Mini ကတော့ Brand ရဲ့အောင်မြင်ကျော်ကြားမှုပိုရလာေရးအတွက် ထူးထူးခြားခြားအပြောင်းအလဲတစ်ခုကိုလုပ်တော့မယ့်ပုံပါ။ အဲဒါကို Mini Countryman (2nd Feb) 2021 model မှာ စပြီးတွေ့မြင်ရဖို့ရှိပါတယ်။ထုတ်လုပ်ခဲ့သမျှထဲမှာအရွယ်အစားအကြီးဆုံးဖြစ်တဲ့ M Countryman ဟာ ဈေးကွက်တိုင်းလိုလိုမှာ အောင်မြင်မှုရထားတဲ့ကားတစ်စီးပါ။
US ဈေးကွက်မှာ Mini Cooper တွေကအဝယ်လိုက်တယ်ဆိုပေမဲ့လည်း ခြုံကြည့်လိုက်ရင်တော့ Mini Brand Model အားလုံးရဲ့ရောင်းအားစုစုပေါင်းထဲက 30% လောက်ဟာ Countryman ရောင်းချမှုကလာတာဖြစ်ပါတယ်။
အဲဒီလိုမျိူး small crossover တွေနဲ့အောင်မြင်မှုရထားပြီးဖြစ်တဲ့ Mini က အခုတော့ အကြီးစား Mini တွေထုတ်လုပ်ဖို့ကိုပါေခြလှမ်းစပြင်လာပါပြီ။ Company ရဲ့ design boss Oliver Heilmer ကိုယ်တိုင်ကလည်း ဒီလိုေပြာင်းလဲမှာကို ထောက်ခံထားပါတယ်။
Chinaနဲ့ US ဈေးကွက်ဝယ်လက်တွေက ပိုကြီးပြီး ပိုကျယ်ဝန်းတဲ့ကားမျိုးကိုသဘောကျတာဖြစ်လို့လည်းအကြီးစား Mini Countryman က ေအာင်မြင်မှုရနိုင်ေချေတာ့များပါတယ်။
သေချာတာက Mini အနေနဲ့ အဲဒီလို SUV မျိုးထုတ်လုပ်မယ်သာဆိုရင် Platform တစ်ခုအဆင်သင့်ရှိေနတယ်ဆိုတာပါ။ အဲဒီ Platform ကတော့ လက်ရှိ Countryman model မှာသာမက BMW X2 နဲ့ new BMW 2 Series Gran Coupe တွေမှာပါအသုံးပြုထားတဲ့ BMW ရဲ့ UKL2 modular architecture ပဲဖြစ်ပါတယ်။ Front-wheel-drive သုံး platform ဖြစ်ပေမဲ့ All-wheel drive အတွက်ပါ အလွယ်တကူပြောင်းလဲအသုံးပြုနိုင်မယ့် Platform မျိုးလည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ Mini ဘက်ကနေ တစ်ခုခုကို တရားဝင်ထုတ်ပြောလာခြင်းမရှိသေးပါဘူး။ အကယ်၍ အရွယ်အစားပိုကြီးမားတဲ့ SUV တွေထုတ်လုပ်မယ့်ဒီအစီအစဥ်သာ တကယ်ဖြစ်လာမယ်ဆိုရင် Hatchback အမာခံဖန်တွေအဖို့ သတင်းေကာင်းတစ်ခုမဖြစ်နိုင်တာက အသေအချာပါ။
Ref: carbuzz
Thiha