Unicode vesin…

Mitsubishi လို့ဆိုလိုက်တာနဲ့မော်တော်ယာဉ်တွေသာမကဘဲ Electronic ပစ္စည်းတွေမှာပါ နာမည်ကျော်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် သိရှိကြပါတယ်။အခု Drive ရဲ့Issue မှာလည်း Test Drive ကဏ္ဍအဖြစ်ပါဝင်လာတာ ကတော့ ပြည်တွင်းနဲ့ရင်းနှီးပြီးသား Brand တစ်ခုဖြစ်တဲ့ All New Mitsubishi Pajero Sport ပဲဖြစ်ပါတယ်။ Pajero ဆိုရင် Pajero iO ၊ Pajero Mini ၊ ဗိုက်ဖောင်းတို့ကနေစပြီး ပြည်တွင်းမှာနာမည်ရပြီးသား Mitsubishi ရဲ့ထုတ် ကုန်တွေအဖြစ် လူသိများကြပါတယ်။ Mitsubishi Pajero Sport ကတော့ mid-size SUV အဖြစ် 1996 ကမှစ တင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခု Test Drive လုပ်ခဲ့တဲ့ Mitsubishi Pajero Sport က တတိယ မြောက်မျိုးဆက်ဖြစ်ပြီး ပါဝင်မှုအသစ်များနဲ့ထွက်ရှိလာတာဖြစ်ပါတယ်။ ဆက်လက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်ပါနော်။

အပြင်ဘက်ပိုင်း

ဒီဇိုင်းပိုင်းအရာမှာ အပြောင်းအလဲများစွာ လုပ်ပေးထားပြီး ကိုယ်ထည်ကို ပေါ့ပါးမှုရှိအောင် ဖန်တီး ထားပေမယ့် ကြံ့ခိုင်အားကောင်းအောင်လည်း တည်ဆောက်ပေးထားတယ်။မြင်ကတည်းက Mitsubishi Pajero Sport ရဲ့အသွင်အပြင်က လူတိုင်းငေးကြည့်ရလောက်အောင်လှပနေပါ တယ်။ Chrome တွေနဲ့ပြုလုပ်ထားတဲ့ ရှေ့ရှဲ မှာ Mitsubishi ရဲ့အမှတ်တံဆိပ်က ဝင့်ထည်စွာတည်ရှိနေ သလိုလှပစွာဝန်းရံပေးထားတဲ့မီးသီးတွေ ကြောင့် စက်ရုပ်ကြီးတစ်ကောင်လိုထင်မြင်မိပါတယ်။ နောက်ပြီးတော့ ရှေ့မျက်နှာပိုင်းထိရောက်ရှိနေတဲ့ Chrome တွေနဲ့အနားကွပ်ထားတဲ့ ဘော်ဒီ၊အဲဒီအောက်က ဇကာကွပ်တွေ ကလည်း သူ့ရဲ့အလှကိုထပ်ပိုး ပေးထားသ လိုပါပဲ။ ထင်သာမြင်သာရှိစေမယ့် Fog light တွေကြောင့် Mitsubishi Pajero Sport က အကောင်း စားကား တစ်စီးဆိုတာမပြောလည်းပဲ သိသာ၊ထင်သာဖြစ်စေပါတယ်။ နောက်ပြီးတော့ Chrome တွေနဲ့အနား ကွပ်ပေး ထားတဲ့ ပြတင်းပေါက်တွေနဲ့လှပပြီးအားမာန်အပြည့်ရှိအောင် ချိုးဆစ်ထားတဲ့ ဘော်ဒီဖောင်း လိုင်း(အနား ရေးကြောင်း)တွေလည်း ပါဝင်ပါတယ်။ ချိုးဆစ်ထားပုံအရ Mitsubishi Pajero Sport ဟာ လေခွင်းအား ကောင်းမွန်မယ်ဆိုတာ သိသာလွန်းခဲ့ပါတယ်။ နောက်ဘက်ဒီဇိုင်းမှာ ထင်းကနဲ ပေါ်နေတာ ကတော့ Dynamic LED Rear Lamp ဒီဇိုင်းပဲဖြစ်ပါတယ်။ဘေးဘက်ဘော်ဒီအထိ ရောက်ပြီး နောက်ဘက် အောက်ခြေထိ အောင် ဒေါင်လိုက်အရှည်ကြီးကျဆင်းလာတဲ့ပုံစံမျိုးက စွဲမက်ချင်စရာ ကောင်းပါတယ်။ နောက်ပြီးတော ့နောက် မှန်ကို ခေတ်မီဆန်းသစ်အောင်အနက်ရောင်ဘောင်ကွပ်ပေးထားပြီး ခပ်စောင်းစောင်းပုံစံပြုလုပ် ပေးထား တာပဲဖြစ် ပါတယ်။ဒီလိုပြုလုပ်ထားခြင်းကနေရောင်ခြည်ရဲ့အပူဒဏ်ကို လျှော့ချပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ကားတစ်စီး လုံးခြုံကြည့်ရင် Sport ဆန်တာမျိုးကို တွေ့ရပါတယ်။ ဒါ့အပြင် ပြင်ပအလင်းရောင်ကိုလိုက်ပြီး အလိုအ လျောက်ဖွင့်ပိတ်လုပ်ပေးနိုင်တဲ့ LED headlamps တွေဖြစ်ပြီး Day Light စနစ်လည်း ပါဝင်ပါတယ်။ ကားအ မိုးပေါ်ကRoof Railsတွေက Dynamic Designမျိုးဖြစ်ပြီး 18-inch alloy wheel တွေကလည်း Limited Edition တွေဖြစ်ပါတယ်။

