

Unicode Version..

ဗြိတိန်၏ နာမည်ကျော် MG မှ Body – on – Frame Pickup ကို စတင်ရောင်းချ
( U.S ) ဈေးကွက်သို့ ( MG ) သည် ( 1960 – 1970 ) ခုနှစ်များ၌ အလွန်သေးငယ်သည့် Roadster Model များကို ရာင်းချခဲ့ပြီး များစွာအောင်မြင်ခဲ့သည်။ MG အားယခုအခါ တရုတ်မှ ပိုင်ဆိုင်ထားပြီး MG ၏ Customer များအတွက် Extender အမည်ရှိသည့် Pickup Model အား ထိုင်းနိုင်ငံတွင် စတင်ရောင်းချပေးမည်ဖြစ်သည်။
MG Extender သည် Body – on – Frame ပုံစံဖြစ်ပြီး လုပ်ငန်းခွင်နှင့်အားလပ်ချိန်အပန်းဖြေအသုံးပြုမှုများအတွက် စွယ်စုံသုံးဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံရှိ SAIC Motor ၏ Maxus T 70 အမျိုးအစား ( Badge –engineered ) ကို အခြေခံ ဖန်တီးထားသည့် Model ဖြစ်သော်လည်း MG ၏ သင်္ကေတ Grille Design နှင့် ( Trim Structure ) များသည် ကွဲလွဲမည်ဖြစ်သည်။ Customer များအနေဖြင့် ( Extended Cab ) နှင့် ( Double Cab ) ဟူ၍ ပုံစံ ( ၂ ) မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး ပုံစံ ( ၂ ) မျိုးလုံးတွင် ( 2.0 L I4 Engine ) ၊ ( Turbo diesel ) ၊ ( 161 hp ) အင်ဂျင်ကို တပ်ဆင်ထားပြီး ( နာက်ဘီးယက်စနစ် ) င့် ( 6 – Speed Manual Gearbox ) ကို တွဲဖက်တပ်ဆင်ထားမည်။ ( 4 WD ) နှင့် ( 6 – Speed Automatic Gear ) အား အပိုဆောင်းမှာယူနိုင်ပါမည်။
ထိုင်းနိုင်ငံတွင် Pickup ကားများသည် လူကြိုက်များပြီး 2019 နှစ်ဝက်အတွင်း Pickup အစင်းရေ ( 523770 ) အထိ Thai ဈေးကွက်တွင်ရောင်းချရပြီး
ကားစုစုပေါင်း ( ၄၄% ) ဖစ်ပါသည်။ ၎င်းတို့တွင် Toyota Hilux ၊ Mitsubishi Triton ၊ Isuzu D – Max တို့ ပါဝင်ကြပါသည်။ MG အနေဖြင့် Pickup အပြင် Hatchback နှင့် Sedan အမျိုးအစားများ ကိုလည်း ထိုးချဲ့ထုတ်လုပ်ရန်အစီအစဉ်ရှိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here