Unicode version…
ရန်ကုန်မြို့၊ မေလ ၃၀ရက် ၂၀၁၇ခုနှစ်။ ။ လွန်ခဲ့သော နှစ်ပတ်ခန့်က ပထမဆုံး Michelin Shop (Michelin ကားပြုပြင်ထိန်းသိမ်းရေး စင်တာ) အား ပြည်မြို့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ကမ္ဘာထိပ်တန်း တာယာကုမ္မဏီတစ်ခုဖြစ်သည့် Michelin မှ မြန်မာနိုင်ငံတွင် ဒုတိယမြောက် Michelin Shop အား ရန်ကုန်မြို့ရှိ “မျိုး” တာယာအရောင်းဆိုင်တွင် ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဤသို့ဖွင့်လှစ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ တာယာ ထုတ်ကုန်များ နှင့် ယာဉ်ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု စံချိန်စံညွှန်းအား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ Michelin ၏ “A Better Way Forward” ဟူသော ဆောင်ပုဒ် အရ လူနှင့် မော်တော်ယာဉ် ဘေးကင်းယာဉ်လုံခြုံရန်အတွက် နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အား တစ်ဖက်တစ်လှမ်းမှ ထောက်ပံ့ပေးခြင်းဖြစ်သည်။
ပထမဦးဆုံး Michelin Shop နှစ်ဆိုင်အား ဖွင့်လှစ်ခြင်းသည် ၂၀၀၄ ခုနှစ် Michelin မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်နှင့် ထင်ရှားသော မှတ်တိုင်တစ်ခု ဖြစ်သည်။ လှိုင်မြို့နယ်၊ အမှတ် ၂၁၊ ဗဟိုလမ်း၊ ရွာမကွေ့တွင်တည်ရှိ၍ အသစ်ဖွင့်လှစ်ထားသော Michelin Shop သည် မိမိ၏ကားလိုအပ်ချက်များကို တစ်နေရာတည်းတွင် ပြီးဆုံးအောင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး Michelin ၏ ကမ္ဘာကျော် တာယာများသာမက တာယာပြုပြင်ထိန်းသိမ်းခြင်း၊ လဲလှယ်ပေးခြင်း၊ အင်ဂျင်ဝိုင် နှင့် ဘက်ထရီ လဲလှယ်ပေးခြင်း နှင့် အခြား မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းပေးခြင်း စသည့် ဝန်ဆောင်မှုများလည်း ပေးအပ်မည် ဖြစ်သည်။ အဆိုပါ ဆိုင်တွင် ကားပြုပြင်ခန်း ၄ ခန်းနှင့်အတူ စနစ်တကျလေ့ကျင့်ပေးထားသော ဝန်ထမ်း ၁၅ဦးမှ ဧည့်သည်များ၏ မော်တော်ကားနှင့် ပတ်သက်သည့် လိုအပ်ချက်အားလုံးအား နေ့စဉ် နံနက် ရနာရီမှ ညနေ ၅နာရီ ၃၀မိနစ်အထိ ဝန်ဆောင်မှုပေးမည် ဖြစ်သည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံစျေးကွက်နှင့် ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိပါတယ်။ နိုင်ငံရဲ့မော်တော်ကားကဏ္ဍဟာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မော်တော်ကား အစိတ်အပိုင်းနဲ့ ပြုပြင်ထိန်းသိမ်းဖို့အတွက် လိုအပ်ချက်တွေလဲ ပိုမိုများပြားလာပါတယ်။ Michelin Shops များ ဖွင့်လှစ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံနဲ့ အရှေ့အာရှဒေသတွေမှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ တာယာနဲ့ ကား ပြုပြင်ထိန်းသိမ်းမှု အဆင့်အတန်းကို နိုင်ငံတကာ အဆင့်မီအောင် မြှင့်တင်ပေးပြီး လူတိုင်းအတွက် ကောင်းမွန်သော ပို့ဆောင်ဆက်သွယ်ရေးနှင့် ကားလမ်းအန္တရာယ် ကင်းရှင်းရေးကို ပေးဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု Michelin Group ၏ ဩစတေးလျ နှင့် အရှေ့အာရှဆိုင်ရာ ဥက္ကဌနှင့် မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူ Lionel Dantiacq မှ ပြောကြားခဲ့သည်။
Michelin ဟာ မြန်မာနိုင်ငံ မော်တော်ကားစျေးကွက် နဲ့အတူ ဆက်လက်တိုးတက်ကြီးထွားလာဖို့ ရည်ရွယ်ထားပြီး နောင်အနာဂါတ်မှာ အခြားမြို့တွေမှာပါ Michelin Shop များဆက်လက်ပြီး ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ဟု Mr. Dantiacq မှ ထပ်လောင်းပြောကြားခဲ့သည်။
Michelin အကြောင်း
တာယာလုပ်ငန်းတွင် ဦးဆောင်နေသည့် ကုမ္ပဏီဖြစ်သော Michelin သည် သုံးစွဲသူများ၏ သယ်ယူပို့ဆောင်ရေး၊ ရေရှည်တည်တံ့ရေး၊ တိုးတက်စေရန်တို့ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် အသင့်တော်ဆုံးဖြစ်သည့် တာယာများ၊ ဝန်ဆောင်မှုများနှင့် ဖြေရှင်းချက်များကို ဒီဇိုင်းထုတ်ရန်နှင့် ဖြန့်ဖြူးရန်၊ အပျော်ခရီးသွားခြင်းနှင့် ခရီးထွက်ခြင်းတို့ကို ထူးခြားသည့်အတွေ့အကြံုများဖြစ်စေရန်အတွက် ကူညီပေးမည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၊ မြေပုံများနှင့် လမ်းညွှန်များကို ပေးအပ်ရန်နှင့် ပြောင်းရွှေ့သည့်လုပ်ငန်းကို ဝန်ဆောင်မှုပေးမည့် နည်းပညာမြင့် ပစ္စည်းများကို ထုတ်လုပ်ရန် ရည်သန်ထားပါသည်။ ပြင်သစ်နိုင်ငံ ကလဲမောင့် ဖာရန်း (Clermont-Ferrand, France) အခြေစိုက် Michelin သည် နိုင်ငံပေါင်း ၁၇၀ နိုင်ငံတွင် တည်ရှိပြီး၊ ဝန်ထမ်းပေါင်း ၁၁၁,၇၀၀ ရှိသည်။ ထို့အပြင် နိုင်ငံ ၁၇ နိုင်ငံတွင် စက်ရုံပေါင်း ၆၈ ခု အား လည်ပတ်ကာ ၂၀၁၅ တွင် တာယာအလုံးပေါင်း ၁၈၄ သန်း ထုတ်လုပ်နိုင်ခဲ့သည်။(www.michelin.com)
သတင်းအချက်အလက်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက
Myat Thu Tun
Mangosteen PR for Michelin
Tel: 09 79 8888 503
Email: [email protected]
Zawgyi version…
Michelin ဟာ မြန်မာနိုင်ငံ မော်တော်ကားဈေးကွက် နဲ့အတူ ဆက်လက်တိုးတက်ကြီးထွားလာဖို့ ရည်ရွယ်ထားပြီး နောင်အနာဂါတ်မှာ အခြားမြို့တွေမှာပါ Michelin Shop များဆက်လက်ပြီး ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ဟု Mr. Dantiacq မှ ထပ်လောင်းပြောကြားခဲ့သည်။
Michelin အကြောင်း
|