အတွင်းခန်း

အတွင်းခန်းကိုကြည့်ရင် သားရေကွပ် စတီယာရင်တိုင်၊ သားရေဖုံးထိုင်ခုံတွေ၊ ကျွန်းကွက်တွေနဲ့ ဇိမ်ခံ ကားကောင်းတစ်စီးအသွင်ဖြစ်အောင် ဖန်တီးတည်ဆောက်ပေးထားတာကို တွေ့နိုင်တယ်။ ကားထဲကိုဝင် ဝင်ချင်းအရင်ဆုံးထိတွေ့မိတဲ့ Premium Quality သုံး ၃ ထပ်ချုပ်လုပ်ထားတဲ့လည်သာထိုင်ခုံတွေ ရဲ့အိ စက်ညက်ညောမှုက ပြောစရာမရှိအောင် ဇိမ်ကျမှုကိုပေးစွမ်းခဲ့ပါတယ်။ Audio၊Phone နဲ့Cruise Control တွေကို ထိန်းချူပ်နိုင်တဲ့ Steering Volume Control တွေပါတဲ့ အဆင့်မြင့် Steering ၊ အရှိန်ကို လိုသလိုထိန်းချူပ်ပေးနိုင်တဲ့ Paddle shifter၊နောက်ပြီး ကြည်လင်ပြတ်သားတဲ့ အရောင်နဲ့မျက်စိကို ရှင်းလင်းစေနိုင်တဲ့ Drive Monitor ၊ Electric Parking Brake ခလုတ်၊ ကြီးမားပြီးကောင်းမွန်တဲ့ Panoramic Sunroof၊ Keyless operation key ၊ Engine Start/Stop စတဲ့အရည်အသွေးမြင့် Control တွေအပြင် Dual Zone Automatic Climate Control Air Conditioner ကလည်း ဇုန်အလိုက်ဖြန့်ကျက်ပြီး တစ်ပြိုင်တည်းမှာ အပူအအေးကိုထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ ပြီးတော့ 6.1 လက်မရှိတဲ့ Touch-panel display မှာလည်း ရုပ်ထွက်ထင်ရှားပြီး တိကျတဲ့ Guide line တွေအပြင် ပါကင်အာရုံခံစနစ်ပါတဲ့နောက်ကြည့်ကင်မရာ ပါဝင်ဦးမှာပါ။ နောက်ထပ်တွေ့မြင်ခဲ့ရတာကတော့ Mitsubishi ရဲ့နည်းပညာစွမ်းတစ်ခုကိုပါ။အဲဒါကတော့ ခရီးလမ်းမျိုးစုံမှာ အသုံးပြုမောင်းနှင်နိုင်စေဖို့ Mitsubishi ရဲ့ ကိုယ်ပိုင်နည်းပညာ Super Select 4WD II ကို အသုံးပြုထားပြီး မောင်းနှင်သူအနေနဲ့ သာမန်လမ်း၊ရေများရှိတဲ့လမ်း၊သဲလမ်း၊ကျောက်တုံးကျောက်ခဲတွေရှိတဲ့ လမ်းကြောင်းတွေမှာမောင်းနှင်မယ်ဆိုရင်လမ်းအခြေအနေအလိုက်ပြောင်းလဲနိုင်မယ့်DriveModeခလုတ်ပဲဖြစ် ပါတယ်။ ဒါ့အပြင် ပြင်ပက အသံတွေကို အထဲမရောက်အောင်ထိန်းချူပ်ပေးနိုင်တဲ့ Noise control system လည်းပါဝင်ပါ သေးတယ်။Entertainment အနေနဲ့ စပီကာ ရလုံးပါရှိပါတယ်။ ဒီ All new Mitsubishi Pajero Sport ဟာယာဉ်မောင်းနှင်သူတွေအတွက် ဖျော်ဖြေရေး၊ မောင်းနှင်မှုစနစ်စတာတွေကို အလွယ်တကူ ထိန်းချုပ်နိုင် စေဖို့ Instrument Cluster ကိုလည်း ရိုးရိုးရှင်းရှင်း ဖန်တီးပေးထားတာကိုလည်း သတိထား မိခဲ့ပါတယ်။

