Unicode Version…
Mitsubishi Motors Corporation သည် ဂျပန်နိုင်ငံတိုကျိုမြို့ အခြေစိုက် ကားထုတ်လုပ် ရေးကုမ္ပဏီဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဆဌမမြောက် အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် (၁၆) ဖြစ်သည်။ 2016 ခုနှစ်တွင် Mitsubishi ၏ရှယ်ယာ ၃ ပုံ ၁ ပုံ ကို Nissan မှပိုင်ဆိုင်သွားခဲ့ပြီး Renault–Nissan–Mitsubishi Alliance ၏ အစိတ် အပိုင်းတစ်ခုဖြစ်သွားခဲ့သည်။ တစ်ချိန်က ဂျပန်နိုင်ငံ၏ အကြီးဆုံး စက်မှုလုပ်ငန်းစုဖြစ်သော Mitsubishi လုပ်ငန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Mitsubishi Heavy Industries ၏ ဌာနခွဲတစ်ခုအဖြစ်မှ 1970 ခုနှစ်တွင် သီးခြားကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ Mitsubishi ၏ထင်ရှားလှသော အင်ဂျင်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုနည်း ပညာမှာ လွန်စွာ ထင် ရှားပြီး အကြမ်းခံမှု၊ဆီစားနှုန်း၊တာရှည်ခံမှုနှင့် ပြုပြင်ထိန်းသိမ်း ရလွယ်ကူမှုများကြောင့် အခြားမော်တော်ကား ကုမ္ပဏီ များမှလည်း နည်းပညာဖလှယ်ပြီး လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။
Mitsubishi Motors ကုမ္ပဏီသည် အခြားသော မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီ အမှတ်တံဆိပ် များဖြစ်ကြသော Chrysler, Volvo, Peugeot, Renault, Volkswagen နှင့်လည်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည်။ လက်ရှိတွင် Mitsubishi မှထုတ်လုပ်သော မော်တော်ယာဉ်အချို့ကို မြန်မာနိုင်ငံတွင်တရားဝင် Showroom ဖွင့်လှစ်ရောင်းချနေပြီး ရရှိနိုင်သော ကားများအကြောင်းရေးသားဖော်ပြလိုက်ရပါသည်။

Mitsubishi Mirage

Subcompact cars အဖြစ်ထုတ်လုပ်ထားပြီး Hatchback Model အနေနဲ့လာပါတယ်။ မြို့တွင်းမှာ အသုံးပြုဖို့အတွက် ကျစ်လျစ်မှုပုံစံကို လှပတဲ့ဒီဇိုင်းနဲ့ပုံဖော်ပေးထားပါတယ်။ Mirage မှာ အတွင်းခန်းထိုင်ခုံတွေကအစ Quality ကောင်းတာ တွေကို သုံးထားပြီး ရိုးရှင်းတဲ့တည်ဆောက်ပုံနဲ့ဖန်တီးထားပါတယ်။ Push Start စနစ်၊ ၁၅ လက်မအလွိုင်းဝှီး၊လေအိတ် ၂ လုံးနဲ့ ABS စနစ်တွေပါပါတယ်။ ဒါ့အပြင် အလိုအလျောက် အလုပ်လုပ်ပေးတဲ့ Air Conditioning စနစ် ပါဝင်လာတယ်။ စမတ်ဖုန်းကို Bluetooth ကတစ်ဆင့် ချိတ်ဆက်ပြီးနောက်မှာ စတီယာရင်ပေါ်မှာရှိတဲ့ ခလုတ်တွေကိုသုံးလို့ ဖုန်းခေါ် ဆိုဖြေကြားတာမျိုးတွေ လုပ်နိုင်အောင်လည်း စီမံပေးထားတယ်။ သူ့မှာ 1.2L (12-valve, 3-cylinder) DOHC MIVEC ဓါတ်ဆီအင်ဂျင်နဲ့ Auto ဂီယာစနစ်ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ၁ လီတာကို ၂၁ ကီလိုသွားနိုင်အောင လုပ် ထားပြီး ဆီစားနှုန်းက မြို့တွင်းလမ်းတွေအတွက် အကိုက်ပါပဲ။ ဈေးကတော့ USD 19500 ပဲ ဖြစ်ပါတယ်။

