Unicode version…
အင်္ဂလန်နိုင်ငံ Oxford မြို့အခြေစိုက် BMW Group မှထုတ်လုပ်သော Mini အမျိုးအစားကားများကို မြန်မာနိုင်ငံတွင် ၀န်ဆောင်ခပေးရန်မလိုဘဲ ယာဉ်စစ်ဆေးမှု ၅၁ချက်ကိုဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၁၄ရက်အထိ တစ်လကြာ အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် Mini ကားအရောင်းပြခန်းမဖွင့်လှစ်နိုင်သေးသော်လည်း လက်ရှိပြည်တွင်း၌ရှိပြီးဖြစ်သည့် မီနီကားများအတွက် Service Center ကို Prestige Automobiles ကုမ္ပဏီမှ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ရရှိပြီး ဖေဖော်ဝါရီလ ၁၃ရက်နေ့က တရားဝင်ဖွင့်လှစ် ၀န်ဆောင်မှုစတင်ပေးခဲ့သည်။ထို့ပြင် Mini ကားအသစ်များဝယ်ယူလိုပါက ယင်းကုမ္ပဏီမှတစ်ဆင့် MINI Asia Pacific ကုမ္ပဏီသို့တိုက်ရိုက်ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရသည်။ “BMW Group အောက်ကဆိုပေမယ့် Mini Brand အနေနဲ့သီးသန့်ရပ်တည်နေတာပါ။Mini Service ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာလည်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ၀န်ဆောင်မှု နှစ်နှစ်တာကာလရဲ့ လုပ်ကိုင်ရည်ပေါ်မှုတည်ပြီး Mini ကဆုံးဖြတ်ရွေးချယ်ခဲ့တာပါ။BMW ဘက်ကလည်း Mini ဘက်ကို ဒီလူကိုတော့ရွေးချယ်ပါလို့ ၀င်ပြောခွင့်မရှိဘူး။Mini ကသေချာစီစစ်ပြီးရွေးချယ်တာဖြစ်တဲ့အတွက်အခုလို MINI ရဲ့ဝန်ဆောင်မှုကိုယ်စားလှယ် ခန့်အပ်ခံရတဲ့အတွက် ၀မ်းသာပါတယ်။လုံခြုံစိတ်ချရမှုပိုင်းကို အဓိကထားဆောင် ရွက်ပေးနေတဲ့အတွက် အဲဒီကားနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုအားလုံးကို ဆော့ဖ်ဝဲ နဲ့ Programming Update ပြုလုပ်ပြီး KDS alignment စစ်ဆေးမှုကိုပါ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ”ဟု Prestige Automobiles ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးချမ်းမြ ကပြောသည်။ Mini ကားဆားဗစ်စင်တာကို လက်ရှိBMW Showroom နှင့်Service Center တည်ရှိရာ အမှတ် ၄၈၅၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်တွင် နေ့စဉ် နံနက် ၈နာရီခွဲမှ ညနေ ၅နာရီခွဲအထိဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေနှင်းနွယ်(သတင်း၊ဓါတ်ပုံ)
Zawgyi verison…
အဂၤလန္ႏုိင္ငံ Oxford ၿမိဳ႕အေျခစိုက္ BMW Group မွထုတ္လုပ္ေသာ Mini အမ်ဳိးအစားကားမ်ားကို ျမန္မာႏုိင္ငံတြင္ ၀န္ေဆာင္ခေပးရန္မလုိဘဲ ယာဥ္စစ္ေဆးမႈ ၅၁ခ်က္ကိုေဖေဖာ္၀ါရီလ ၁၄ ရက္မွ မတ္လ ၁၄ရက္အထိ တစ္လၾကာ အခမဲ့၀န္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ ျမန္မာႏုိင္ငံတြင္ Mini ကားအေရာင္းျပခန္းမဖြင့္လွစ္နိုင္ေသးေသာ္လည္း လက္ရွိျပည္တြင္း၌ရွိၿပီးျဖစ္သည့္ မီနီကားမ်ားအတြက္ Service Center ကို Prestige Automobiles ကုမၸဏီမွ ကုိယ္စားလွယ္အျဖစ္ ေဆာင္ရြက္ခြင့္ရရွိၿပီး ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔က တရား၀င္ဖြင့္လွစ္ ၀န္ေဆာင္မႈစတင္ေပးခဲ့သည္။ထို႔ျပင္ Mini ကားအသစ္မ်ား၀ယ္ယူလိုပါက ယင္းကုမၸဏီမွတစ္ဆင့္ MINI Asia Pacific ကုမၸဏီသုိ႔တိုက္႐ိုက္ဆက္သြယ္ ၀ယ္ယူႏုိင္ေၾကာင္း သိရသည္။ “BMW Group ေအာက္ကဆုိေပမယ့္ Mini Brand အေနနဲ႔သီးသန္႔ရပ္တည္ေနတာပါ။Mini Service ရဲ႕ ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံရတာလည္း ကၽြန္ေတာ္တို႔ ေဆာင္ရြက္ခဲ့တဲ့ ၀န္ေဆာင္မႈ ႏွစ္ႏွစ္တာကာလရဲ႕ လုပ္ကိုင္ရည္ေပၚမႈတည္ၿပီး Mini ကဆံုးျဖတ္ေရြးခ်ယ္ခဲ့တာပါ။BMW ဘက္ကလည္း Mini ဘက္ကို ဒီလူကိုေတာ့ေရြးခ်ယ္ပါလို႔ ၀င္ေျပာခြင့္မရွိဘူး။Mini ကေသခ်ာစီစစ္ၿပီးေရြးခ်ယ္တာျဖစ္တဲ့အတြက္အခုလို MINI ရဲ႕၀န္ေဆာင္မွဳကိုယ္စားလွယ္ ခန္႔အပ္ခံရတဲ့အတြက္ ၀မ္းသာပါတယ္။လံုၿခံဳစိတ္ခ်ရမႈပိုင္းကို အဓိကထားေဆာင္ ရြက္ေပးေနတဲ့အတြက္ အဲဒီကားနဲ႔ပတ္သက္တဲ့ ၀န္ေဆာင္မႈအားလံုးကို ေဆာ့ဖ္၀ဲ နဲ႔ Programming Update ျပဳလုပ္ၿပီး KDS alignment စစ္ေဆးမႈကိုပါ ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္။ ”ဟု Prestige Automobiles ကုမၸဏီမွ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးခ်မ္းျမ ကေျပာသည္။ Mini ကားဆားဗစ္စင္တာကို လက္ရွိBMW Showroom ႏွင့္Service Center တည္ရွိရာ အမွတ္ ၄၈၅၊ ျပည္လမ္းႏွင့္ နာနတ္ေတာလမ္းေထာင့္တြင္ ေန႔စဥ္ နံနက္ ၈နာရီခဲြမွ ညေန ၅နာရီခဲြအထိဖြင့္လွစ္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေမႏွင္းႏြယ္(သတင္း၊ဓါတ္ပံု)