Unicode version…

Mercedes-Benz

DRIVE မဂ္ဂဇင်းရဲ့ ပထမဆုံး အမှတ်တံဆိပ်လမ်းညွှန် အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအပတ်ထုတ်မှာတော့ ကားအမှတ်တံဆိပ်တစ်ခုကို ရွေးချယ်ပြီး၊ မြန်မာနိုင်ငံမှာရနိုင်တဲ့ ကားမော်ဒန်တွေနဲ့

အခြေခံဈေးနှုန်းတွေကို အကြမ်းဖျဉ်းတင်ပြသွားမှာပါ။ ခင်ဗျားရဲ့ လိုအင်၊ လိုအပ်ချက်နဲ့ ဘတ်ဂျတ်အရ မှန်ကန်တဲ့ကားကိုရစေဖို့ အကူညီပေးသွားမှာဖြစ်ပါတယ်။

ဒီလတော့ မာစီးဒီး-ဘင့်ဇ်ကားကို ရွေးချယ်ထားပါတယ်။ ၁၈၈၆ခုနှစ်ကတည်းက စထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့အစောဆုံး ကားထုတ်လုပ်သူနဲ့ မိသားစုဇိမ်ခံကားအမှတ်တံဆိပ်ဖြစ် တဲ့ မာစီးဒီး-ဘင့်ဇ်ကိုတော့ အနည်းအကျဉ်း မိတ်ဆက် ပေးဖို့တော့ လိုတာပေါ့ဗျာ။ မာစီးဒီး-ဘင့်ဇ်က ဇိမ်ခံဖို့ အတွက် ထုတ်လုပ်ထားတယ်ဆိုတာ အခြေခံအားဖြင့် သိထားကြပါတယ်။ ခုအချိန်ထိလဲ ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံးကားတွေကို ထုတ်လုပ်နေဆဲပါ။ သူ့ရဲ့ ဆီဒင် ကားတွေဖြစ်တဲ့ မြန်နှုန်းမြင့်စွမ်းဆောင်ရည်ကောင်းတဲ့ AMG အမျိုးအစားတောင်မှ မင်းသားခေါင်းဆောင်းထား တဲ့ ဘီလူးကြီးပါပဲဗျာ။

အောက်ဖော်ပြပါ ကားမော်ဒယ်များအပြင် မူကွဲအမျိုး အစားများလည်း မြောက်မြားစွာရှိပါတယ်။ ထိုအသေး စိတ် အချက်အလက်များအတွက် အမှတ်(၅၁)၊ ပြည် လမ်း၊ ရန်ကုန် (ဖုန်း-ဝ၉ ၂၆၀ ၂၅၉ ၉၉၆) ဒါမှမဟုတ် ၆၆ လမ်းရှိ Sedona Hotel ရှိ အရောင်းဌာနများမှာ စုံစမ်းနိုင်ပါတယ်။ မန္တလေးမြို့အတွက်တော့ ဖုန်း – ဝ၉ ၅၀၅ ရ၀၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

GLA 180 and 180 AMG

ပထမတန်းစားနီးပါးရှိတဲ့ GLA 180 က ကြီးပြီး SUV ပြိုင်ကား အသေးစားနဲ့ အနည်းငယ် ဆင်တူပါတယ်။ မြို့ပြအတွက် သင့်တော်ပြီး၊ သက်သောင့်သက်သာရှိပါတယ်။ လမ်းမပေါ် မဟုတ်တဲ့နေရာမှာ မောင်းရင်တောင် အတော်လေးကောင်းပါတယ်။ AMG ဗားရှင်းက ခင်ဗျား မျှော်လင့်ထားတာထက် စိတ်လှုပ်ရှားမှုတွေပေးပြီး ဈေးနှုန်းကတော့ ဒေါ်လာ ရ၂ဝဝဝ ကစ ပါတယ်။

cla-180-v2

GLC 250 Advantgarde and GLC250 AMG

GLA အမျိုးအစားဝင် ကားကြီးတွေ ကတော့(တတိယတန်းစားအဖြစ် သတ်မှတ် ထားပြီး) MB ကနေ ခင်ဗျား မျှော်လင့်ထား တဲ့ ရွေးချယ်စရာတွေနဲ့ ဇိမ်ကျမှုတွေ ပေးစွမ်း နိုင်ပါတယ်။ အတွင်းပိုင်း နေရာကျယ်ပြီး၊ အင်ဂျင်ကလဲကြီးပါတယ်။ မြို့ပြနဲ့ လမ်းကြမ်း ကြီးတွေအတွက်ဆို အဆင်ပြေပါတယ်။ ဈေး နှုန်းကတော့ ဒေါ်လာ ၁၀၈ဝဝဝ ကစပါတယ်။

