Carlex Design သည် Custom Vehicle များထုတ်လုပ်ပေးသည့် ကုမ္ပဏီဖြစ်ပြီ Ferrari F 12 ကဲ့သို့ ကာများကို ဝယ်သူစိတ်ကြိုက်ဖန်တီးပေမှုများဖြင့် ထင်ရှားပါသည်။ Mercedes G 63 Yachting Edition သည် Carlex Design ၏ အဆန်းသစ်ဆုံးဖန်တီးမှုဖြစ်ပြီး Cowboy သဘာဝအတိုင်း ခံစားမှု ရမည်ဖြစ်သည်။ တခါတရံမှသာ ပြုလုပ်လေ့ရှိသည့် Lead Image Status ကို ထည့်သွင်းထားပြီး အသေးစိတ်မှ အစပြု၍ အကောင်းဆုံး ပစ္စည်းများဖြင့် ခမ်းနားစွာ ဖန်တီးထားပါသည်။ အလင်းနှင့် အမှောင်ဟူ၍ အတွင်းခန်းအပြင်အဆင် ( ၂ ) မျိုးခွဲခြားထားပြီး Nautical Theme ထည့်သွင်းမှု တို့သည် တူညီပါသည်။ မျက်နှာကျက်တွင် သံလိုက်အိမ်မြှောင် ခပ်ကြီးကြီးတခု ပါဝင်သည်။ သစ်သားများကို အတွင်းခန်းတခုလုံး၌ ပေါပေါများများထည့်သွင်းထားပြီး ပုံမှန်အားဖြင့် ရိုးရိုးကြမ်းခင်း သာပါဝင်သည့် Cargo Area တွင်ပါ သစ်သားဖြင့် ခင်းကျင်းထားမှုမှာ ထူးခြားပါသည်။ သစ်သားအပြင် – Alcindor ၊ သားရေများနှင့် Metal Accents တို့ကိုလည်း ပေါပေါများများထည့်သွင်းထားပါသည်။ အဖြူရောင်အတွင်းခန်းပုံစံတွင် 2 – Tone Color များလည်း ရရှိနိုင်ပါသည်။ ကား၏အပြင်ဖက် သည်လည်း အတွင်းခန်းကဲ့သို့ Customize ဖန်တီးမှုဖြစ်ပြီး 22 – inch Wheel အပါအဝင်လက်မှု ဖန်တီးခြင်းများစွာကို တွေ့မြင်ရပါသည်။ G 63 Yachting Edition ကို ဝယ်ယူသူများ စိတ်ကြိုက် Order မှာယူဖန်တီးနိုင်ပါသည်။

Zawgyi Version….
ဝယ်သူစိတ်ကြိုက်ဖန်တီးထားသည့် Mercedes G 63 Yachting Edition
