Lamborghini သည် Mexico ဈေးကွက်သို့ Brand ရောက်ရှိသည့် ( ၁၀ ) နှစ်ပြည့် အထိမ်းအမှတ် အဖြင့် Lamborghini Huracan Evo အား Special Edition Model ( ၄ ) မျိုးထုတ်လုပ်လိုက်သည်။ အဆိုပါ Model များ၏ ဒီဇိုင်းဖန်တီးမှုအား Marico Lamborghini နှင့် Ad Personom ရှိ Lamborghini Exclusive Customization Program တို့မှ ပူးပေါင်းဖန်တီးပါသည်။ အဆိုပါ အထူးထုတ် Model ( ၄ ) မျိုုးတွင် Mexico ၏ အဓိက Culture ( ၄ ) မျိုးကို ဂုဏ်ပြုဖန်တီးထားပြီး ၎င်းတို့မှာ – ( Vita – Life ) ၊ (Morte – Death ) ၊ ( Sogno – Dream ) နှင့် ( Tempo – Time ) တို့ဖြစ်ပြီး သင်္ကေတ အနေဖြင့် ကားအားလုံးတွင် ရေးထိုးထားပါမည်။ Edicion Vita သည် Series ၏ Flagship Model ဖြစ်ကာ အထူးဖန်တီးထားသည့် Verde Ermes – Green နှင့် Oro Elios – Gold အရောင်တို့ ပေါင်းစပ်ထားမည့်အပြင် ကားအတွင်းခန်း၏ Trims များတွင်လည်း Gold Color ကို ပေါင်းစပ်ထားပါမည်။ Edicion Morte Model တွင် Skull Emblem တပ်ဆင်ထားပြီး Blu Astraeus – Blue Color နှင့် Bronzo Serse Accents တို့ဖြင့် ဖန်တီးထားပါမည်။ Edicion Sogon သည် အထူးထုတ် ( ၄ ) စင်းတွင် ထူးခြားဆုံး Model ဖြစ်ကာ ၎င်းတွင် Blu Symi – Light Blue နှင့် Oro Elios – Gold တို့အား Highlight Color အဖြင့် အသုံးပြုထားပြီး အတွင်းခန်းတွင် White Accents နှင့် Gold Stitching တို့ဖြင့် ပေါင်းစပ်ဖန်တီးထားသည်။ Edicion Tempo တွင်မူ Snake Plaque သင်္ကေတထည့်သွင်း ဖန်တီးထားကာ Nero Nemesis – Black Color အား အထူးဖန်တီးထားပြီး ၎င်းနှင့် အတူ Bronzo Serse Underline များ ပေါင်းစပ်ထားပါသည်။ အဆိုပါ အထူးထုတ် Model ( ၄ ) မျိုးအား Mexico တွင် ရောင်းချပါမည်။