Unicode version…



Zawgyi Version…
Mitsubishi D : 5 Crossover Concept အား Tokyo Auto Salon တွင် ပြသမည်
ဂျပန်အခြေစိုက် Mitsubishi သည် အထူးထင်ရှားခဲ့သည့် Delica Model အားပြန်လည်ဆန်းသစ်ခြင်း အနေဖြင့် D 5 Van နှင့် Crossover တို့အား Concept Version များအနေဖြင့် Tokyo Auto Salon တွင် ပြသပါမည်။ D 5 Concept အပြင် Outlander PHEV နှင့် Eclipse Cross Model တို့လည်း ပါဝင်ပြသမည် ဖြစ်ပြီး ၎င်းတို့အား Street Sport SUV များဟု Mitsubishi မှ အမည်ပေးထားပါသည်။ Delica D 5 Model ၏ စွမ်းဆောင်ရည်သည် Van နှင့် SUV ပေါင်းစပ်ထားသည့်အနေအထားရှိမည်ဖြစ်ပြီး ကားအပြင်ဖက်ပတ်လည် တွင် အကောင်းစားပလတ်စတစ်များဖြင့် ပြုလုပ်ဖန်တီးထားပြီး Heavy – duty Roof rack နှင့် ၎င်းအပေါ်တွင် LED Light များကို တပ်ဆင်ထားပါသည်။ ကားဘေးဖက်တွင် အနီရောင်သဲကာများကို တပ်ဆင်ထားမည် ဖြစ်ပြီး အဆင့်မြှင့်ထားသည် Suspension စနစ်များသည် Delica D 5 အားနေရာမရွေးဖြတ်ကျော်အသုံးပြု နိုင်ပါမည်။ Off – Road အသုံးပြုနိုင်ရန် ( AWD System ) နှင့် ( AWD Lock ) စနစ်များသည် Standard ပါရှိပါမည်။ Delica D 5 ၊ Outlander PHEV နှင့် Eclipse Crass တို့အား တူညီသည့် Design Language များတွင် အခြေခံကာ ဖန်တီးထားပြီး Sporty ဆန်သည့်အခင်းအကျင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်းတို့အား အဓိက ထားမည်ဖြစ်သည်။ Yellow Accents Sticker များကိုလည်း Sticker Package အနေဖြင့် Concept Model များအတွက် ထည့်သွင်းထားပါမည်။ အဆိုပါ Concept ကားများအပြင် အခြားသော Model အသစ်များကို Mitsubishi သည် ယခုနှစ် January တွင်ကျင်းပမည့် Tokyo Auto Salon တွင်ပြသမည်ဖြစ်သည်။

