Mercedes-Benz အတွက် အကောင်းဆုံး ဇိမ်ခံကားဖြစ်သည့် Mercedes-Maybach သည် 2021 Maybach S 580 အနေဖြင့် ထူးခြားစွာ ထွက်ရှိလာပါသည်။ New S Maybach သည် မကြာခင်က မိတ်ဆက်ထားသည့် All-New S-Class ကို အခြေခံထားပြီး ခမ်းနားမှုများဖြင့် မွမ်းမံ ထားသည့် Model ဖြစ်ကာ (၂)ရောင်စပ် ဆေးရောင်နှင့် အတူ Maybach ၏ သင်္ကေတဖြစ်သည့် ဒေါင်လိုက် Grille ၊ Unique Alloy တို့ဖြင့် ဖန်တီးထားပါသည်။ Maybach Logo ကို ရောင်ဖြာပုံစံဖြင့် ကားဘေးဖက်တွင် ထင်ထင်ရှားရှား ထည့်သွင်းထားခြင်းမှာ S Maybach ၏ ဂန္တဝင်ဆန်မှုတရပ်လည်းဖြစ်သည်။အတွင်းခန်းကို အဓိကထားပြီးထုတ်လုပ်သည့် S-Maybach ၏ ထုံးစံအတိုင်း ယခု Maybach 580 တွင် အကောင်းဆုံး ဖန်တီးမှုလက်ရာများနှင့် ထိပ်တန်းအဆင့် ရှိသည့် ပါဝင်မှုများဖြင့် အတွင်းခန်းကို ဖန်တီးထားပါသည်။ နာမည်ကျော် Designo Leather ကို Standard ထည့်သွင်းထားပြီး Headliner များတွင်ပင် သားရေဖြင့် လှပစွာ ဖန်တီးထားသည်။ S-Class တွင် ပါဝင်သည့် Air Fresher လည်းပါဝင်မည်ဖြစ်ကာ အရှေ့ခုံ အနောက်ဖက်တွင် Wood Trim ပေါင်းစပ်ထားခြင်း ၊ အနောက်ခန်းထိန်းချုပ်မှုအတွက် Entertainment Screen ၊ စပီကာ အလုံး(၃၀)ပါဝင်သည့် Burmester Sound System ၊ Laminated Quarter Window ၊ ရှန်ပိန်ခွက်များ ၊ Belt Bags စသည်တို့ကို ယခု Maybach S 580 တွင် ရရှိနိုင်မည်ဖြစ်သည်။ အင်ဂျင်အနေဖြင့် ( 4.0 L Twin turbo V8 Engine ) ၊ ( 496 hp ) ၊ အင်ဂျင်နှင့် ( 9- Speed Auto gear ) တို့ပါဝင်မည်ဖြစ်ပြီး ၊ E-Active Body Control ၊ Air Suspension ကဲ့သို့ Features များစွာပါဝင်မည်ဖြစ်သည်။ Maybach S 580 အား 2021 နှစ်လည်ခန့်တွင် စတင်ရောင်းချမည် ဖြစ်ပါသည်။
Mercedes-Maybach S-Klasse; Exterieur: designo rubelitrot/kalaharigold; Interieur: Leder Nappa macchiatobeige/bronzebraun pearl; Zierteile: designo Holz Walnuss braun offenporig aluminium lines // Mercedes-Maybach S-Class; exterior: designo rubelit red/kalahari gold; interior: Leather Nappa macchiato beige / bronze brown pearl; trim parts: designo brown open-pore walnut wood with aluminium lines