glc-1

GL500

Mercedes SUV မော်ဒန်တွေရဲ့ အကောင်းဆုံးသင်္ကေတဖြစ်ပြီး၊ ဆိုက်ပြည့် ပြီး၊ လမ်းမပေါ်မဟုတ်တဲ့နေရာမှာ မောင်းရင် တောင်မှ အလွန်သက်သောင့်သက်သာရှိ လှပါတယ်။ ၃၂၀ မြင်းကောင်ရေရှိတဲ့ အင်ဂျင်နဲ့ မြန်နှုန်းခုနစ်ရှိတဲ့ အလိုအလျောက် အင်ဂျင်လည်အားကို ဘီးတွေဆီကို ယက် အားအဖြစ်ပို့ဆောင်ပေးသော ဂီယာအုံ စက် ပိုင်းကလဲ စွမ်းဆောင်ရည်အလွန်ကောင်း ပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ဝဝဝ ကစပါတယ်။

gl-500

CLA 180

မာစီးဒီး-ဘင့်ဇ်ကားတွေထဲမှာတော့ ပြိုင် ကားနဲ့ အတူဆုံးကားတစ်စီးပါပဲ။ လူငယ်တွေ အကြိုက်တွေ့မယ့် ကားမျိုးပါ။ ပုံသဏ္ဍာန်ကိုက ပြိုင်ကားနဲ့ တူပြီး၊ ဇိမ်ကျနိုင်တဲ့ သားရေတွေနဲ့ ပြုလုပ်ထားလို့ အလွန်သက်သာပြီး၊ ဘေးကင်းတဲ့ အမျိုးစားမျိုးပါ။

ဈေးနှုန်းကတော့ ဒေါ်လာ ၈၉ဝဝဝ ကစ ပါတယ်။

gla180-amg

C200

တတိယတန်းစား MB အဆင့် ဆီဒင်ကား ဖြစ်ပြီး၊ ဒီအမျိုးအစားကားတွေထဲမှာတော့ နှစ်လိုဖွယ်ရှိတဲ့ကားပါပဲ။ ကားအရွယ်စားကြီး လို့ မိသားစုကားလိုပါပဲ။

ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၀ဝဝဝ ကစ ပါတယ်။

c-class-200

CLS400

CLS400 စွမ်းဆောင်ရည်မြင့်တဲ့ ချစ် စဖွယ်ကားပါပဲ။ ဒီကားကို ဒီလထုတ်မှာ သုံး သပ်ဖော်ပြထားပါတယ်။ စတိုင်ကျတဲ့ ဇိမ်ခံ ကားဖြစ်ပြီး၊ မြို့ပြနဲ့ သင့်တော်ပြီး၊ လူကြီး လေးယောက်လောက် ကောင်းကောင်းသက် သောင့်သက်သာ ခရီးထွက်လို့ ရပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၁၀ဝဝဝ ကစ ပါတယ်။

cls-2

E200, E300, E400

တတိယတန်းစား အမျိုးအစားကားတွေ ထက်တော့ ပိုကောင်းပါတယ်။ ဂန္ထဝင်ဆန်တဲ့ တော်ဝင် ဆီဒင်ကားမျိုးဖြစ်ပြီး၊ မောင်းလို့ ကောင်းတဲ့ကားမျိုးပါ။ အလယ်လတ်စားမိသား စု အရွယ်အစားအတွက်တော့ ကောင်းကောင်း အသုံးတယ့်တဲ့ ကားမျိုးပါပဲ။ ခင်ဗျားဝယ်မယ် ဆိုရင်တော့ သင့်တော်တဲ့ ကားမျိုးဖြစ်ပြီး (E200 ကတော့ လူအများစုအတွက် ပိုသင့် တော်ပါတယ်။) အတွင်းခန်းတွေက ကောင်း မွန်ဇိမ်ကျသလို၊ အခြားဟာတွေကလဲ အကောင်းစားတွေပါပဲ။

ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၅çဝဝဝ ကစ ပါတယ်။

e-class

V220CDI and V250

MB အမျိုးအစားတွေထဲမှာတော့ အပြင်ပန်း အားဖြင့် သိပ်မလန်းလှတဲ့ ကားပါပဲ။ ဗင်ကား အမျိုးအစားတွေထဲမှာတော့ ကြီးမားဆွဲဆောင်နိုင်တဲ့ အတွင်းခန်းအပြင်ဆင်ကြောင့် လူတွေကို ဆွဲဆောင် နိုင်ဆုံးကားပါပဲ။ ပစည်းတင်ဖို့အတွက် နေရာလုပ်ပေး တာပဲဖြစ်ဖြစ်၊ လူအပိုထိုင်ပို နေရာပေးတဲ့အခါမှာ ပဲဖြစ်ဖြစ် အဆင်ပြေလှပါတယ်။ နောက်ထိုင်ခုံတွေက သားရေအကောင်းစားတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး၊ မီးပွိုင့်မိနေရင်တောင် ခင်ဗျားအတွက် အကောင်းဆုံး “လှိမ့်နေတဲ့ရုုံးခန်း” အဖြစ် အသုံးတည့်ပါလိမ့်တယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ဝဝဝ ကစ ပါတယ်။

v-class

S500L

ပါဝါအကောင်းဆုံး၊ နေရာအကျယ်ဆုံး၊ ဇိမ်အကျဆုံးပါပဲ။ ထိပ်တန်းပါပဲဗျာ။(S-Class Maybach ကတော့ သရဖူက ရတနာအောက်ကရတနာလို့ ခွဲခြားပြီး သတ်မှတ်ခံထားရတာပါ။) မောင်းတဲ့လူအတွက် မဟုတ်ဘဲ၊ မောင်းချင်တဲ့လူအတွက်ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ပိုင်ရှင်က ဒီကားကို မောင်းဖို့လုပ်လိုက်တာနဲ့ အံ့ဩဖွယ်စွမ်းအားတွေရရှိလာပါလိမ့်မယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၃၃၀ဝဝဝ ကစ ပါတယ်။

s-class

Maybach S600L

MB ရဲ့ စံထားရတဲ့ S-Class ထက် ဘယ်ကားမှ ဇိမ်မကျလောက်ဘူးလို့ ခင်ဗျား တွေးလိုက်တဲ့အချိန်မှာ၊ မာစီးဒီးက နောက်ထပ် ရှေ့တစ်လှမ်းတိုးလိုက်ပါတယ်။ ၆.ဝ လီတာ V-12 500 မြင်းကောင်ရေ(hp+)အင်ဂျင်နဲ့ ရှည်လျားတဲ့ ဝင်ရိုုုးအကွာအဝေးနဲ့ လိုက်လျော ညီထွေဖြစ်အောင် ပြုလုပ်ထားလို့ ခင်ဗျား မျှော်မှန်းထားသလို ဇိမ်ကျမှုမျိုးရရှိမှာဖြစ် ပါတယ်။ လှန်ချလို့ရတဲ့ နောက်ထိုင်ခုံတွေ၊ သိုးမွေးခင်း ကြမ်းပြင်နဲ့ မြန်မာဆန်တဲ့ တေးဂီတစနစ်လဲ ပါဝင်ပါသေးတယ်။ မာစီဒီး က ပြောသလိုပါပဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင်ဂျက် လေယာဉ်လေးနဲ့ တူပါတယ်။ ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်ရင် အပေးယူလုပ်လို့ရတာတွေရှိပါသေးတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၈၈၈၈ ကစ ပါတယ်။

maybach-s600l

Zawgyi version…

Mercedes-Benz

DRIVE မဂၢဇင္းရဲ႕ ပထမဆံုး အမွတ္တံဆိပ္လမ္းညႊန္ အစီအစဥ္ကေန ႀကိဳဆိုပါတယ္။ ဒီအပတ္ထုတ္မွာေတာ့ ကားအမွတ္တံဆိပ္တစ္ခုကို ေရြးခ်ယ္ၿပီး၊ ျမန္မာႏိုင္ငံမွာရႏိုင္တဲ့ ကားေမာ္ဒန္ေတြနဲ႔

အေျခခံေဈးႏႈန္းေတြကို အၾကမ္းဖ်ဥ္းတင္ျပသြားမွာပါ။ ခင္ဗ်ားရဲ႕ လိုအင္၊ လိုအပ္ခ်က္နဲ႔ ဘတ္ဂ်တ္အရ မွန္ကန္တဲ့ကားကိုရေစဖို႔ အကူညီေပးသြားမွာျဖစ္ပါတယ္။