စွမ်းဆောင်ရည်

လက်ရှိမောင်းနှင်စမ်းသပ်ခဲ့တဲ့ ကားက 4WD GLS Grade ဖြစ်ပြီး သူ့မှာ 2.4L MIVEC Direct Injection Diesel Engine ကိုသုံးထားလို့ဆီစားနှုန်းသက်သာစေကာ အမြင့်ဆုံးသော စွမ်းဆောင်ရည်ကိုရရှိနိုင်မယ်လို့ Mitsubishi ကဆိုထားပါတယ်။ အမြန်ဆုံးအနေနဲ့တစ်နာရီကို ကီလို၁၈၀ အထိသွားနိုင်ပြီး အမြင့်ဆုံးရုန်းအား 178bhp @3,500 rpm အထိနဲ့ အမြင့်ဆုံးလိမ်အား 430N-m @2,500 rpm ထုတ်ပေးနိုင်တယ်။ ဂီယာစနစ်အတွက်အော်တိုရှစ်ချက်ထိုးစနစ်ပါဝင်ပါတယ်။ဂီယာချက်များတာကြောင့် မကြာခဏ အရှိန်လျှော့ဖို့ လိုတဲ့ မြို့တွင်းမောင်းနှင်မှုတွေမှာ အဆင်ပြေသလို မြန်နှုန်းမြင့်မောင်းရတဲ့ ဟိုင်းဝေးလမ်းတွေမှာလည်း စိတ်ကြိုက် မောင်းနှင်နိုင်ပါတယ်။ နောက်ပြီး စတီယာရင်အထိအတွေ့က မျှခြေညီ ချောမွေ့မှုရှိပြီး ဒီလို ကားအကြီးကြီးကို 5.6 မီတာ အချင်းဝက်အတွင်း လှည့်ကွေ့နိုင်အောင်လည်း စီမံပေးထားပါတယ်။ အကြမ်းခံနိုင်မှုအတွက် အာမခံချက်အနေနဲ့ဒီကားဟာ 45° စောင်းနေတဲ့ မြေပြင်အနေအထားတွေမှာ မောင်းနှင်နိုင်သလို အရှေ့ဖက် 30° ကုန်းတက်၊ အနောက်ဖက် 24.2° ကုန်းတက်တွေအထိ မောင်းတက်၊ နောက်ဆုတ်လို့ ရပါတယ်။ လမ်းကြမ်းမောင်း SUV တွေ ရဲ့ ဝိသေသတစ်ခုအဖြစ် ဘီးအမြင့် (700mm) အထိ ရေထဲဖြတ်မောင်းနိုင်စွမ်းလည်း ရှိပါတယ်။

