Unicode Version…
Mercedes – Benz တွင် 1930 ပြည့်နှစ်များ၌ Sliver Arrow အမည် ပြိုင်ကားရှိခဲ့ပြီး Aluminum ဖြင့် ဖန်တီးခဲ့ကာ W25 Grand Prix Car အနေဖြင့် ( 1934 ) မှ တင်ထုတ်လုပ်ခဲ့ပြီး ယခုအခါ ဂျာမနီ ၊ Stuttgart ရှိ Mercedes ပြတိုက်၌ ထားရှိပါသည်။ အဆိုပါ Model ကို အဖြူရောင်ဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ယခုမျက်မှောက်ကာလ၌ Mercedes သည် ၎င်း၏ Electric Sub –Brand ဖြစ်သည့် ( EQ ) အား ( Contour d’ Elegance ) ဒေသရှိ Pebble ကမ်းခြေတွင် မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် အတိတ်နှင့် အနာဂတ်ကို ပေါင်းစပ်ထားသည့် Model ဖြစ်ပြီး EQ Silver Arrow Concept အနေဖြင့် W125 ကို ဂရဝါပြုမှည့်ခေါ်ထားပါသည် ။ ၎င်းသည် Single – Seat ပုံစံဖြစ်ပြီး Carbon Fiber ကိုယ်ထည်ဖြင့် ဖန်တီးထားကာ (Alabama Sliver Paint ) ဖြင့် ချယ်မှုန်း ထားပါသည်။ ထ့ိုအတူ လျှပ်စစ်ကားဖြစ်ပြီး ( Output 738 hp ) ရှိသည့် ( 80 – k Wh battery ) ပါရှိကာ ( မိုင် ၂၅၀ ) အထိ အသုံးပြုနိုင်ပါမည်။ ထို့အပြင် ထူးခြားသည့် နည်းပညာ တရပ်ဖြစ်သည့် ( Panoramic Double Screen ) စနစ်ထည့်သွင်းထားပြီး ၎င်းသည် ယာဉ်၏ အနောက်ဖက်နှင့် ဘေးပတ်လည်မြင်ကွင်းများကို ပုံရိပ်များအဖြင့် ဖမ်းယူပြီး ယာဉ်၏ အန္တရာယ် ကင်းစေရန် ထောက်ပံ့ သည့် Safety Feature များကို အမြဲမပြတ် ပေးပို့မည်ဖြစ်ပြီး ခရီးအကွာအဝေး တိုင်းတာတွက်ချက်မှု စနစ်ကို ( A I ) စနစ်ဖြင့် တွက်ချက်မည်လည်းဖြစ်သည်။ ( EQ Sliver Arrow သည် Mercedes – Benz ၏ အနာဂတ်ခြေလှမ်းသစ်ဖြစ်ပြီး လွန်ခဲ့သည် နှစ်ပေါင်း ၈၀ ကျော်ခန့်က သမိုင်းမှတ်တိုင် ဖြစ်ခဲ့သည့် Sliver Arrow ၏ ပြေပြစ်သွက်လက်မှု ၊ လျှင်မြန်မှု တို့အား ပြန်လည် ဖေါ်ထုတ်ထားခြင်း ဖြစ်သည် ) ဟု Daimler ၏ ဒီဇိုင်းအကြီး အကဲဖြစ်သူ Mr Gorden Wagener မှ ပြောကြားပါသည်။ ( အထူးအားဖြင့် မောင်းနှင်မှုစွမ်းဆောင်ရည် ၊ ထူးခြားလှသည့် Luxury ဂုဏ်သတ္တိနှင့် အနာဂတ် နည်းပညာများ၏ မိတ်ဆက်မှုတို့အား ုယခု EQ Sliver Arrow တွင် ထည့်သွင်း ထားပြီး Brand ၏ ထိပ်ဆုံးအနေဖြင့်လည်း ရည်ရွယ်ပါကြောင်း ) ၎င်း မှ ဖြည့်စွက် ပြောကြားပါသည်။
Die Designsprache kombiniert zeitlose Ästhetik mit futuristischen Visionen. Die Lackierung in Alubeam Silber erinnert an die historischen Silberpfeile. Das Interieur des Vision EQ Silver Arrow präsentiert die Werte des progressiven Luxus. // The design idiom combines timeless aesthetic appeal with futuristic visions.The paintwork in alubeam silver is reminiscent of the historic Silver Arrows. The interior of the Vision EQ Silver Arrow represents the values of Progressive Luxury. Die Designsprache kombiniert zeitlose