Mercedes နှင့် Maybach တို့ ပူးပေါင်းဖန်တီးထားသည့် ပထမဦးဆုံး Luxury SUV အမျိုးအစားဖြစ်သည့် Mercedes-Maybach GLS 600 သည် Starting Price ဒေါ်လာ (၁၆၁,၅၀၀) ဖြင့် Mercedes ၏ ဈေးအမြင့်ဆုံးမော်ဒယ်ဖြစ်လာခဲ့သည်။
GLS 600 သည် Maybach ၏ အထူးဝိသေသပြုထားသည့် ဒီဇိုင်းများနှင့် ဖန်တီးထားပြီး Super Luxury SUV တစ်စီးအဖြစ်တင်စားနိုင်သည်။ Mercedes-Maybach GLS 600 ၏ ရှေ့ဘက်ဒီဇိုင်း Grille ကို Vertical Slats ဖြင့် လှပပေါ်လွင်စွာ မြင်တွေ့ရမည်ဖြစ်ပြီး အပြင်ဘက်ဒီဇိုင်းပိုင်းတွင် chrome line အများအပြားဖြင့် ဖန်တီးထားသည်။ အတွင်းခန်းကိုတော့ Luxury ဆန်သည့် အရသာကို အပြည့်အဝခံစားနိုင်မည့် အပြင်အဆင်ကို မြင်တွေ့ရမည်ဖြစ်ကာ နည်းပညာပိုင်းအရလည်း အကောင်းဆုံးပံ့ပိုးပေးထားသည်။
လိုက်ပါစီးနင်းသူအားလုံးအတွက် Surround sound system၊ အနောက်ဘက်တွင်12.3 လက်မ Infotaiment Display(၂)ခု၊ အပူပေးစနစ်၊ Ventilation၊ Massaging စသည်တို့ဖြင့် စိတ်ကြိုက်ငြိမ့်ငြောင်းစွာ စီးနင်းနိုင်မည်ဖြစ်သည်။
Mercedes-Maybach GLS 600 ရဲ့ စွမ်းဆောင်ရည်ပိုင်းသည် 4.0L, Twin-turbo V8 အင်ဂျင်နှင့် nine-speed automatic transmission အသုံးပြုထားပြီး 0 – 60 mph ကို (၄.၆)စက္ကန့်အတွင်း မောင်းနှင်နိုင်မည်ဖြစ်သည်။