လုံခြုံရေး

SUV ကားတစ်စီးဖြစ်တာနဲ့အညီ Safety system ကလည်းကောင်းမွန်လှပါတယ်။ ပထမဆုံးပြောချင်တာက Air bags ပါ။ရှေ့နောက်လုံခြုံရေးအတွက် လေအိတ်က ရ လုံးပါဝင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ ရှေ့ဘက်Seat belts တွေကလည်း ယာဉ်တိုက်မှုဖြစ်လာရင် ထိခိုက်မှုလျော့နည်းအောင် လူကိုတင်းကြပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် Mitsubishi Motorsရဲ့ RISE (Reinforced Impact Safety Evolution) bodyပုံစံကလည်း ယာဉ်တိုက်မှုဖြစ်ရင်ခံနိုင်ရည်ရှိအောင်တည်ဆောက်ထားပြီး ပေါ့ပါးပြီး ခိုင်မာတဲ့ စတီးဖရိန် တွေကလည်း စီးနင်းသူတွေကို များစွာအကာအကွယ်ပေးပါလိမ့်မယ်။ Safety အတွက် Anti-lock Braking System (ABS)၊ Emergency Brake Assist System (EBA)၊ Active Stability Control (ASC)၊ Immobilizer Secruity Alarm လည်းပါဝင်ပြန်တာမို့ All New Mitsubishi Pajero Sport 2017 က သင့်ကိုစိတ်ချရမှု အပြည့်အဝပေးစွမ်းနိုင်ပါလိမ့်မယ်။ Suspension အနေနဲ့လည်း ရှေ့ဘက်က Double wishbone coil springs & stabilizer bar နဲ့ နောက်ဘက်ကို 3-link coil spring & stabiliser bar သုံးထားလို့တုန်ခါမှု၊အချိုးအကွေ့တွေမှာ ယိမ်းယိုင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

All New Mitsubishi Pajero Sport 2017 4WD က မြန်မာပြည်စျေးကွက်အတွက် သင့်တော်တဲ့ ပုံစံမျိုးဖြစ်အောင် ထုတ်လုပ်ထားသလားထင်ရပါတယ်။နောက်ပြီး စျေးနှုန်းကလည်း ရန်ကုန်လိုင်စင်အပါကို USD 84900 ဖြစ်တာမို့ ပြည်စုံတဲ့ SUV ကားကောင်းတစ်စီးရှာဖွေနေသူတွေအတွက် သင့်တော်မှု အပြည့်ရှိပါတယ်။ ဆီစားသက်သာမှု၊ Luxury ဖြစ်မှု၊ အကြမ်းခံနိုင်မှု၊ လှပမှုတွေကြောင့် ပြည်တွင်း စျေးကွက်မှာ နေရာရလာမယ့် Model တစ်ခုဖြစ်လာမှာပါ။

Specifications

Engine Type- 2.4L MIVEC Direct Injection Diesel

Maximum HP- 178bhp @3,500 rpm

Maximum torque (Nm@rpm)- 430Nm @ 2,500rpm

Drive System-4WD

Transmission-8 Speed Auto

Aircon-Climate control dual zone air conditioning

Airbags-7

Zawgyi version…

Mitsubishi လုိ႕ဆုိလုိက္တာနဲ႕ေမာ္ေတာ္ယာဥ္ေတြသာမကဘဲ Electronic ပစၥည္းေတြမွာပါ နာမည္ေက်ာ္တဲ့ ကုမၸဏီတစ္ခုအျဖစ္ သိရွိၾကပါတယ္။အခု Drive ရဲ႕Issue မွာလည္း Test Drive က႑အျဖစ္ပါဝင္လာတာ ကေတာ့ ျပည္တြင္းနဲ႕ရင္းႏွီးျပီးသား Brand တစ္ခုျဖစ္တဲ့ All New Mitsubishi Pajero Sport ပဲျဖစ္ပါတယ္။ Pajero ဆုိရင္ Pajero iO ၊ Pajero Mini ၊ ဗုိက္ေဖာင္းတုိ႕ကေနစျပီး ျပည္တြင္းမွာနာမည္ရျပီးသား Mitsubishi ရဲ႕ထုတ္ ကုန္ေတြအျဖစ္ လူသိမ်ားၾကပါတယ္။ Mitsubishi Pajero Sport ကေတာ့ mid-size SUV အျဖစ္ 1996 ကမွစ တင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ အခု Test Drive လုပ္ခဲ့တဲ့ Mitsubishi Pajero Sport က တတိယ ေျမာက္မ်ိဳးဆက္ျဖစ္ျပီး ပါဝင္မွဳအသစ္မ်ားနဲ႕ထြက္ရွိလာတာျဖစ္ပါတယ္။ ဆက္လက္ျပီး အေသးစိတ္ေလ့လာၾကည့္ရေအာင္ပါေနာ္။

