ရန္ကုန္၊ စက္တင္ဘာ ၈
Mitsubishi ၏ ၇ ေယာက္စီး MPV အမ်ဳိးအစားကားေမာ္ဒယ္လ္သစ္ကုိ ျမန္မာပလာဇာတြင္ စက္တင္ဘာလ ၁၄ ရက္ႏွင့္ ၁၅ ရက္တို႔တြင္ မိတ္ဆက္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း Mitsubishi Myanmar မွ Business Develop Manager ကုိေက်ာ္သူျမင့္က ေျပာသည္။

အဆိုပါ MPV အမ်ဳိးအစားကား ေမာ္ဒယ္လ္သစ္ကုိ မီဒီယာမ်ားႏွင့္ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ားေရွ႕တြင္ စမ္းသပ္ေမာင္းႏွင္သည့္ အခမ္းအနားကုိ စက္တင္ဘာလ ၈ ရက္ေန႔က The One Entertainment Park တြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါ ကားသည္ ေလးခ်က္ထိုး ဂီယာစနစ္ႏွင့္ အင္ဂ်င္ပါဝါ 1.5 အမ်ဳိးအစားျဖစ္ၿပီး ေစ်းႏႈန္းကုိမူ စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါကားကုိ Mitsubishi ၏ နာမည္ေက်ာ္ လုံၿခဳံစိတ္ခ်ရသည့္ တည္ေဆာက္ပုံ RISE စနစ္အတိုင္း တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၂၀၁၈ ေမာ္ဒယ္လ္ထက္ ဒီဇိုင္းအသြင္အျပင္ အနည္းငယ္ ေျပာင္းလဲထားေၾကာင္း သိရသည္။

Unicode Version…

Mitsubishi ၏ ၇ ယောက်စီး MPV ကားကို မြန်မာပလာဇာတွင် မိတ်ဆက်မည်

ရန်ကုန်၊ စက်တင်ဘာ ၈
Mitsubishi ၏ ၇ ယောက်စီး MPV အမျိုးအစားကားမော်ဒယ်လ်သစ်ကို မြန်မာပလာဇာတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မိတ်ဆက်ရောင်းချသွားမည်ဖြစ်ကြောင်း Mitsubishi Myanmar မှ Business Develop Manager ကိုကျော်သူမြင့်က ပြောသည်။

အဆိုပါ MPV အမျိုးအစားကား မော်ဒယ်လ်သစ်ကို မီဒီယာများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များရှေ့တွင် စမ်းသပ်မောင်းနှင်သည့် အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့က The One Entertainment Park တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကားသည် လေးချက်ထိုး ဂီယာစနစ်နှင့် အင်ဂျင်ပါဝါ 1.5 အမျိုးအစားဖြစ်ပြီး ဈေးနှုန်းကိုမူ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကားကို Mitsubishi ၏ နာမည်ကျော် လုံခြုံစိတ်ချရသည့် တည်ဆောက်ပုံ RISE စနစ်အတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၈ မော်ဒယ်လ်ထက် ဒီဇိုင်းအသွင်အပြင် အနည်းငယ် ပြောင်းလဲထားကြောင်း သိရသည်။