Mitsubishi Attrage

Mirage နဲ့ Platform တူပြီး Sedan အဖြစ်ဖန်တီးထားတဲ့ Attrage က Sport ဆန်တဲ့ ဆီဒင်ကားသေးဖြစ်ပါတယ်။ သူ့မှာ Grade ခွဲတွေရှိပြီး အမြင့်ဆုံး Attrage GLS Sport Edition ဂရိတ်မှာမူ ရှေ့နောက် Original skirt , Spoiler တွေထည့်သွင်းအလှဆင်ထားတဲ့အပြင် Back Camera ပါတဲ့ Touch Screen လည်းပါဝင်မှာဖြစ်ပါတယ်။ Attrage GLS မှာတော့ ဒီ Feature တွေမပါပါဘူး။ အင်ဂျင်က Mirage နဲ့အတူတူပါပဲ။ အတွင်းခန်းမှာ ဆိတ်သား ရေကြမ်းနဲ့ ပြုလုပ်ထားတဲ့ အထည်သားထိုင်ခုံ၊အလိုအလျောက်လေအေးပေးစနစ်၊ နောက်ဘက်ခုံတန်းမှာ လက်တင် ခုံနဲ့ ခွက်ထည့်စ ရာနေရာ၊ Keyless Operation စနစ်၊ Audio နဲ့ Hand free Phone စနစ်တွေကို ထိန်းချုပ်နိုင်တဲ့ စတီယာရင် Remote Control ၊ Power Window ၊ 15 လက်မအလွိုင်းဝှီးတွေ၊ လုံခြုံရေးနစ်အနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ ABS+EBD တို့ပါဝင်သည်။ ဒီကားက ဆီဒင်ပေမယ့် ကွေ့ရာမှာ အလွန်အဆင်ပြေစေဖို့ Turning Radius ကို 4.8 m အထိရရှိအောင်ပြုလုပ်ထားလို့ U-Turn တွေမှာ အထူးသာလွန်ကောင်းမွန်ပါတယ်။ ဈေးနှုန်းကတော့ Attrage GLS ကို USD 20,900 , Attrage GLS Sport Edition ကို USD 21,900 ဖြစ်ပါတယ်။

Mitsubishi L200

ထုတ်လုပ်မှုသက်တမ်း နှစ်၄၀ ကျော်သွားပြီဖြစ်လို့ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ Pick up အမျိုးအစား L200 က အဆင့်မြှင့်တင်မှု တွေအများကြီးလုပ်ထားပါတယ်။ သူ့မှာ 2.5 L 16 valve ဒီဇယ်အင်ဂျင်ကိုသုံးထားပြီး Single Cab နဲ့ Double Cab ရိုးရိုးမှာ 5 speed Manual Transmission,အမြင့်ဆုံးဂရိတ်မှာတော့ Auto,Manual 2 မျိုးလုံးမောင်နိုင်တဲ့ Transmission ကိုသုံးထားပါတယ်။ အမြင့်ဆုံးဂရိတ်မှာတော့ Back Camara/ CD Player / Multi Player Touch panel ပါဝင်ပြီး Paddle shift ပါလို့စပေါ့ပုံစံမောင်းနှင်နိုင်မှာပါ။ ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိတဲ့ အတွင်းခန်းမျိုး ကိုပိုင်ဆိုင်ထားပြီး စတီယာရင်စနစ်ကို Sport ဆန်ပြီး တုံ့ပြန်မှုမြန်အောင်ပြုလုပ်ထားတယ်။ ပြီးတော့ လေးဘီးယက်စနစ်နဲ့လာသလို အောက်ပိုင်း စနစ်ကလည်း မာကျောမှုရှိပါတယ်။ ၄၅ဒီဂရီစောင်းတဲ့ နေရာ တွေမှာမောင်းနှင်နိုင်သလို ပေါ့ပါးမာကျောတဲ့ ဘော်ဒီဖရိန်ကိုသုံးထားလို့ ဆီစားသက်သာစေမှာဖြစ်ပါတယ်။ ဒီကားက လုံးဝကိုအကြမ်းခံပြီး Safety အနေနဲ့ ABS,EDB တို့လို ဘရိတ်ကို အထောက်အကူပြုတဲ့စနစ်တွေပါဝင်ပါတယ်။ ဈေးကတော့ Single Cab USD 22500,Double Cab Manual USD 35900,Double Cab Auto USD 43900 ဖြစ်ပါ တယ်။

Mitsubishi Pajero

Mid size SUV အဖြစ်ဖန်တီးထားတဲ့ ပြည်တွင်းမှာတော့ အထူးမိတ်ဆက်စရာမလိုအောင်ကို လူကြိုက်များ၊နာမည်ရပြီး သားဖြစ်ပါတယ်။ ခန့်ထည်မှု၊အကြမ်းခံမှုတွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားတဲ့ မျိုးဆက် ၅ ခုမြောက် Mitsubishi Pajero မှာတော့ Metallic ဘောင်ကွပ်တွေပါတဲ့ အတွင်းခန်းပုံစံ၊ Fully Auto round အဲကွန်းစနစ်၊ ၇ ယောက်စီး လည်သာထိုင်ခုံတွေ၊ Sunroof၊ လက်တင်ခုံတွေ၊ ခွက်ထည့်စရာတွေ၊ ပစ္စည်းထည့်စရာတွေအများကြီးပါသလို 2 wheel / 4 wheel လည်းပြောင်းလဲမောင်းနှင်နိုင်ပါတယ်။ နောက်ပြီး အဆင့်မြင့်တွေကို အသုံးပြုနိုင်မယ့် Touch Screen အပြင် ဒတ်ရှ်ဘုတ်အလည်မှာ ထူးခြားစွာပါရှိတဲ့ Information Display တစ်ခုလည်းပါရှိဦးမှာပါ။ သူ့မှာ မြင်းကောင်ရေ ၁၆၀ ကျော်အားထွက်ရှိမယ့် 3.2L 16 valve intercooler turbocharged Diesel Engine ပါရှိပြီး အော်တိုဂီယာ ၅ ချက်စနစ်ဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ မာကျောတဲ့ ဘော်ဒီ၊ Premium Security Alarm System, Stability Control, Electronic Brake Distribution,ABS,ဆီတိုင်ကီကို လုံခြုံအောင်တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံတွေ၊ ပတ်လည်လေ အိတ်တွေကို အသုံးပြုထားလို့ လုံခြုံစိတ်ချရတဲ့ SUV တစ်စီးလို့ ဆိုရမှာပါ။ ဈေးကတော့ USD 94900 ဖြစ်ပါတယ်။