ဒီလေတာ့ မာစီးဒီး-ဘင့္ဇ္ကားကို ေရြးခ်ယ္ထားပါတယ္။ ၁၈၈၆ခုႏွစ္ကတည္းက စထုတ္လုပ္ခဲ့ၿပီး ကမၻာ့အေစာဆံုး ကားထုတ္လုပ္သူနဲ႔ မိသားစုဇိမ္ခံကားအမွတ္တံဆိပ္ျဖစ္ တဲ့ မာစီးဒီး-ဘင့္ဇ္ကိုေတာ့ အနည္းအက်ဥ္း မိတ္ဆက္ ေပးဖို႔ေတာ့ လိုတာေပါ့ဗ်ာ။ မာစီးဒီး-ဘင့္ဇ္က ဇိမ္ခံဖို႔ အတြက္ ထုတ္လုပ္ထားတယ္ဆိုတာ အေျခခံအားျဖင့္ သိထားၾကပါတယ္။ ခုအခ်ိန္ထိလဲ ကမၻာ့စြမ္းေဆာင္ရည္ အျမင့္ဆံုးကားေတြကို ထုတ္လုပ္ေနဆဲပါ။ သူ႔ရဲ႕ ဆီဒင္ ကားေတြျဖစ္တဲ့ ျမန္ႏႈန္းျမင့္စြမ္းေဆာင္ရည္ေကာင္းတဲ့ AMG အမ်ိဳးအစားေတာင္မွ မင္းသားေခါင္းေဆာင္းထား တဲ့ ဘီလူးႀကီးပါပဲဗ်ာ။

ေအာက္ေဖာ္ျပပါ ကားေမာ္ဒယ္မ်ားအျပင္ မူကြဲအမ်ိဳး အစားမ်ားလည္း ေျမာက္ျမားစြာရွိပါတယ္။ ထိုအေသး စိတ္ အခ်က္အလက္မ်ားအတြက္ အမွတ္(၅၁)၊ ျပည္ လမ္း၊ ရန္ကုန္ (ဖုန္း-ဝ၉ ၂၆၀ ၂၅၉ ၉၉၆) ဒါမွမဟုတ္ ၆၆ လမ္းရွိ Sedona Hotel ရွိ အေရာင္းဌာနမ်ားမွာ စံုစမ္းႏိုင္ပါတယ္။ မႏၱေလးၿမိဳ႕အတြက္ေတာ့ ဖုန္း – ဝ၉ ၅၀၅ ၇၀၄ ကို ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

GLA 180 and 180 AMG

ပထမတန္းစားနီးပါးရွိတဲ့ GLA 180 က ႀကီးၿပီး SUV ၿပိဳင္ကား အေသးစားနဲ႔ အနည္းငယ္ ဆင္တူပါတယ္။ ၿမိဳ႕ျပအတြက္ သင့္ေတာ္ၿပီး၊ သက္ေသာင့္သက္သာရွိပါတယ္။ လမ္းမေပၚ မဟုတ္တဲ့ေနရာမွာ ေမာင္းရင္ေတာင္ အေတာ္ေလးေကာင္းပါတယ္။ AMG ဗားရွင္းက ခင္ဗ်ား ေမွ်ာ္လင့္ထားတာထက္ စိတ္လႈပ္ရွားမႈေတြေပးၿပီး ေဈးႏႈန္းကေတာ့ ေဒၚလာ ၇၂ဝ၀ဝ ကစ ပါတယ္။

cla-180-v2

GLC 250 Advantgarde  and GLC250 AMG

GLA အမ်ိဳးအစားဝင္ ကားႀကီးေတြ ကေတာ့(တတိယတန္းစားအျဖစ္ သတ္မွတ္ ထားၿပီး) MB ကေန ခင္ဗ်ား ေမွ်ာ္လင့္ထား တဲ့ ေရြးခ်ယ္စရာေတြနဲ႔ ဇိမ္က်မႈေတြ ေပးစြမ္း ႏိုင္ပါတယ္။ အတြင္းပိုင္း ေနရာက်ယ္ၿပီး၊ အင္ဂ်င္ကလဲႀကီးပါတယ္။ ၿမိဳ႕ျပနဲ႔ လမ္းၾကမ္း ႀကီးေတြအတြက္ဆို အဆင္ေျပပါတယ္။ ေဈး ႏႈန္းကေတာ့ ေဒၚလာ ၁၀၈ဝ၀ဝ ကစပါတယ္။

