Unicode version..
Mercedes – Mena G – Class ၏ မျိုးဆက်သစ် G – Wagon အား 2018 Detroit Auto Show တွင် စတင်မိတ်ဆက်ခဲ့ပြီး New Model သည် ယခင် Model ထက် (၄) လက်မခန့် ပို၍ ဗျက်ကျယ်လာပြီး အလျားလည်း ပိုရှည်လာပါသည် ။ ထို့အတူ ပါ၀င်မှု အသစ်များဖြစ်ကြသည့် (Independent Front Suspension ) , ( Electromechanical Steering ) ( ဒီဇိုင်းအသစ်ဖြစ်သည့် – instrument panel ) ၊ (ပုံစံအသစ်ဖြစ်သည့် Infotainment Control ) တို့ပါရှိမည်ဖြစ်ကာ အလေးချိန် သည်လည်း ယခင် Model ထက် ၂၅% နီးပါးပို၍ ပေါ့ပါးပါမည်။ Detroit ကားပြပွဲတွင် Mercedes မှ New G – Wagon အား မိတ်ဆက်ပြသခဲ့သည့်အပြင် သမိုင်းကြောင်းရှည်လျားပြီး စိတ်ဝင်စားဖွယ် များစွာရှိထားသည့် G – Class (ဂျာမန်အခေါ် – Gelaendewagen) ၏ ထူးခြားချက် (၉)ချက် ကို လည်း Multimedia Hit – List အနေဖြင့် ပြသခဲ့သည်။ ၎င်းတို့တွင် -1979 ခုနှစ်မှ မွေးဖွားခဲ့ပြီး လမ်းကြမ်းများစွာကိုကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံး G Wagon ၊ ပုပ်ရဟန်းမင်းကြီး၏ 1980 G – wagon နှင့် 1983 Paris – Daker ကားပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် G – Class ၊ 1999 တွင် ပထမဆုံး ထုတ်လုပ်ခဲ့သည့် AMG G55 ၊ 2013 တွင် တိုးချဲ့ဖန်တီးခဲ့သည်။ G 6 x 6 Model ၊ 2017 Model Mercedes – Maybach G 650 Landaulet ၊ စသည်တို့ ပါ၀င်ကြပါသည်။ Daimler ၏ အစုရှယ်ယာဝင်တဦးဖြစ်သူ အီရန်နိုင်ငံမှ Mr Shah ၏ (4 x 4 Model ) တစ်မျိုးထုတ်လုပ်ရန် အကြံပြုချက်ကြောင့် G – Class စတင်ဖြစ်ပေါ်လာခဲ့ပြီး ထူးခြားမှု အနေဖြင့် (2002 ) မတိုင်မီအထိ (U . S . A ) စျေးကွက်၌ G – wagon ကို တရားဝင်တင်ပို့ခြင်း မပြုခဲ့ပါ။ အလားတူ Notional Military Forces (၆၃) နိုင်ငံမှ G – Class အား စစ်တပ်အသုံးအနေဖြင့် သုံးစွဲခဲ့ပြီး ၎င်း၌ (U .S .A Marines ) လည်း အပါအဝင်ဖြစ်ကာ ( Interim Fast Attack Vehicle – ကြားဖြတ်တိုက်ခိုက်ရန် အသုံးပြုသည့် အမြန််ယာဉ်) အနေဖြင့် G 290 Model အား အသုံးပြုခဲ့ပါသည်။ Mercedes – Benz သည် G – wagon အား ထုတ်လုပ်မှု ရပ်ဆိုင်းရန် နှစ်ကြိမ်တိုင်တိုင် စီစဉ်ခဲ့ပြီး ပထမအကြိမ်သည် ( U . S. A ) ၌ (2005 ) ခန့်ကဖြစ်ပြီး ဒုတိယအကြိမ်သည် 2013 Special – Edition Models ကိုထုတ်လုပ်စဉ် ဖြစ် သည် ။ သို့သော် နိုင်ငံတကာမှ ကန့်ကွက်မှုများနှင့် စစ်တပ်အသုံးအတွက် အရေးပါသည့် Model တစ်ခုလည်းဖြစ်သည့် အတွက် စီစဉ်မှုများကို ကန့်သတ်ခဲ့ပြီး ယခုအခါ (NATO အဖွဲ့ ) ခေါ် ( မြောက်အတ္တလန္တိတိတ် စစ်စာချုပ်အဖွဲ့ ) အတွက် ( 2025 ) မတိုင်မီ G – wagon များထုတ်လုပ်ရန် သဘောတူညီချက်ရရှိထားပြီး ဖြစ်ပါသည်။
Zawgyi version…