Unicode Version…
Mercedes – Benz သည် ပထမဆုံး ( Fuel Cell ) နှင့် Battery – Electric ကို အသုံးပြု ထားသည့် GLC F – Cell SUV အားမိတ်ဆက်လိုက်ပြီး ၎င်းသည် ( ဟိုက်ဒရိုဂျင် / Plug – in Hybrid ) ဖြင့် အသုံးပြုနိုင်မည်။ ၎င်းအား ဂျာမနီတွင် ပထမဆုံးရောင်းချမည်ဖြစ်ပြီး 2019 နွေဦးကာလတွင် စတင်ရောင်းချရန် ရည်မှန်းထားပါသည်။ နည်းပညာလိုအပ်ချက် ၊ အစိုးရ လုပ်ငန်းဆိုင်ရာများအရ ပထမဆုံးထုတ်ကားများအား ဂျာမနီရှိ – Stuttgart / Hamburg မြို့ကြီးများတွင်သာ အသုံးပြုနိုင်ရန် Mercedes မှ စီစဉ်ထားပါမည်။ Daimler ၏ အဆိုအရ ဖက်စပ်လုပ်ငန်းဖြစ်သည့် HZ Mobility မှ ( Hydrogen Fueling Station ) များအား ဂျာမနီတဝှမ်းလုံးတွင် 2019 အကုန်၌ အားသွင်းရုံပေါင်း ၅၀ မှ ၁၀၀ အတွင် အပြီးတည်ဆောက်မည်ဖြစ်သည်။ Daimler သည် Hydrogen Mobility Europe ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ Mercedes – Benz GLC F – Cell အား မနှစ်ကကျင်းပခဲ့သည့် Frankfurt ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး SUV တွင် ပထမဆုံးဖြစ်ကာ 2010 တွင်စတင်မိတ်ဆက်ခဲ့သည့် B – Class F – Cell Model နောက်ပိုင်းမိတ်ဆက်သည့် ကားလည်းဖြစ်သည်။ GLC F – Cell တွင် ၁၀ ပေါင်ခန့် ရှိမည့် ဟိုက်ဒရိုဂျင်ကန် ( ၂ ) ကန်ပါရှိပြီး ဟိုက်ဒရိုဂျင်သီးသန့်ဖြင့် မောင်းနှင်နိုင်ပါသည်။ ( NEDC Test Cycle အရ ) ယာဉ်၏ မောင်းနှင်မှုအား ဘတ္ထရီမှ တဆင့် Hydrogen Fuel – Cell ဖြင့် ခရီးကို မောင်းနှင်မှုအား၎င်း ၊ Electric – Fuel cell Hybrid mode ဖြင့် ခရီးရှည်မောင်းနှင်မှုအား၎င်း စွမ်းအင်ရယူ၍ မောင်းနှင်နိုင်ပါမည်။

Mercedes-Benz präsentiert auf der IAA 2017 in Frankfurt mit dem Vorserienmodell des neuen Mercedes-Benz GLC F-CELL den nächsten Meilenstein auf dem Weg zum emissionsfreien Fahren. Der neuartige Designstyle im Kombiinstrument differenziert das Brennstoffzellenfahrzeug deutlich vom konventionellen GLC. // At the IAA International Motor Show 2017 in Frankfurt, Mercedes-Benz is presenting a preproduction model of the new Mercedes-Benz GLC F-CELL as the next milestone on the road to emission-free driving. The new-type design style in the cockpit clearly differentiates the fuel-cell vehicle from the conventional GLC.

Zawgyi Version…

ပထမဆုံး ( Fuel Cell ) နှင့် Battery – Electric ကို အသုံးပြု ထားသည့် GLC F – Cell SUV အား Mercedes မိတ်ဆက်