Unicode version…
ပြီးခဲ့တဲ့စက်တင်ဘာ ၂၄ ရက်နေ့ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ 2017 Frankfurt auto show မှာ နာမည်ကျော် ကားကုမ္ပဏီ Mercedes-benz ကမိတ်ဆက်ပြသခဲ့ပါတယ်။ ဒီကားက အမေရိက ကားလောကမှာ နာမည်ကျော်လှတဲ့ Lincoln Blackwood ၊ Lincoln Mark LT နဲ့ Cadillac Escalade EXT တို့ကိုယှဉ်ပြိုင်ဖို့ထုတ်လုပ်လာတာလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ X class က Mercedes ရဲ့ပင်မကုမ္ပဏီ Daimler နဲ့ Renault-Nissan တို့ပူးပေါင်းထုတ်လုပ်မှာဖြစ်ပြီး ဒီဇိုင်းကဥရောပ ကားစျေးကွက်မှာ နာမည်ရနေတဲ့ Nissan Navara ရဲ့ပုံစံကို အခြေခံထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Nissan Navara ရဲ့ chassis နဲ့အချို့သော ဘောင်ကွပ်ဒီဇိုင်းတွေကို X class မှာမြင်တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် X class မှာ အရမ်းကိုကောင်းမွန်တဲ့ နည်းပညာတွေ၊ပါဝင်မှုတွေကိုတွေ့မြင်ရမှာ ဖြစ်ပြီး Mercedes ရဲ့ပထမဆုံး သော Premium Luxury Pick up ကို လူတိုင်းကြိုက်နှစ်သက်လိမ့်မယ်လို့ Mercedes ကယုံကြည်နေပါတယ်။
X class ရဲ့နောက်ထပ်ထူးခြားမှုတစ်ခုက ရွေးချယ်စရာ Trim level တွေများပြားတာပဲဖြစ်ပါတယ်။ X200 လို့ အမည်ရတဲ့ four-cylinder 2.0 L ဓါတ်ဆီအင်ဂျင်သုံး မော်ဒယ်က မြင်းကောင်ရေ 164-hp ထွက်ရှိပြီး I4 turbo ပါ နောက်ဘီးယက်စနစ်ကိုသုံးထားပါတယ်။ ဓါတ်ဆီအင်ဂျင်အတွက် ရွေးချယ်စရာ Trim က တစ်မျိုးပဲရှိပေမယ့် Pick up တွေအတွက် သင့်တော်တဲ့ဒီဇယ်သုံးမော်ဒယ်ကတော့ X220d ၊ X250d နဲ့ X350d တို့ဆိုပြီး ၃ မျိုးထုတ်မှာပါ။ X220d က မြင်းကောင်ရေ 161-hp ၊ X250d က 188-hp ထွက်ရှိမှာဖြစ်ပြီး I4 turbo စနစ်တွေ သုံးထားပါတယ်။သူတို့၂ မျိုးလုံးအတွက် အင်ဂျင်ပါဝါက 2.3 L တွေချည်းဖြစ်ပါတယ်။ X350d ကတော့ မြင်းကောင်ရေ 255-hpနဲ့ diesel 3.0-liter V-6 turbo အင်ဂျင်တွေ သုံးထားသလို လေးဘီးယက်စနစ်နဲ့ လာမှာပါ။ Transmission ကတော့ six-speed manual နဲ့ seven-speed automatic ဆိုပြီးရွေးချယ်စရာ ၂ မျိုးရှိပါတယ်။
Mercedes-Benz Concept X-CLASS powerful adventurer – Exterieur, Lemonaxmetallic // Mercedes-Benz Concept X-CLASS powerful adventurer – Exterior, Lemonax metallic
X class ရဲ့မော်ဒယ်အားလုံးက Double Cab ပုံစံတွေပဲထုတ်ပြီး ရိုးရှင်းပြီး ဆွဲဆောင်မှု ကောင်းလှတဲ့ သူ့ရဲ့သွင်ပြင်က မာကျောမှု ၊ ကြံ့ခိုင်မှု ၊ ဖက်ရှင်ကျမှုတွေကို ပြသနေပါတယ်။ X class ဟာ Off road အတွက်သာမကဘဲ လမ်းကောင်းမောင်းနှင်မှုမှာပါ သက်တောင့်သက်သာရှိစေနိုင်အောင် ပြုလုပ်ထားပါတယ်။ အထူးသဖြင့် သူ့ရဲ့အောက်ပိုင်းစနစ်က ကြီးမားကျယ်ပြန်တဲ့ ဝင်ရိုးတွေ၊ နောက်ဘက်ဝင်ရိုးမှာ အသုံးပြုထားတဲ့ coil springs တွေက ငြိမ့်ညောင်းမှုကိုပေးစွမ်းနိုင်ပါတယ်။ နောက်ဘန်ပါနဲ့တွဲစပ်ထားတဲ့ absorb ပုံစံကလည်း အခြား Pick up တွေထက်ဆန်းသစ်လှပနေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို နည်းပါးစေမယ့် CO2 ထုတ်လွှတ်မှုကို ထိန်းချူပ်ပေးထားသလို အတွင်းခန်းဟာဆိုရင်လည်း C-Class နဲ့ V-Class မှာပါတဲ့ high-quality materials တွေကိုအသုံးပြုထားသလို infotainment system ကလည်း ပြီးပြည့်စုံတဲ့ သောတအာရုံကိုရရှိခံစားနိုင်ပါလိမ့်မယ်။
ဒီကားက ယခုနှစ်ကုန်ပိုင်းလောက်မှသာ ရောင်းချလာနိုင်ဖွယ်ရှိပြီး စျေးနှုန်းကတော့ ပေါင် 28,000 ဝန်းကျင်ကနေစမယ်လို့ သိရပါတယ်။ Mercedes အနေနဲ့ ဒီကားကို အာဂျင်တီးနား၊ဘရာဇီး၊တောင်အာဖရိက၊ သြစတြေးလျ၊နယူးဇီလန်နဲ့ ဥရောပစျေးကွက်တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်တာလို့ သိရပါတယ်။
Zawgyi version…
ဒီကားက ယခုနှစ်ကုန်ပိုင်းလောက်မှသာ ရောင်းချလာနိုင်ဖွယ်ရှိပြီး ဈေးနှုန်းကတော့ ပေါင် 28,000 ဝန်းကျင်ကနေစမယ်လို့ သိရပါတယ်။ Mercedes အနေနဲ့ ဒီကားကို အာဂျင်တီးနား၊ဘရာဇီး၊တောင်အာဖရိက၊ သြစတြေးလျ၊နယူးဇီလန်နဲ့ ဥရောပဈေးကွက်တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်တာလို့ သိရပါတယ်။