အောက်ဖော်ပြပါပုံက ကမ္ဘာေပါ်မှာ ပထမဆုံးေပါ်ေပါက်ခဲ့တဲ့ Metered Taxi ကုမ္ပဏီရဲ့ ယာဉ်နဲ့ ယာဉ်မောင်း တို့ရဲ့ဓာတ်ပုံဖြစ်ပါတယ်။
အဲဒီ Metered Taxi ကုမ္ပဏီကို တည်ထောင်ခဲ့သူကတော့ Harry N. Allen ဆိုသူပါ။ သူသွားခဲ့တဲ့ ၀.၇၅ မိုင်ခရီးစဥ်အတွက် ကားခ ၅ ဒေါ်လာ (ဒီနေ့ခေတ်နှုန်းနဲ့ဆို ၁၂၆.၉၈ ဒေါ်လာ) ပေးေချလိုက်ရလို့စိတ်ပျက်သွားရတဲ့ Allen က မိုင်နှုန်းအလိုက်ကားခေကာက်ခံတဲ့စနစ်သုံး အငှားယာဉ်ဝန်ဆောင်မှုကို New York မြို့မှာ စပြီးတည်ထောင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အဲဒီနှစ်နှောင်းပိုင်းမှာပဲ သူဟာ ပြင်သစ်နိုင်ငံကနေ 65 gasoline-powered ကားတွေကိုတင်သွင်းခဲ့ပြီး New York Taxicab ကုမ္ပဏီကို စတငိတည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။
လုပ်ငန်းစတင်စတုန်းက Taxi တွေရဲ့အေရာင်က အနီရောင်နဲ့ အစိမ်းရောင်နှစ်မျိုးတွဲပါ။ ဒါပေမဲ့ အဝေးကနေမြင်လွယ်စေဖို့ဆိုပြီး တစ်စီးလုံးကိုအဝါရောင်သုတ်ဖို့ Allen က ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
၁၉၀၈ ခုနှစ်မှာတော့ Allen ရဲ့ကုမ္ပဏီဟာ Taxicab စီးရေ ၇၀၀ နဲ့ ဝန်ေဆာင်မှုေပးနိုင်တဲ့အေခြအေနကိုေရာက်ရှိလာခဲ့ပါတယ်။
Ref: Ultimate Facts
Thiha