Mini ၏ စတုတ္ထမြောက်မျိုးဆက် Hardtop Model အား 2020 တွင် စတင်ရောင်းချမည်ဖြစ်ပြီး ထူးခြားသည့် ပြောင်းလဲမှုများအနေဖြင့် ပုံစံအသစ်သည် ယခုထက်များစွာ အရွယ်ငယ်လာမည်ဖြစ်ကာ လျှပ်စစ်သီးသန့်သုံးအဖြစ်ထုတ်လုပ်မည်ဖြစ်ပါသည်။ ၎င်း၏ အရွယ်အား 2000 ပြည့်နှစ်များတွင် ထုတ်လုပ်ခဲ့သည့် ပထမမျိုးဆက် Model များအတိုင်းပြန်လည်ဖန်တီးမည်ဖြစ်ပြီး ထိုသို့ အရွယ်ငယ် သည့် Mini အား တဖန်မွေးဖွားရန် Idea အသစ်ဖြင့် စီစဉ်ခြင်းဖြစ်ကြောင်း Mini ၏ ဥက္ကဋ္ဌဖြစ်သူ Mr Bernd Kroeber မှ Auto Express မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ထို့အတူ လျှပ်စစ်သီးသန့်သုံး အနေဖြင့် သေးငယ်ကျစ်လစ်ပြီး Compact ဖြစ်သည့် လျှပ်စစ်မော်တာကို အသုံးပြုမည်ဖြစ်ပြီး ပေ့ါပါးပြီး စွမ်းဆောင်ရည်မြင့်သည့် အနေအထားဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။ အီတလီအခြေစိုက် Fiat ၏ Fiat 500 ကို Battery – powered Model အနေဖြင့် ဥရောပဈေးကွက် တွင် ရောင်းချလျက်ရှိပြီး Porsche သည်လည်း ၎င်း၏ Macan အား EV အနေဖြင့် ထုတ်လုပ်ရန် စီစဉ်ထားပါသည်။ အသစ်ထုတ်လုပ်မည့် Model တွင် BMW အထောက်အပံ့ဖြစ်သည့် BMW – Sourced Platform ကို အသုံးပြုမည်မဟုတ်ကာ အဆိုပါ Platform သည် အရွယ်ကြီးမားသည့် အတွက် ဖြစ်သည်။ New Architecture အတွက် Mini ၏ အင်ဂျင်နီယာများအနေဖြင့် Platform ပုံစံအသစ်ကို ပြောင်းလဲဖန်တီးမည်ဖြစ်ပြီး Joho Cooper Works – badged ဖြင့် ဖွံ့ဖြိုးတိုးတက် ဖန်တီးရန် စီစဉ်ထားပါသည်။

Mini Hardtop Model ၏ မ်ိဳးဆက္သစ္သည္ လွ်ပ္စစ္သီးသန႔္သုံးျဖစ္မည္
Mini ၏ စတုတၳေျမာက္မ်ိဳးဆက္ Hardtop Model အား 2020 တြင္ စတင္ေရာင္းခ်မည္ျဖစ္ၿပီး ထူးျခားသည့္ ေျပာင္းလဲမႈမ်ားအေနျဖင့္ ပုံစံအသစ္သည္ ယခုထက္မ်ားစြာ အ႐ြယ္ငယ္လာမည္ျဖစ္ကာ လွ်ပ္စစ္သီးသန႔္သုံးအျဖစ္ထုတ္လုပ္မည္ျဖစ္ပါသည္။ ၎၏ အ႐ြယ္အား 2000 ျပည့္ႏွစ္မ်ားတြင္ ထုတ္လုပ္ခဲ့သည့္ ပထမမ်ိဳးဆက္ Model မ်ားအတိုင္းျပန္လည္ဖန္တီးမည္ျဖစ္ၿပီး ထိုသို႔ အ႐ြယ္ငယ္ သည့္ Mini အား တဖန္ေမြးဖြားရန္ Idea အသစ္ျဖင့္ စီစဥ္ျခင္းျဖစ္ေၾကာင္း Mini ၏ ဥကၠ႒ျဖစ္သူ Mr Bernd Kroeber မွ Auto Express မဂၢဇင္းသို႔ ေျပာၾကားခဲ့သည္။ ထို႔အတူ လွ်ပ္စစ္သီးသန႔္သုံး အေနျဖင့္ ေသးငယ္က်စ္လစ္ၿပီး Compact ျဖစ္သည့္ လွ်ပ္စစ္ေမာ္တာကို အသုံးျပဳမည္ျဖစ္ၿပီး ေပ့ါပါးၿပီး စြမ္းေဆာင္ရည္ျမင့္သည့္ အေနအထားျဖင့္ အသုံးျပဳႏိုင္ရန္ စီစဥ္ထားပါသည္။ အီတလီအေျခစိုက္ Fiat ၏ Fiat 500 ကို Battery – powered Model အေနျဖင့္ ဥေရာပေဈးကြက္ တြင္ ေရာင္းခ်လ်က္ရွိၿပီး Porsche သည္လည္း ၎၏ Macan အား EV အေနျဖင့္ ထုတ္လုပ္ရန္ စီစဥ္ထားပါသည္။ အသစ္ထုတ္လုပ္မည့္ Model တြင္ BMW အေထာက္အပံ့ျဖစ္သည့္ BMW – Sourced Platform ကို အသုံးျပဳမည္မဟုတ္ကာ အဆိုပါ Platform သည္ အ႐ြယ္ႀကီးမားသည့္ အတြက္ ျဖစ္သည္။ New Architecture အတြက္ Mini ၏ အင္ဂ်င္နီယာမ်ားအေနျဖင့္ Platform ပုံစံအသစ္ကို ေျပာင္းလဲဖန္တီးမည္ျဖစ္ၿပီး Joho Cooper Works – badged ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ ဖန္တီးရန္ စီစဥ္ထားပါသည္။