစ္ ၁ နာရီကုိ ၂၅၀ ကီလုိအထိေရာက္ႏုိင္သည္။ S Class တြင္ပါဝင္မွဳအသစ္မ်ားအျဖစ္ MultiBeam LED headlamps , New Crystal-look rear lamps, Gearshift paddles ပါအဆင့္ျမင့္Touch စနစ္သုံးလည္သာစတီယာရင္၊ အတြင္းခန္းသုံး All-LED မီးေတြက အေရာင္ ၆၄ မ်ိဳးအထိေျပာင္းလဲႏုိင္ျခင္း၊ 31.2 cm High Resolution Media Display တုိ႔အျပင္ ပါကင္အတြက္ 360 Camera , Active parking assist with PARKTRONIC, Active Blind Spot Assist,Active Lane Keeping Assist,Cross Traffic Assist,Cruise Control, ေလအိတ္ ၈ လုံး၊ Apple Car Play က့ဲသုိ႕ေသာနည္းပညာမ်ားသုံးစြဲထားပါသည္။ All new luxury sedan ကားျဖစ္သည့္ Mercedes-Benz S 450L မွာနည္းပညာအသစ္ပါဝင္မွဳမ်ားသာမကဘဲ ေမာင္းႏွင္ရလြယ္ကူေကာင္းမြန္ေစရန္အတြက္ Driving Dynamics ပုိင္းကုိလည္းနည္းပညာအသစ္မ်ား ထည့္သြင္းေပးထားပါသည္။ အဆုိပါကားေစ်းမွာခန္႔မွန္းေျခ USD 380000 ရွိေၾကာင္းလည္းသိရသည္။