Unicode Version…
ဂျပန်အခြေစိုက်ကမ္ဘာကျော် Mitsubishi ၏ နာမည်ကျော် SUV တစ်မျိုးဖြစ်သည့် Outlander ၏ 2019 Outlander PHEV အား အဆင့်မြှင့်တင်မှု ၊ ဆန်းသစ်မှုများစွာဖြင့် ထုတ်လုပ်လိုက်ပါသည်။ အဆိုပါ Midsize Crossover ကို Plug- in Hybrid အနေဖြင့် ဖန်တီးထုတ်လုပ်မည်ဖြစ်ပြီး ယခင် Model ထက်ပို၍ ကြီးသည့် အင်ဂျင် ၊ ပို၍ကြီးမားသည့် Battery ၊ အဆင့်မြှင့်တင်ထားသည့် Suspension စနစ်များ ၊ (2 New Drive Model ) နှင့် ဒီဇိုင်းပုံစံအသစ်များဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ၎င်း၏ Battery Capacity အား ( 12 Kwh ) မှ ( 13.8 kwh ) အထိ တိုးမြှင့်ထား၍ လျှပ်စစ်သီးသန့်အနေဖြင့် – ( 13.8 mph ) မှ ( 40.4 mph ) အထိ အသုံးပြုနိုင်ပါသည်။ ၎င်း၏ လျှပ်စစ်စွမ်းအင်အား ကားအနောက်ဖက်ရှိ ( Electric Motor / Generator ) မှ ထုတ်လုပ်ပေးပါမည်။ အင်ဂျင်သည် ( 2.4 L Engine ) ဖြစ်ပြီး ယာဉ်မောင်းအတွက် အထောက်အပံ့ဖြစ်စေမည့် – ( Sport Model ၊ Snow Mode ) အသစ် ( ၂ ) မျိုးဖြည့်စွက် ထည့်သွင်းထားပါသည်။ ထို့အပြင် လမ်းမျက်နှာပြင် တွင် ကောင်းစွာဘီးကုပ်အားရနိုင်သည့် ( 4WD Lock Mode ) ၊ ( Damper Valve Type ) အား ကားအရှေ့ နှင့် အနောက်တွင်ထည့်သွင်းထားခြင်း ၊ ( Electronic Power steering ) တောင့်တင်းခိုင်ခန့်ပြီးကြာရှည်အသုံးခံနိုင်သည့် Body Structural ၊ တို့ဖြင့် Outlander PHEV အား ဖန်တီး ထားပါသည်။ အလားတူ ဒီဇိုင်းအသစ် (Full LED headlights ) ၊ ( Updated Grille ) ၊ ( New Rear Spoiler ) တို့အား အပြင်ဖက်တွင်လည်းကောင် ၊ ( စိန်ကွက်ပုံစံဖြင့် ဖန်တီးထားသည့် သားရေ ထိုင်ခုံများ) ၊ ( ဖျော်ဖြေရေစနစ်များ) အပါအဝင်လှပသည့် အတွင်းခန်း ဒီဇိုင်းကိုလည်း ခံစား ရမည် ဖြစ်သည်။ 2019 Outlander PHEV အား ဂျပန် အပါအဝင် အာရှ၊ ဥရောပနိုင်ငံအချို့နှင့် U .S ဈေးကွက်များသို့တင်ပို့ရောင်းချပါမည်။
Zawgyi Version…
Plug- in Hybrid အဖြစ်ထုတ်လုပ်လိုက်သည့် Mitsubishi Outlander PHEV