EV ခေါ် လျှပ်စစ်ကားများအတွက် လိုအပ်သည့် စွမ်းအားကို ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီအစား လျှပ်စစ်ဓာတ် ၁၀၀ % ထောက်ပံ့ပေးထားပြီး ကားမောင်းစဉ်အတွင်း လေထုကို ညစ်ညမ်းစေသည့် ဓာတ်ငွေ့ထုတ်လွတ်မှု မရှိသည့်အတွက် သမားရိုးကျ ကားများထက်ပိုပြီး သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသောကားအမျိုးအစားများ ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်ကို ပြန်လည်အားသွင်းနိုင်သည့် ဘက်ထရီများအတွင်း သိုလှောင်ထားသည့်လိုအပ်သောစွမ်းအင်သည် အသာလွန်ဆုံး အရှိန်ကို ဖြစ်ပေါ်စေနိုင်သည့် စတင်မောင်းနှင်ချိန်မှစ၍ အမြင့်မားဆုံး လည်ပတ်အားကို အသုံးချနိုင်ခြင်းသည် ၎င်း၏ အကြီးမားဆုံးသော အားသာချက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် မော်တော်ယာဉ်၏ ကြမ်းပြင်မျက်နှာပြင်အောက်တွင် ဘက်ထရီကိုထားရှိသည့်အတွက် ယာဉ်၏ ဗဟိုဆွဲငင်အားကို အလွန်လျော့နည်းစေပြီး အချိုးအကွေ့များတွင် တည်ငြိမ်စေခြင်းနှင့် စက်ခန်းအတွင်း ဆူညံမှုကိုလည်း လျှော့ချနိုင်ပါသည်။
လျှပ်စစ်ကားများတွင် ပေါင်းစပ်လည်ပတ်သည့် အဓိက အပိုင်း ၃ ပိုင်းဖြစ်သော ဘက်ထရီ ( E-Battery) ၊ အီလက်ထရောနစ် ထိန်းချုပ်မှုစနစ် ( E-Control) နှင့် လျှပ်စစ်မော်တာ ( E-Drive) တို့ပါဝင်ပါသည်။ လျှပ်စစ်ဘက်ထရီများမှ ကားကိုရွှေ့လျားနိုင်ရန် လျှပ်စစ်မော်တာများကဲ့သို့ မောင်းနှင်မှုလုပ်ငန်းစဉ်တစ်ရပ်လုံးကို အီလက်ထရောနစ် ထိန်းချုပ်မှုစနစ်ဖြင့် စီမံထိန်းချုပ်ထားသည်။ EV ကားကို မောင်းနှင်လည်ပတ်သည့်စနစ်သည် အလွန်ရိုးရှင်းသည့်အတွက် ကားကို ထိန်းသိမ်းပြုပြင်မှုအပိုင်းကိုလည်း လွယ်ကူစေပါသည်။
MG သည် Hairpin Design ဖြင့် လျှပ်စစ်မော်တာများမှ အပူထုတ်လွှတ်မှုလျော့နည်းစေသည့် နည်းပညာကိုအသုံးပြုထားသည့်အတွက် မော်တော်ယာဉ်အတွက် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။ MG ကားသည် အခြား သမားရိုးကျကား အတွင်းပိုင်းအင်ဂျင်များကဲ့သို့ လျှပ်စစ်မော်တာများတွင် အရှိန်နှုန်း နှောင့်နှေးကြံ့ကြာမှုများ မရှိသည့်အတွက် MG ကားမောင်းနှင်သူများအနေဖြင့် ထူးခြားကွဲပြားမှုကို ချက်ခြင်းသိမြင်နိုင်မည် ဖြစ်သည်။ MG ၏ အီလက်ထရောနစ် ထိန်းချုပ်မှုစနစ်သည် ကမ္ဘာ့အမြင့်မားဆုံး လုံခြုံမှုဆိုင်ရာ Rating များဖြစ်သည့် ASIL-D နှင့် ISO222 အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်ပါသည်။
သက်သောင့်သက်သာရှိမှု ၊ ဘေးကင်းစိတ်ချရမှုနှင့် စွမ်းဆောင်ရည် စသည့် နယ်ပယ်သုံးရပ်ကို ၂၀ ရာစုအစောပိုင်းကာလ မော်တော်ကားများ အမြောက်အများ စတင်ထုတ်လုပ်စဉ်ကာလမှ စ၍ စဉ်ဆက်မပြတ်တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် ၁၉၇၃ ခုနှစ်တွင် ရေနံအကြပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ အဆမတန် မြင့်တက်ခဲ့သည့်အတွက် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ မော်တော်ကားထုတ်လုပ်သူများနှင့် အင်ဂျင်နီယာများအနေဖြင့် ပြဿနာအတွက် အဖြေကို ကြိုးပမ်းရှာဖွေခဲ့ပြီး Hybrid Electric Vehicles နှင့် Plug-In Hybrid Electric Vehicles များကို တီထွင်ထုတ်လုပ်လာကြသည်။ အဆိုပါ မော်တော်ယာဉ်များကို လျှပ်စစ်စွမ်းအားနှင့် ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ် နှင့် ရောစပ်၍ စွမ်းအားထောက်ပံ့ပေးထားသည်။