Mitsubishi Pajero Sport

Sport ဘက်ပိုဆန်တဲ့ ခုံ ၃ တန်း SUV အဖြစ်ဖန်တီးထားတဲ့ Pajero Sport အသစ်က စိတ်ဝင်စားစရာပါဝင်မှု တွေနဲ့ပြည့်နှက် နေပါတယ်။ ဒီဇိုင်းပိုင်းအရာမှာ အပြောင်းအလဲများစွာ လုပ်ပေးထားပြီး ကိုယ်ထည်ကို ပေါ့ပါးမှုရှိအောင် ဖန်တီး ထားပေမယ့် ကြံ့ခိုင်အားကောင်းအောင်လည်း တည်ဆောက်ပေးထားတယ်။ ခရီးလမ်းမျိုးစုံမှာ အသုံးပြုမောင်းနှင်နိုင်စေဖို့ Mitsubishi ရဲ့ ကိုယ်ပိုင်နည်း ပညာ Super Select 4WD II ကို အသုံးပြုထားပြီး မောင်းနှင်သူအနေနဲ့ နှစ်ဘီးယက် Mode နဲ့ လေးဘီးယက် Mode သုံး မျိုးကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်တယ်။ 2.4L MIVEC Intercooled turbocharged DI-D အင်ဂျင်စနစ်မှာ Diesel စနစ်သုံးဖြစ်ပြီး 8 speed automatic Transmission စနစ်ဖြစ်လို့High way လမ်းတွေပေါ်မှာ လုံးအဆင်ပြေစေပါလိမ့်မယ်။ Superior Terrain Handling ability ဖြစ်လို့ထိန်းချုပ်မောင်းနှင်မှု မှာကောင်းမွန်တဲ့အထိအတွေ့ကိုရရှိနိုင်ပါလိမ့်မယ်။ 45 ဒီဂရီ လျှောစောက် တွေမှာ မောင်းနိုင်သလို အရှေ့ဖက် 30° ကုန်း တက်၊ အနောက်ဖက် 24.2° ကုန်းတက်တွေအထိ မောင်းတက်၊ နောက်ဆုတ်လို့ ရပါတယ်။ ပြီးတော့ ရေအနက် 700 mm မှာလည်းအကောင်းဆုံးမောင်းနှင်နိုင်မှာပါ။ ဈေးကတော့ USD 79900 ဖြစ်ပါတယ်။

Mitsubishi ASX

Mitsubishi မျိုးဆက်သစ်ကားတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ Dynamic Shield နည်းပညာကို ASX မှာထပ်မံပေါင်းစပ် အဆင့်မြင့်တင်ထားပါတယ်။ Dynamic Shield ရဲ့သဘောတရားကတော့ ကားတစ်စီး စွမ်းဆောင်ရည်ပိုင်းကိုကောင်းမွန် စေရုံမျှမကလုံခြုံမူကို သာလွန်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းမျိုးပါ။ပြီးတော့ ဒီကားက Mitsubishi ရဲ့ ကြံခိုင်မူ အရှိဆုံးအဖြစ် နာမည်ကျော်ကြားတဲ့ Pajero ကားရဲ့ Bumper side protection လုံခြုံရေးနည်းပညာ နဲ့ Mitsubishi ကားထဲမှာမှ စွမ်းဆောင်ရည်အကောင်းဆုံး အဖြစ်နာမည်ကျော်ကြားတဲ့ Mitsubishi Evolution ရဲ့ နည်းပညာ ၂ မျိုး ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ Compcat SUV ASX မှာ 2.0L Gasoline engine ကိုသုံးထားပြီး hands Free Bluetooth system , Manual ပုံစံမောင်းနှင်နိုင်တဲ့ paddle shift ၊ Cruise control ၊ 2 din touch panel display audio system၊ back camera တွေပါဝင်ပြီး Pajero Sport အသေးစားပုံစံမျိုးဖြစ်ပါတယ်။ ဈေးကတော့ USD 46900 ဖြစ်ပါတယ်။

Zawgyi Version…

Mitsubishi Brand Guide

Mitsubishi Mirage


Mitsubishi Attrage


Mitsubishi L200


Mitsubishi Pajero




Mitsubishi ASX
