Unicode Version…
Mitsubishi ၏ အများအမျှော်လင့်စောင့်ဆိုင်းနေသည့် e – Evolution Concept EV ထွက်ရှိလာပြီး အဆိုပါ New Concept သည် ခန့်ထည့်ဝံ့ကြွားသည့် ပုံစံရှိပြီး ရှည်လျားပြီး ကျယ်ဝန်း သည့် အရှေ့ လေကာမှန် နှင့် ထောင့်ချိုးများစွာဖြင့် ဖန်တီးထားသည့် အပြင်ဖက် ဒီဇိုင်းသည် e – Evolution အား ဆန်းသစ်စေမည်ဖြစ်သည်။ ထူးခြားချက်မှာ ၎င်းအား လျှပ်စစ်သီးသန့်သုံး EV ဖြင့် ထုတ်လုပ်ထားပါသည်။ ထို့အတူ ( AWD System ) ပါရှိပြီး လျှပ်စစ်မော်တာ ( ၃ ) ခု ပေါင်းစပ် ထည့်သွင်းထားသည့် e –Evolution တွင် ပထမမော်တာသည် အရှေ့ဘီးဝန်ရိုးအပေါ်တွင် ရှိ၍ အခြားမော်တာ (၂) လုံးသည် အနောက်ဘီးဝန်ရိုးအပေါ်တွင် ရှိ၍ ယာဉ်၏ (Torque Vectoring ) ထုတ်လုပ်မှု၏ မတူညီသောစွမ်းအားများကို ထောက်ပံ့ပေးမည်ဖြစ်သည်။
E – Evolution Concept Model တွင် အလွန်ထူးခြားသည့် ပါဝင်မှု တစ်မျိုးဖြစ်သည့် ( AI – Artificial Intelligent ) ခေါ် ( မှတ်ဉာဏ်အတု ) စနစ်ပါရှိမည်ဖြစ်ပြီး ၎င်းစနစ်သည့် ကား၏ ပတ်လည်တွင် တပ်ဆင်ထားသည် အာရုံခံ ကိရယာများစွာဖြင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ AI စနစ်သည် လမ်းများ၏ အခြေအနေနှင့် ကိုက်ညီသည့် တုန့်ပြန်မှုကို ကား၏ Suspension / Steering / Gearbox များဆီသို့ ချက်ချင်းပေးပို့ကာ အကောင်းဆုံး တုန့်ပြန်ပေးမည်ဖြစ်ပြီး ယာဉ်မောင်အား အထိရောက်ဆုံးထောက်ပံ့မှုကို ပေးအပ်နိုင်မည့်အပြင် ၊ လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ခြင်းနှင့်အတူ အကြံကောင်းများကိုလည်း ကူညီပေးအပ်မည့်စနစ်ဖြစ်သည်။ အထူးအားဖြင့် မီတာဒိုင်ခွက်ရှိ Onboard Computer မှ ယာဉ်၏ အခြေအနေ ၊ လမ်းနှင့် ပတ်ဝန်းကျင်တို့၏ အနေအထားများကို ယာဉ်မောင်းအားစဉ်ဆက်မပြတ်သတင်းပေးပို့မည်ဖြစ်သည်။ Mitsubishi အနေဖြင့် e – Evolution Concept အား EV ကားများ၏ တခေတ်ဆန်းသည့် အပြောင်းအလဲအနေဖြင့်လည်းကောင်း ၊ \AI နည်းပညာရပ်၏ ထူးခြားချက်များဖြင့် အကောင်းဆုံးသောမောင်းနှင်ခြင်း တို ဖန်တီးနိုင်ရန် လည်းကောင်း ရည်ရွယ်ပြီး ဖန်တီးခြင်းဖြစ်ပါသည်။
Zawgyi Version..
အကောင်းဆုံးသောမောင်းနှင်မှု စွမ်းဆောင်ရည်ကို ရရှိစေမည့် Mitsubishi e – Evolution
Concept EV