Unicode version…
Mercedes သည် ၎င်း၏ နာမည်ကျော် Mercedes – Maybach ၏ Ultimate Luxury Concept အား တရားဝင်မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် သမာရိုးကျ ပုံစံများနှင့် လုံးဝခွဲထွက် သည့် ပုံစံရှိသည့်ကားဖြစ်ကာ အမျိုးအစားအနေဖြင့် (Sedan – SUV Crossbreed ) ဖြစ်ပါသည်။ ၎င်းသည် (Fully Electric ) ဖြစ်ပြီး မော်တာ(၄)လုံးပါရှိကာ ၎င်းတို့မှ (80 kw battery ) လည်းပူးတွဲပါရှိ မည်ဖြစ်ပြီးစမ်းသပ်မှုအရ (၎င်းတို့သီးသန်ဖြင့် ခရီးမိုင်၂၀၀ ) ကျော်အထိအသုံးပြုနိုင်ပါသည်။ ထို့အပြင်(၅)မိနစ်ခန့် အားသွင်းရုံဖြင့် (မိုင် ၆၀)ခန့်အထိ အသုံးပြုနိုင်ပါမည်။ ယခု Concept Model အား တရုတ်နိုင်ငံအတွက်အဓိက ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပြီး တရုတ်လူမျိုးများ အထူး နှစ်သက် ကြသည့် Sedan နှင့် SUV ပေါင်းစပ်ထားသည့် ဒီဇိုင်းဖြင့် ပထမဆုံး မိတ်ဆက်ထုတ်လုပ်ထားကြောင်း Mercedes မှဆိုထားပါသည်။
အတွင်းခန်းကိုလည်းတရုတ်လူမျိုးများ အကြိုက်တွေ့စေရန် ၎င်းတို့နှင့်ရင်းနှီးမှုရှိမည့် အပြင် အဆင်များဖြင့် ဖန်တီးထားပါမည် (Ebony wood – ရင်းတိုက်ပင်၏အသား) အား ပထမတဆုံး အသုံး ပြုထားပြီး (Magic Wood) ဟု Mercedes မှတင်စားထားပြီး အဆိုပါသစ်အား တရုတ်နိုင်ငံတွင် နှစ်ခြိုက်စွာသုံးစွဲကြပါသည်။ အနောက်ခန်း၌ (High Adjustable )ပြုလုပ်နို်င်သည် (အဖြူရောင်သားရေသုံးထိုင်ခုံးများ) အား (Rose – Gold ) ချုပ်ကြောင်းများဖြင့်လှပစွာတွေ့မြင်ရမည် ဖြစ်ပြီး (လက်ဖက်ရည်ခွက်များ) လည်းပါရှိမည်ဖြစ်သည်။ အဆိုပါ (Tea set )များအားလိုအပ်သလို ကားအတွင်းအမွှေးရနံအနေဖြင့် Combine Lighting ၊ဂီတသံများပြုလုပ်နိုင်ပါမည်။ ယခု Concept Model ၏ ဒီဇိုင်းသည်လက်ရှိထုတ်လုပ်ထားသည့် Mercedes –Banz ကားများထက် များစွာထူးခြား မှုရှိသည့်အတွက် Production အနေဖြင့် ထို့ကဲ့သို့ဖြစ်လာမည်မှာမသေချာပါ။ သို့သော် ၎င်း၏ ယှဉ်ပြိုင်ဖက် Audi ၊ BMW တို့သည်လည်း Full Size Crossover များထုတ်လုပ်ရန်ရှိသည့်အတွက် Mercedes သည် Luxury Crossover များအားတိုးချဲ့ထုတ်လုပ်မည်မှာ အသေအချာပင်ဖြစ်သည်။
Zawgyi version…