အျပင္ဘက္ပုိင္း

ဒီဇိုင္းပိုင္းအရာမွာ အေျပာင္းအလဲမ်ားစြာ လုပ္ေပးထားၿပီး ကိုယ္ထည္ကို ေပါ့ပါးမႈရွိေအာင္ ဖန္တီး ထားေပမယ့္ ႀကံ႕ခိုင္အားေကာင္းေအာင္လည္း တည္ေဆာက္ေပးထားတယ္။ျမင္ကတည္းက Mitsubishi Pajero Sport ရဲ႕အသြင္အျပင္က လူတုိင္းေငးၾကည့္ရေလာက္ေအာင္လွပေနပါ တယ္။ Chrome ေတြနဲ႕ျပဳလုပ္ထားတဲ့ ေရွ႕ရွဲ မွာ Mitsubishi ရဲ႕အမွတ္တံဆိပ္က ဝင့္ထည္စြာတည္ရွိေန သလုိလွပစြာဝန္းရံေပးထားတဲ့မီးသီးေတြ ေၾကာင့္ စက္ရုပ္ၾကီးတစ္ေကာင္လုိထင္ျမင္မိပါတယ္။  ေနာက္ျပီးေတာ့ ေရွ႕မ်က္ႏွာပုိင္းထိေရာက္ရွိေနတဲ့ Chrome ေတြနဲ႕အနားကြပ္ထားတဲ့ ေဘာ္ဒီ၊အဲဒီေအာက္က ဇကာကြပ္ေတြ ကလည္း သူ႕ရဲ႕အလွကုိထပ္ပုိး ေပးထားသ လုိပါပဲ။ ထင္သာျမင္သာရွိေစမယ့္ Fog light ေတြေၾကာင့္ Mitsubishi Pajero Sport က အေကာင္း စားကား တစ္စီးဆုိတာမေျပာလည္းပဲ သိသာ၊ထင္သာျဖစ္ေစပါတယ္။ ေနာက္ျပီးေတာ့ Chrome ေတြနဲ႕အနား ကြပ္ေပး ထားတဲ့ ျပတင္းေပါက္ေတြနဲ႕လွပျပီးအားမာန္အျပည့္ရွိေအာင္ ခ်ိဳးဆစ္ထားတဲ့ ေဘာ္ဒီေဖာင္း လိုင္း(အနား ေရးေၾကာင္း)ေတြလည္း ပါဝင္ပါတယ္။ ခ်ိဳးဆစ္ထားပုံအရ Mitsubishi Pajero Sport ဟာ ေလခြင္းအား ေကာင္းမြန္မယ္ဆုိတာ သိသာလြန္းခဲ့ပါတယ္။ ေနာက္ဘက္ဒီဇုိင္းမွာ ထင္းကနဲ ေပၚေနတာ ကေတာ့ Dynamic LED Rear Lamp ဒီဇုိင္းပဲျဖစ္ပါတယ္။ေဘးဘက္ေဘာ္ဒီအထိ ေရာက္ျပီး ေနာက္ဘက္ ေအာက္ေျခထိ ေအာင္ ေဒါင္လုိက္အရွည္ၾကီးက်ဆင္းလာတဲ့ပုံစံမ်ိဳးက စြဲမက္ခ်င္စရာ ေကာင္းပါတယ္။ ေနာက္ျပီးေတာ ့ေနာက္ မွန္ကုိ ေခတ္မီဆန္းသစ္ေအာင္အနက္ေရာင္ေဘာင္ကြပ္ေပးထားျပီး ခပ္ေစာင္းေစာင္းပုံစံျပဳလုပ္ ေပးထား တာပဲျဖစ္ ပါတယ္။ဒီလုိျပဳလုပ္ထားျခင္းကေနေရာင္ျခည္ရဲ႕အပူဒဏ္ကုိ ေလွ်ာ့ခ်ေပးႏုိင္ဖုိ႕ပဲျဖစ္ပါတယ္။ ကားတစ္စီး လုံးျခဳံၾကည့္ရင္ Sport ဆန္တာမ်ိဳးကုိ ေတြ႕ရပါတယ္။ ဒါ့အျပင္ ျပင္ပအလင္းေရာင္ကုိလုိက္ျပီး အလုိအ ေလ်ာက္ဖြင့္ပိတ္လုပ္ေပးႏုိင္တဲ့ LED  headlamps ေတြျဖစ္ျပီး Day Light စနစ္လည္း ပါဝင္ပါတယ္။ ကားအ မုိးေပၚကRoof Railsေတြက Dynamic Designမ်ိဳးျဖစ္ျပီး 18-inch alloy wheel ေတြကလည္း Limited Edition ေတြျဖစ္ပါတယ္။

