Mini သည် ဗြိတိန်တွင် ကာလကြာရှည်စွာ အောင်မြင်မှုရရှိထားသည့် Iconic Brand ဖြစ်ပြီး ကမ္ဘာအနှံ့တွင် လူကြိုက်များကြပါသည်။ U.S.A သို့ ပထမဆုံး တင်ပို့သည့် Mini ကားများအား 1960 နှစ်များတွင် စတင်ရောင်းချခဲ့ပြီး British Motor Corp မှ တင်ပို့ရောင်းချခြင်းဖြစ်သည်။ နာမည်ကျော် Mini အား BMW ဝယ်ယူခဲ့ပြီးနောက် Compact Cooper 2 – door Compact Model များကို တိုးချဲ့ဖန်တီးလာပါသည်။ ယခုအခါ 4 – door Cooper Hard top နှင့် အမိုးဖွင့်ကား အမျိုးအစားတို့ကို ထုတ်လုပ်ထားပါသည်။ ထို့အတူ 4 – door Clubman Hatchback နှင့် Countryman Compact SUV တို့ဖြင့် Mini သည် အမျိုး အစားများစွာ စုံလင်လျက်ပါသည်။ Countryman သည် PHEV Type ဖြစ်ပြီ Nero Emission ချစ်သူများအကြိုက်တွေ့မည်ဖြစ်သည်။ Mini Cooper တွင် EV SE Model ရှိပြီး လျှပ်စစ်သီးသန့်ဖြင့် ( မိုင် ၁၁၀ ) ခန့် အသုံးပြုနိုင်သည့် Performance လည်းပိုင်ဆိုင် ထားပါသည်။ Mini ၏ ပုံမှန်အမျိုး အစားကား ၊ S trim နှင့် အခြားသော Model များအား John Cooper Works Version မှ တာဝန်ယူထုတ်လုပ်ခြင်းဖြစ်သည်။

Zawgyi Version…
Mini Cooper ၏ အဆင့်မြင့်တင်ထားသည့် မော်ဒယ်သစ်များ
