Zawgyi Version…

Unicode Version…

အစင်းရေ ( ၇၀၀ ) ခန့်သာ နမူနာထုတ်လုပ်မည့် Mitsubishi Pajero ၏ final Edition
လွန်ခဲ့သည့် ၁၃ နှစ်ခန့်က U.S သို့ တင်ပို့မှုရပ်ဆိုင်းလိုက်သည့် Mitsubishi Montero SUV ( Japan တွင် Pajero အမည်ဖြင့် ရောင်းချသည် ) အား ယခုအခါ ဂျပန်တွင် Pajero Final Edition အနေဖြင့် အစင်းရေ ( ၇၀၀ ) ခန့်သာ နမူနာထုတ်လုပ်ရန် Mitsubishi မှ စီစဉ်လိုက်ပါသည်။ အဆိုပါ Final Edition ကားများတွင် ထူးခြားချက်များ ပါရှိဖြစ်ပြီး ကားအစင်းတိုင်းတွင် အစဉ်လိုက်နံပါတ်များ ရေးထိုး ထားခြင်း 1982 တွင် စတင်မိတ်ဆက်သည့် အထိမ်းအမှတ်ဆိုင်ရာ Sticker ကို ကားအပြင်ဖက် တွင် တပ်ဆင်ခြင်းတို့ပါရှိပါမည်။ ထို့အတူ Final Edition Brooding ပါရှိသည့် Citizen နာရီကိုလည်း ဝယ်ယူသူများကို လက်ဆောင်ပေးမည်ဖြစ်သည်။ အလားတူ Rear Spoiler ၊ Chrome Spare Tire ၊ စသည်တို့ကိုလည်း Optional အနေဖြင့် ရရှိနိုင်ပါမည်။ အတွင်းခန်းတွင် အနက် ( သို့ ) အနီရောင် သားရေ ၊ Sunroof ၊ Cold – weather package စသည်တို့ Standard ပါရှိပါမည်။ ၎င်းတွင် အင်ဂျင် အနေဖြင့် ( 3.2 L I 4 Diesel ) နှင့် ( 5 – Speed Auto Gearbox ) တို့တွဲဖက်ထားမည်ဖြစ်ပြီး ( 4 WD System ) လည်းပါရှိမည်။ အဆိုပါ Final Edition အား ဂျပန်ယန်းငွေ ( 4530600 ) သို့ ( USD 40602 ) ဝန်းကျင်ဖြင့် ရောင်းချပါမည်။ အပြင်ဖက်ဒီဇိုင်းအား ပုံမှန် Pajero / Montero နှင့် အနည်းငယ်ကွဲပြားစွာ ဖန်တီးထားပါသည်။ U.S သို့တင်ပို့မည့် Final Edition Montero တွင် ( 3.8 L V6 Petrol Engine ) စနစ်ကို ထည့်သွင်းထားဖွယ်ရှိနေသည်။