အတြင္းခန္း

အတြင္းခန္းကိုၾကည့္ရင္ သားေရကြပ္ စတီယာရင္တိုင္၊ သားေရဖံုးထိုင္ခံုေတြ၊ ကၽြန္းကြက္ေတြနဲ႔ ဇိမ္ခံ ကားေကာင္းတစ္စီးအသြင္ျဖစ္ေအာင္ ဖန္တီးတည္ေဆာက္ေပးထားတာကို ေတြ႕ႏုိင္တယ္။ ကားထဲကုိဝင္ ဝင္ခ်င္းအရင္ဆုံးထိေတြ႕မိတဲ့ Premium Quality သုံး ၃ ထပ္ခ်ဳပ္လုပ္ထားတဲ့လည္သာထုိင္ခုံေတြ ရဲ႕အိ စက္ညက္ေညာမွဳက ေျပာစရာမရွိေအာင္ ဇိမ္က်မွဳကုိေပးစြမ္းခဲ့ပါတယ္။ Audio၊Phone နဲ႕Cruise Control ေတြကုိ ထိန္းခ်ဴပ္ႏုိင္တဲ့ Steering Volume Control ေတြပါတဲ့ အဆင့္ျမင့္ Steering ၊ အရွိန္ကုိ လုိသလုိထိန္းခ်ဴပ္ေပးႏုိင္တဲ့ Paddle shifter၊ေနာက္ျပီး ၾကည္လင္ျပတ္သားတဲ့ အေရာင္နဲ႕မ်က္စိကုိ ရွင္းလင္းေစႏုိင္တဲ့ Drive Monitor ၊ Electric Parking Brake ခလုတ္၊ ၾကီးမားျပီးေကာင္းမြန္တဲ့ Panoramic Sunroof၊ Keyless operation key ၊ Engine Start/Stop စတဲ့အရည္အေသြးျမင့္ Control ေတြအျပင္ Dual Zone Automatic Climate Control Air Conditioner ကလည္း ဇုန္အလုိက္ျဖန္႕က်က္ျပီး တစ္ျပိဳင္တည္းမွာ အပူအေအးကုိထုတ္လႊတ္ေပးႏုိင္စြမ္းရွိပါတယ္။ ျပီးေတာ့ 6.1 လက္မရွိတဲ့ Touch-panel display မွာလည္း ရုပ္ထြက္ထင္ရွားျပီး တိက်တဲ့ Guide line ေတြအျပင္ ပါကင္အာရံုခံစနစ္ပါတဲ့ေနာက္ၾကည့္ကင္မရာ ပါဝင္ဦးမွာပါ။ ေနာက္ထပ္ေတြ႕ျမင္ခဲ့ရတာကေတာ့ Mitsubishi ရဲ႕နည္းပညာစြမ္းတစ္ခုကုိပါ။အဲဒါကေတာ့ ခရီးလမ္းမ်ဳိးစံုမွာ အသံုးျပဳေမာင္းႏွင္ႏုိင္ေစဖို႔ Mitsubishi ရဲ႕ ကိုယ္ပိုင္နည္းပညာ Super Select 4WD II ကို အသံုးျပဳထားၿပီး ေမာင္းႏွင္သူအေနနဲ႔ သာမန္လမ္း၊ေရမ်ားရွိတဲ့လမ္း၊သဲလမ္း၊ေက်ာက္တုံးေက်ာက္ခဲေတြရွိတဲ့ လမ္းေၾကာင္းေတြမွာေမာင္းႏွင္မယ္ဆုိရင္လမ္းအေျခအေနအလုိက္ေျပာင္းလဲႏုိင္မယ့္DriveModeခလုတ္ပဲျဖစ္ ပါတယ္။ ဒါ့အျပင္ ျပင္ပက အသံေတြကုိ အထဲမေရာက္ေအာင္ထိန္းခ်ဴပ္ေပးႏုိင္တဲ့ Noise control system လည္းပါဝင္ပါ ေသးတယ္။Entertainment အေနနဲ႕ စပီကာ ၇လုံးပါရွိပါတယ္။ ဒီ All new Mitsubishi Pajero Sport ဟာယာဥ္ေမာင္းႏွင္သူေတြအတြက္ ေဖ်ာ္ေျဖေရး၊ ေမာင္းႏွင္မႈစနစ္စတာေတြကို အလြယ္တကူ ထိန္းခ်ဳပ္ႏိုင္ ေစဖို႔ Instrument Cluster ကိုလည္း ရိုးရိုးရွင္းရွင္း ဖန္တီးေပးထားတာကုိလည္း သတိထား မိခဲ့ပါတယ္။