Ästhetik mit futuristischen Visionen. Die Lackierung in Alubeam Silber erinnert an die historischen Silberpfeile. Das Interieur des Vision EQ Silver Arrow präsentiert die Werte des progressiven Luxus. The design idiom combines timeless aesthetic appeal with futuristic visions.The paintwork in alubeam silver is reminiscent of the historic Silver Arrows. The interior of the Vision EQ Silver Arrow represents the values of Progressive Luxury. Skulptur Aesthetics Progressive Luxury// Sculpture Aesthetics Progressive Luxury
Zawgyi Version…
၁၉၃၀ ကထြက္ရွိဖူးသည့္ Sliver Arrow EQ Concept အား Mercedes – Benz မွ ျပန္လည္အသက္သြင္း
Mercedes – Benz တြင္ 1930 ျပည့္ႏွစ္မ်ား၌ Sliver Arrow အမည္ ၿပိဳင္ကားရွိခဲ့ၿပီး Aluminum ျဖင့္ ဖန္တီးခဲ့ကာ W25 Grand Prix Car အေနျဖင့္ ( 1934 ) မွ တင္ထုတ္လုပ္ခဲ့ၿပီး ယခုအခါ ဂ်ာမနီ ၊ Stuttgart ရွိ Mercedes ျပတိုက္၌ ထားရွိပါသည္။ အဆိုပါ Model ကို အျဖဴေရာင္ျဖင့္ ထုတ္လုပ္ခဲ့ပါသည္။ ယခုမ်က္ေမွာက္ကာလ၌ Mercedes သည္ ၎၏ Electric Sub –Brand ျဖစ္သည့္ ( EQ ) အား ( Contour d’ Elegance ) ေဒသရွိ Pebble ကမ္းေျခတြင္ မိတ္ဆက္လိုက္ပါသည္။ ၎သည္ အတိတ္ႏွင့္ အနာဂတ္ကို ေပါင္းစပ္ထားသည့္ Model ျဖစ္ၿပီး EQ Silver Arrow Concept အေနျဖင့္ W125 ကို ဂရ၀ါျပဳမွည့္ေခၚထားပါသည္ ။ ၎သည္ Single – Seat ပုံစံျဖစ္ၿပီး Carbon Fiber ကိုယ္ထည္ျဖင့္ ဖန္တီးထားကာ (Alabama Sliver Paint ) ျဖင့္ ခ်ယ္မႈန္း ထားပါသည္။ ထ႔ိုအတူ လွ်ပ္စစ္ကားျဖစ္ၿပီး ( Output 738 hp ) ရွိသည့္ ( 80 – k Wh battery ) ပါရွိကာ ( မိုင္ ၂၅၀ ) အထိ အသုံးျပဳႏိုင္ပါမည္။ ထို႔အျပင္ ထူးျခားသည့္ နည္းပညာ တရပ္ျဖစ္သည့္ ( Panoramic Double Screen ) စနစ္ထည့္သြင္းထားၿပီး ၎သည္ ယာဥ္၏ အေနာက္ဖက္ႏွင့္ ေဘးပတ္လည္ျမင္ကြင္းမ်ားကို ပုံရိပ္မ်ားအျဖင့္ ဖမ္းယူၿပီး ယာဥ္၏ အႏၱရာယ္ ကင္းေစရန္ ေထာက္ပံ့ သည့္ Safety Feature မ်ားကုိ အျမဲမျပတ္ ေပးပို႔မည္ျဖစ္ၿပီး ခရီးအကြာအေ၀း တိုင္းတာတြက္ခ်က္မႈ စနစ္ကို ( A I ) စနစ္ျဖင့္ တြက္ခ်က္မည္လည္းျဖစ္သည္။ ( EQ Sliver Arrow သည္ Mercedes – Benz ၏ အနာဂတ္ေျခလွမ္းသစ္ျဖစ္ၿပီး လြန္ခဲ့သည္ ႏွစ္ေပါင္း ၈၀ ေက်ာ္ခန္႔က သမိိုင္းမွတ္တိုင္ ျဖစ္ခဲ့သည့္ Sliver Arrow ၏ ေျပျပစ္သြက္လက္မႈ ၊ လွ်င္ျမန္မႈ တို႔အား ျပန္လည္ ေဖၚထုတ္ထားျခင္း ျဖစ္သည္ ) ဟု Daimler ၏ ဒီဇိုင္းအႀကီး အကဲျဖစ္သူ Mr Gorden Wagener မွ ေျပာၾကားပါသည္။ ( အထူးအားျဖင့္ ေမာင္းႏွင္မႈစြမ္းေဆာင္ရည္ ၊ ထူးျခားလွသည့္ Luxury ဂုဏ္သတၱိႏွင့္ အနာဂတ္ နည္းပညာမ်ား၏ မိတ္ဆက္မႈတို႔အား ုယခု EQ Sliver Arrow တြင္ ထည့္သြင္း ထားၿပီး Brand ၏ ထိပ္ဆုံးအေနျဖင့္လည္း ရည္ရြယ္ပါေၾကာင္း ) ၎ မွ ျဖည့္စြက္ ေျပာၾကားပါသည္။