glc-1

GL500

Mercedes SUV ေမာ္ဒန္ေတြရဲ႕ အေကာင္းဆံုးသေကၤတျဖစ္ၿပီး၊ ဆိုက္ျပည့္ ၿပီး၊ လမ္းမေပၚမဟုတ္တဲ့ေနရာမွာ ေမာင္းရင္ ေတာင္မွ အလြန္သက္ေသာင့္သက္သာရွိ လွပါတယ္။ ၃၂၀ ျမင္းေကာင္ေရရွိတဲ့ အင္ဂ်င္နဲ႔ ျမန္ႏႈန္းခုနစ္ရွိတဲ့ အလိုအေလ်ာက္ အင္ဂ်င္လည္အားကို ဘီးေတြဆီကို ယက္ အားအျဖစ္ပို႔ေဆာင္ေပးေသာ ဂီယာအံု စက္ ပိုင္းကလဲ စြမ္းေဆာင္ရည္အလြန္ေကာင္း ပါတယ္။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၂၅၀ဝ၀ဝ ကစပါတယ္။

gl-500

CLA 180

မာစီးဒီး-ဘင့္ဇ္ကားေတြထဲမွာေတာ့ ၿပိဳင္ ကားနဲ႔ အတူဆံုးကားတစ္စီးပါပဲ။ လူငယ္ေတြ အႀကိဳက္ေတြ႔မယ့္ ကားမ်ိဳးပါ။ ပံုသ႑ာန္ကိုက ၿပိဳင္ကားနဲ႔ တူၿပီး၊ ဇိမ္က်ႏိုင္တဲ့ သားေရေတြနဲ႔ ျပဳလုပ္ထားလို႔ အလြန္သက္သာၿပီး၊ ေဘးကင္းတဲ့ အမ်ိဳးစားမ်ိဳးပါ။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၈၉ဝ၀ဝ ကစ ပါတယ္။

gla180-amg

C200

တတိယတန္းစား MB အဆင့္ ဆီဒင္ကား ျဖစ္ၿပီး၊ ဒီအမ်ိဳးအစားကားေတြထဲမွာေတာ့ ႏွစ္လိုဖြယ္ရွိတဲ့ကားပါပဲ။ ကားအရြယ္စားႀကီး လို႔ မိသားစုကားလိုပါပဲ။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၁၁၀ဝ၀ဝ ကစ ပါတယ္။

c-class-200

CLS400

CLS400  စြမ္းေဆာင္ရည္ျမင့္တဲ့ ခ်စ္ စဖြယ္ကားပါပဲ။ ဒီကားကို ဒီလထုတ္မွာ သံုး သပ္ေဖာ္ျပထားပါတယ္။ စတိုင္က်တဲ့ ဇိမ္ခံ ကားျဖစ္ၿပီး၊ ၿမိဳ႕ျပနဲ႔ သင့္ေတာ္ၿပီး၊ လူႀကီး ေလးေယာက္ေလာက္ ေကာင္းေကာင္းသက္ ေသာင့္သက္သာ ခရီးထြက္လို႔ ရပါတယ္။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၂၁၀ဝ၀ဝ ကစ ပါတယ္။

cls-2

E200, E300, E400

တတိယတန္းစား အမ်ိဳးအစားကားေတြ ထက္ေတာ့ ပိုေကာင္းပါတယ္။ ဂႏၴဝင္ဆန္တဲ့ ေတာ္ဝင္ ဆီဒင္ကားမ်ိဳးျဖစ္ၿပီး၊ ေမာင္းလို႔ ေကာင္းတဲ့ကားမ်ိဳးပါ။ အလယ္လတ္စားမိသား စု အရြယ္အစားအတြက္ေတာ့ ေကာင္းေကာင္း အသံုးတယ့္တဲ့ ကားမ်ိဳးပါပဲ။ ခင္ဗ်ားဝယ္မယ္ ဆိုရင္ေတာ့ သင့္ေတာ္တဲ့ ကားမ်ိဳးျဖစ္ၿပီး (E200 ကေတာ့ လူအမ်ားစုအတြက္ ပိုသင့္ ေတာ္ပါတယ္။) အတြင္းခန္းေတြက ေကာင္း မြန္ဇိမ္က်သလို၊ အျခားဟာေတြကလဲ အေကာင္းစားေတြပါပဲ။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၁၀၅çဝ၀ဝ ကစ ပါတယ္။