စြမ္းေဆာင္ရည္

လက္ရွိေမာင္းႏွင္စမ္းသပ္ခဲ့တဲ့ ကားက 4WD GLS Grade ျဖစ္ျပီး သူ႕မွာ 2.4L MIVEC Direct Injection Diesel Engine ကုိသုံးထားလုိ႕ဆီစားႏွဳန္းသက္သာေစကာ အျမင့္ဆုံးေသာ စြမ္းေဆာင္ရည္ကုိရရွိႏုိင္မယ္လုိ႕ Mitsubishi ကဆုိထားပါတယ္။ အျမန္ဆုံးအေနနဲ႕တစ္နာရီကုိ ကီလုိ၁၈၀ အထိသြားႏုိင္ျပီး အျမင့္ဆံုးရုန္းအား 178bhp @3,500 rpm အထိနဲ႔ အျမင့္ဆံုးလိမ္အား 430N-m @2,500 rpm ထုတ္ေပးႏုိင္တယ္။ ဂီယာစနစ္အတြက္ေအာ္တိုရွစ္ခ်က္ထိုးစနစ္ပါဝင္ပါတယ္။ဂီယာခ်က္မ်ားတာေၾကာင့္ မၾကာခဏ အရွိန္ေလွ်ာ့ဖို႔ လိုတဲ့ ၿမိဳ႕တြင္းေမာင္းႏွင္မႈေတြမွာ အဆင္ေျပသလို ျမန္ႏႈန္းျမင့္ေမာင္းရတဲ့ ဟိုင္းေဝးလမ္းေတြမွာလည္း စိတ္ႀကိဳက္ ေမာင္းႏွင္ႏိုင္ပါတယ္။ ေနာက္ျပီး စတီယာရင္အထိအေတြ႕က မွ်ေျခညီ ေခ်ာေမြ႕မႈရွိျပီး ဒီလို ကားအႀကီးႀကီးကို 5.6 မီတာ အခ်င္းဝက္အတြင္း လွည့္ေကြ႕ႏိုင္ေအာင္လည္း စီမံေပးထားပါတယ္။ အၾကမ္းခံႏိုင္မွုအတြက္ အာမခံခ်က္အေနနဲ႕ဒီကားဟာ 45° ေစာင္းေနတဲ့ ေျမျပင္အေနအထားေတြမွာ ေမာင္းႏွင္ႏိုင္သလို အေရွ႕ဖက္ 30° ကုန္းတက္၊ အေနာက္ဖက္ 24.2° ကုန္းတက္ေတြအထိ ေမာင္းတက္၊ ေနာက္ဆုတ္လို႔ ရပါတယ္။ လမ္းၾကမ္းေမာင္း SUV ေတြ ရဲ႕ ဝိေသသတစ္ခုအျဖစ္ ဘီးအျမင့္ (700mm) အထိ ေရထဲျဖတ္ေမာင္းႏိုင္စြမ္းလည္း ရွိပါတယ္။

