Mercedes-Benz သည် Van-Based MPV အသစ်တမျိုးဖြစ်သည့် Mercedes T-Class ကိုအသစ်ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းသည် Citan Tourer Model ၏အစားထိုး Model ဖြစ်သည်။ New T-Class သည် VW Caddy , Ford Touneo Connect , Citroen Berlingo တို့နှင့်ဈေးကွက်ပြိုက်ဖက်ဖြစ်သည့် Premium ဆန်ဆန်နှင့် ကျယ်ကျယ်ဝန်းဝန်းရှိမည့် အနေအထားပေါ် အဓိကအခြေခံဖန်တီးမည်ဖြစ်သည်။ New T-Class သည်နောက်ဆုံးထွက်ရှိသည့် Citan Small Van ကိုအခြေခံဖန်တီးခြင်းဖြစ်ကာ လူစီး Van Type အတွက် ပို၍ကျယ်ဝန်းသည့် အတွင်းခန်း ၊ Second Row Seat တို့ပါဝင်လာပါမည်။ ၎င်းတွင် Sliding Side Doors , High-Top Tailgate တို့အဓိကပါဝင်မည့်အပြင် Asymmetric Bran-Style Back Door ကိုလည်း Optional အနေဖြင့်ရရှိနိုင်ပါမည်။ လူစီး Van Type ခုံတန်း ( ၃ ) တန်း ၊ ပါဝင်မည်ဖြစ်ပြီး ( 60း40 ) အချိုးခေါက်သိမ်းနိုင်သည့် ခုံတန်းရှည်ဖြစ်၍ ကျယ်ဝန်းသည့် Cargo Space ကိုလိုသလိုဖန်တီးနိုင်ပါမည်။ အရှေ့ဖက်ထိုင်ခုံများတွင် – Isofix အား – Standard ထည့်သွင်းပေးထားပါသည်။
လူများများစီးနင်းလိုပါက ( 7 Seater T-Class LWB Version ) ကိုလည်း ရွေးချယ်နိုင်ပါမည်။ New T-Class Model တွင်အဓိကပါဝင်မည့် Features များမှာ – Artico Man-Made Leather , LED Headlights စသည်တို့ပါဝင်ပါမည်။ New T-Class တွင် ဓါတ်ဆီအင်ဂျင် (၂) မျိုးနှင့် ဒီဇယ်အင်ဂျင် (၂) မျိုး ပါဝင်မည်ဖြစ်ကာ ( 6 Speed Manual ) သို့ ( 7 – Speed Twin-Clutch Auto gear ) တို့အဓိကပါဝင်ပါမည်။ All EV Version ဖြစ်သည့် Badged EQT ကိုလည်း 2023 ခန့်တွင်ဆက်လက် မိတ်ဆက်ပါမည်။
#DriveMediaMyanmar