နာမည်ကျော် AVATR ရုပ်ရှင်၏ သင်္ကေတအားခံစားနိုင်ရန်အတွက် Mercedes – Benz မှ Vision AVTR Advanced Vehicle Transformation အား မိတ်ဆက်ပြသလိုက်ပါသည်။ ၎င်းသည် ခေတ်လွန်သိပ္ပံရုပ်ရှင်များ၏ ဆန်းသစ်သည့် ယာဉ်များ၏ ပုံစံနှင့် များစွာတူညီပြီး Ambient Lighting များသည်ကားပတ်လည်တွင် တောက်ပစွာ လင်းထိန်းနေမည်ဖြစ်သည်။ အတွင်းခန်းတွင် သင့်အား မှင်သက်သွားစေမည်ဖြစ်သည်။ အတွင်းခန်း Lighting ၏ ဆွဲမက်ဖွယ် အလင်းစနစ်နှင့် အတူ အလွန်ထူးခြားသည့် Project Image များကို ပုံဖေါ်ပေးသည့် အခင်းအကျင်းသည် Vision AVTR ၏ ပြယုဂ်ယု ဆိုရပါမည်။ ခရမ်းရောင်ရင့်ရင့်ရောင်ဖြာများဖြင့် လွှမ်းခြုံထားသည့် အတွင်းခန်းတွင် Rattan ခြေနင်းကြမ်းခင်းနှင့် Vegan Leatherette တို့လည်း ခင်းကျင်းထားမည်ဖြစ်သည်။ Interface သည် လုံး၀ အသစ်ဆန်းဖြစ်ကာ Center Console ရှိ Control Stick ထိန်းချုပ်မှုဖြင့် ကားမောင်းခြင်းကို ပေါ့ပါးစွာပြုလုပ်နိုင်သည့်စနစ်ဖြစ်ကာ Automats Mode ကိုလည်း ဖန်တီးနိုင်ပါသည်။ အပြည့်အဝထိန်းချုပ်မှုအား ယာဉ်မောင်းမှ ဆောင်ရွက်ရမည်ဖြစ်ပါမည်။ ၎င်းတွင် 110 Kwh Battery ပါဝင်ပြီးလျှပ်စစ်သီးသန့် 435 mph ခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ( ၁၅ ) မိနစ်အတွင်း အားဖြည့်သွင်း နိုင်ပါမည်။ Battery ၏ Power ကို ဘီးများတွင် တပ်ဆင်ထားသည့် လျှပ်စစ်မော်တာများမှ လည်း ရရှိနိုင်မည်ဖြစ်ကာ အထူးအဆင့်မြင့် နည်းပညာသုံး 4 Wheel Steering ကိုလည်း ထည့်သွင်းထားပါမည်။

Zawgyi Version…..Zawgyi Version…..
နာမည္ေက်ာ္ AVATAR ကို မွွီၿငမ္းဖန္တီးသည့္ Mercedes – Benz Vision AVTR

နာမည္ေက်ာ္ AVATR ရုပ္ရွင္၏ သေကၤတအားခံစားႏိုင္ရန္အတြက္ Mercedes – Benz မွ Vision AVTR Advanced Vehicle Transformation အား မိတ္ဆက္ျပသလိုက္ပါသည္။ ၎သည္ ေခတ္လြန္သိပၸံရုပ္ရွင္မ်ား၏ ဆန္းသစ္သည့္ ယာဥ္မ်ား၏ ပုံစံႏွင့္ မ်ားစြာတူညီၿပီး Ambient Lighting မ်ားသည္ကားပတ္လည္တြင္ ေတာက္ပစြာ လင္းထိန္းေနမည္ျဖစ္သည္။ အတြင္းခန္းတြင္ သင့္အား မွင္သက္သြားေစမည္ျဖစ္သည္။ အတြင္းခန္း Lighting ၏ ဆြဲမက္ဖြယ္ အလင္းစနစ္ႏွင့္ အတူ အလြန္ထူးျခားသည့္ Project Image မ်ားကို ပုံေဖၚေပးသည့္ အခင္းအက်င္းသည္ Vision AVTR ၏ ျပယုဂ္ယု ဆိုရပါမည္။ ခရမ္းေရာင္ရင့္ရင့္ေရာင္ျဖာမ်ားျဖင့္ လႊမ္းၿခံဳထားသည့္ အတြင္းခန္းတြင္ Rattan ေျခနင္းၾကမ္းခင္းႏွင့္ Vegan Leatherette တို႔လည္း ခင္းက်င္းထားမည္ျဖစ္သည္။ Interface သည္ လုံး၀ အသစ္ဆန္းျဖစ္ကာ Center Console ရွိ Control Stick ထိန္းခ်ဳပ္မႈျဖင့္ ကားေမာင္းျခင္းကို ေပါ့ပါးစြာျပဳလုပ္ႏိုင္သည့္စနစ္ျဖစ္ကာ Automats Mode ကိုလည္း ဖန္တီးႏိုင္ပါသည္။ အျပည့္အ၀ထိန္းခ်ဳပ္မႈအား ယာဥ္ေမာင္းမွ ေဆာင္ရြက္ရမည္ျဖစ္ပါမည္။ ၎တြင္ 110 Kwh Battery ပါ၀င္ၿပီးလွ်ပ္စစ္သီးသန္႔ 435 mph ခန္႔ အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ( ၁၅ ) မိနစ္အတြင္း အားျဖည့္သြင္း ႏိုင္ပါမည္။ Battery ၏ Power ကို ဘီးမ်ားတြင္ တပ္ဆင္ထားသည့္ လွ်ပ္စစ္ေမာ္တာမ်ားမွ လည္း ရရွိႏိုင္မည္ျဖစ္ကာ အထူးအဆင့္ျမင့္ နည္းပညာသုံး 4 Wheel Steering ကိုလည္း ထည့္သြင္းထားပါမည္။