လုံျခဳံေရး

SUV ကားတစ္စီးျဖစ္တာနဲ႕အညီ Safety system ကလည္းေကာင္းမြန္လွပါတယ္။ ပထမဆုံးေျပာခ်င္တာက Air bags ပါ။ေရွ႔ေနာက္လုံျခဳံေရးအတြက္ ေလအိတ္က ၇ လုံးပါဝင္တဲ႕အျပင္ စြမ္းေဆာင္ရည္ျမင့္မားတဲ့ ေရွ႕ဘက္Seat belts ေတြကလည္း ယာဥ္တုိက္မွဳျဖစ္လာရင္ ထိခုိက္မွဳေလ်ာ့နည္းေအာင္ လူကုိတင္းၾကပ္ေပး ႏုိင္ပါတယ္။ ဒါ့အျပင္ Mitsubishi Motorsရဲ႕ RISE (Reinforced Impact Safety Evolution) bodyပုံစံကလည္း ယာဥ္တုိက္မွဳျဖစ္ရင္ခံႏိုင္ရည္ရွိေအာင္တည္ေဆာက္ထားျပီး ေပါ့ပါးျပီး ခုိင္မာတဲ့ စတီးဖရိန္ ေတြကလည္း စီးနင္းသူေတြကုိ မ်ားစြာအကာအကြယ္ေပးပါလိမ့္မယ္။ Safety အတြက္ Anti-lock Braking System (ABS)၊ Emergency Brake Assist System (EBA)၊ Active Stability Control (ASC)၊  Immobilizer Secruity Alarm လည္းပါဝင္ျပန္တာမုိ႕ All New Mitsubishi Pajero Sport 2017 က သင့္ကုိစိတ္ခ်ရမွဳ အျပည့္အဝေပးစြမ္းႏုိင္ပါလိမ့္မယ္။ Suspension အေနနဲ႕လည္း ေရွ႕ဘက္က Double wishbone coil springs & stabilizer bar နဲ႕ ေနာက္ဘက္ကုိ 3-link coil spring & stabiliser bar သုံးထားလုိ႕တုန္ခါမွဳ၊အခ်ိဳးအေကြ႕ေတြမွာ ယိမ္းယုိင္မွဳေတြမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

All New Mitsubishi Pajero Sport 2017 4WD က ျမန္မာျပည္ေစ်းကြက္အတြက္ သင့္ေတာ္တဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ ထုတ္လုပ္ထားသလားထင္ရပါတယ္။ေနာက္ျပီး ေစ်းႏွဳန္းကလည္း ရန္ကုန္လုိင္စင္အပါကုိ USD 84900 ျဖစ္တာမုိ႕ ျပည္စုံတဲ့ SUV ကားေကာင္းတစ္စီးရွာေဖြေနသူေတြအတြက္ သင့္ေတာ္မွဳ အျပည့္ရွိပါတယ္။ ဆီစားသက္သာမွဳ၊ Luxury ျဖစ္မွဳ၊ အၾကမ္းခံႏုိင္မွဳ၊ လွပမွဳေတြေၾကာင့္ ျပည္တြင္း ေစ်းကြက္မွာ ေနရာရလာမယ့္ Model တစ္ခုျဖစ္လာမွာပါ။

Specifications

Engine Type- 2.4L MIVEC Direct Injection Diesel

Maximum HP- 178bhp @3,500 rpm

Maximum torque (Nm@rpm)- 430Nm @ 2,500rpm

Drive System-4WD

Transmission-8 Speed Auto

Aircon-Climate control dual zone air conditioning

Airbags-7