e-class

V220CDI and V250

MB အမ်ိဳးအစားေတြထဲမွာေတာ့ အျပင္ပန္း အားျဖင့္ သိပ္မလန္းလွတဲ့ ကားပါပဲ။ ဗင္ကား အမ်ိဳးအစားေတြထဲမွာေတာ့ ႀကီးမားဆြဲေဆာင္ႏိုင္တဲ့ အတြင္းခန္းအျပင္ဆင္ေၾကာင့္ လူေတြကို ဆြဲေဆာင္ ႏိုင္ဆံုးကားပါပဲ။ ပစည္းတင္ဖို႔အတြက္ ေနရာလုပ္ေပး တာပဲျဖစ္ျဖစ္၊ လူအပိုထိုင္ပို ေနရာေပးတဲ့အခါမွာ ပဲျဖစ္ျဖစ္ အဆင္ေျပလွပါတယ္။ ေနာက္ထိုင္ခံုေတြက သားေရအေကာင္းစားေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး၊ မီးပြိဳင့္မိေနရင္ေတာင္ ခင္ဗ်ားအတြက္ အေကာင္းဆံုး “လွိမ့္ေနတဲ့ရံုုးခန္း” အျဖစ္ အသံုးတည့္ပါလိမ့္တယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ ၁၅၀ဝ၀ဝ ကစ ပါတယ္။

v-class

S500L

ပါဝါအေကာင္းဆံုး၊ ေနရာအက်ယ္ဆံုး၊ ဇိမ္အက်ဆံုးပါပဲ။ ထိပ္တန္းပါပဲဗ်ာ။(S-Class Maybach ကေတာ့ သရဖူက ရတနာေအာက္ကရတနာလို႔ ခြဲျခားၿပီး သတ္မွတ္ခံထားရတာပါ။) ေမာင္းတဲ့လူအတြက္ မဟုတ္ဘဲ၊ ေမာင္းခ်င္တဲ့လူအတြက္ရည္ရြယ္ထုတ္လုပ္ထားတာပါ။ ပိုင္ရွင္က ဒီကားကို ေမာင္းဖို႔လုပ္လိုက္တာနဲ႔ အံ့ဩဖြယ္စြမ္းအားေတြရရွိလာပါလိမ့္မယ္။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၃၃၀ဝ၀ဝ ကစ ပါတယ္။

s-class

Maybach S600L

MB ရဲ႕ စံထားရတဲ့ S-Class ထက္ ဘယ္ကားမွ ဇိမ္မက်ေလာက္ဘူးလို႔ ခင္ဗ်ား ေတြးလိုက္တဲ့အခ်ိန္မွာ၊ မာစီးဒီးက ေနာက္ထပ္ ေရွ႕တစ္လွမ္းတိုးလိုက္ပါတယ္။ ၆.ဝ လီတာ V-12 500 ျမင္းေကာင္ေရ(hp+)အင္ဂ်င္နဲ႔ ရွည္လ်ားတဲ့ ဝင္ရုိုုးအကြာအေဝးနဲ႔ လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ ျပဳလုပ္ထားလို႔ ခင္ဗ်ား ေမွ်ာ္မွန္းထားသလို ဇိမ္က်မႈမ်ိဳးရရွိမွာျဖစ္ ပါတယ္။ လွန္ခ်လို႔ရတဲ့ ေနာက္ထိုင္ခံုေတြ၊ သိုးေမြးခင္း ၾကမ္းျပင္နဲ႔ ျမန္မာဆန္တဲ့ ေတးဂီတစနစ္လဲ ပါဝင္ပါေသးတယ္။ မာစီဒီး က ေျပာသလိုပါပဲ။ ခင္ဗ်ားရဲ႕ ကိုယ္ပိုင္ဂ်က္ ေလယာဥ္ေလးနဲ႔ တူပါတယ္။ ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္လိုက္ရင္ အေပးယူလုပ္လို႔ရတာေတြရွိပါေသးတယ္။

ေဈးႏႈန္းကေတာ့ ေဒၚလာ ၆၀၈၈၈၈ ကစ ပါတယ္။

maybach-s600l