Mitsubishi သည် Japan Market အတွက် Kei Car ခေါ် ကားငယ်အသစ်တစင်းအား မိတ်ဆက်လိုက်ပြီး ၎င်းအား eK X EV ဟုသတ်မှတ်ပါသည်။ ၎င်းသည် Full EV Kei Car ဖြစ်ပြီး eK X Range တွင်နောက်ဆုံးပေါ် Model ဖြစ်သည်။ အဆိုပါ Model သည်ယခင်က မိတ်ဆက်ခဲ့သည့် Cartoon Version of New Mitsubishi Outlander ကိုမှီငြမ်းထားသည့် Model လည်းဖြစ်သည်။ Mitsubishi သည် eK X Series အားကားငယ်ဆိုသော်လည်း  SUV Flovour အနေဖြင့်ရည်ရွယ်ဖန်တီးခြင်းသည့်အတွက် ကားအရွယ်ငယ်သော်လည်း အဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်သည်။ New eK X Kei Car အား ( USD 14000 ) ဝန်းကျင်ခန့်ရှိမည့် ဂျပန်ယန်းငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားသည့်အတွက် ဈေးနှုန်းချိုသာသည့်ဟုဆိုရပါမည်။ ၎င်းတွင် ( 180 km ) အထိအသုံးပြုနိုင်သည့် Single Charge EV ၊ ၈ နာရီခန့် အားသွင်းရုံဖြင့်အားပြည့်နိုင်သည့် – 20 – kWh Battery ( AC 200 V / 14.5 A ) တို့အဓိကပါဝင်ပါမည်။

 

Power အနေဖြင့် ( Total Output 63 hp ) ၊ ( 195 Newton – Meters ) ပါဝင်မည်ဖြစ်၍ နေ့စဉ်အသုံးပြုမှုအတွက် အထူးအဆင်ပြေပါမည်။ Mitsubishi Outlander အားအခြေခံပြီး Nissan Rouge / X – Trail ကိုဖန်တီးသကဲ့သို့ ယခု eK X EV ကိုလည်း Nissan Sakura အမည်ဖြင့် Co – Developed အနေဖြင့်ဖန်တီးမည်ဖြစ်သည်။ Nissan တွင် Ariya ကဲ့သို့ ကားငယ်အမျိုးအစားများလည်း ရှိပါသည်။ Mitsubishi eK X Model တွင် – နှင်းခွဲမီး၊ Alloy Wheel ၊ Roof Rails ၊ Automatic Air – Con ၊ On – Board Computer ၊ Back Mirror Camera ၊ Steering Control ၊ စသည့် Features များစုံလင်စွာ ပါဝင်ပါသည်။

#DriveMediaMyanmar