MG သည် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ပြဿနာ၏ အဖြေတစ်ရပ်အနေဖြင့် ၁၀၀ % လျှပ်စစ်စွမ်းအားဖြင့် လည်ပတ်မောင်းနှင်နိုင်သည့် လျှပ်စစ်ကား ( EV) များကို တီထွင်ခဲ့ပါသည်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွတ်မှုမရှိပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို အလေးထားသည့် မော်တော်ယာဉ်များသည် အခြားသော နည်းပညာသုံး ကားများနှင့် နှိုင်းယှဉ်ပါက လောင်စာဆီ စားသုံးမှုပိုမိုသက်သာစေပါသည်။ MG ကားများကို ၃၃၇ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး အချိန်နည်းနည်းဖြင့် အားပြန်ဖြည့်နိုင်သည့် စွမ်းရည်မြင့် ဘက်ထရီများ တပ်ဆင်အသုံးပြုထားပါသည်။ MG ZS EV ကားများအတွက် အခြားသော အဓိက အားသာချက်တစ်ခုမှာ ပိုမိုသေးငယ်ပြီး စွမ်းအားပိုမိုကောင်းမွန် လစ်သီယမ်ဘက်ထရီများကို အသုံးပြုထားသည့်အတွက် မောင်းနှင်နိုင်သည့် ခရီးအကွာအဝေးကို ပို၍ တိုးမြှင့်စေပါသည်။ ဘက်ထရီ၏ သိပ်သည်းဆ မြင့်မားလာမှုနှင့်အတူ ဘက်ထရီတွင်း သိုလှောင်ထားသည့် စွမ်းအင်နှင့် စွမ်းအားလည်း တိုးတက်လာပြီး တစ်ကြိမ်အားသွင်းထားလျှင် ကီလိုမီတာ ၃၃၇ အထိရောက်အောင် မောင်းနှင်နိုင်မည် ဖြစ်ပါသည်။ ဘက်ထရီအားလုံးဝ ကုန်ဆုံးမသွားသေးခင်တွင် အချိန်မရွေး ဘက်ထရီကို အားပြန်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် MG တွင် အပူချိန်ကိုလိုက်၍ ဘက်ထရီကို ထိန်းချုပ်သည့် ဉာဏ်ရည်သုံး စီမံခန့်ခွဲမှုစနစ် (Intelligent Battery Temperature Control Management System) ကို ဆန်းသစ်တီထွင် အသုံးပြုထားပြီး အဆိုပါ စနစ်ကြောင့် မည့်သည့် ပတ်ဝန်းကျင် အခြေအနေတွင်မဆို ဘက်ထရီများ၏ စွမ်းဆောင်ရည် အမြင့်မားဆုံး ပေးစွမ်းနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ထို့အပြင် MG ၏ လျှပ်စစ်ဘက်ထရီများသည် အမြင့်ဆုံးလုံခြုံရေးဆိုင်ရာ စံနှုန်းဖြစ်သည့် UL2580 ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါသည်။ အမေရိကန်နိုင်ငံ၏ အတင်းကြပ်ဆုံး ဘက်ထရီ ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုကို အောင်မြင်စေရန်အတွက် အောက်ပါ စံသတ်မှတ်ချက် ၈ ချက်ကိုပြည့်မီရမည် ဖြစ်ပါသည်။
– လျှပ်စစ်ပတ်လမ်း ဖြတ်တောက်မှု
– ဖုန် သဲတက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
– ဘက်ထရီသည် ဆားငန်ရေကြောင့် ပျက်စီးမှုဒဏ် ခံနိုင်ခြင်း၊
– ရေတွင်နစ်မြုပ်နိုင်မှု၊ လောင်ကျွမ်းမှု၊ အတိုက်အခိုက် နှင့် ရှော့ဒဏ် ကာကွယ်နိုင်ခြင်း၊
– MG ၏ ဘက်ထရီများသည် IP67 ဘက်ထရီစစ်ဆေးမှုကို အောင်မြင်ထားပြီး ဖြစ်ပါသည်။
– ဘက်ထရီကို တစ်မီတာအနက်ရှိသည့်ရေထဲတွင် မိနစ် ၃၀ ကြာအောင် စိမ်ထားပြီး ပြန်လည်တပ်ဆင် အသုံးပြုသည့်အခါ ပုံမှန်အတိုင်းပင် ဆက်လက် လုပ်ဆောင်နိုင်သည်ကို တွေ့ရပါသည်။
#DriveMediaMyanmar