Unicode version…
ဒီဆောင်းပါးကို ရေးသားသူ ကျွန်တော်ဟာ အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး Boston ,Massachusetts တွင် ကြီးပြင်းခဲ ့ပါတယ်။ ဖခင်ဖြစ်သူ သည် ( professional drag racer ) တစ်ဦးဖြစ်ရုံ မျှမက စက်သုံးဆီ ဆိုင်များစွာကို လည်းပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ် ။ ငယ်စဉ်ကတည်းက ကျောင်း အားလပ်ရက်များ တွင် ဖခင်၏ လုပ်ငန်းခွင်နှင့် ဆက်စပ်လျက်ရှိသော စာရင်းဇယားအပို်င်းများ ၊ စက်ပြင်ခြင်းအပိုင်းများ၊ ဆီဆိုင် စသည်တို ့တွင် ၀င်ရောက်ကူညီ လုပ်ကိုင် ပေးခဲ ့ရသဖြင့် စက်သုံးဆီဆိုင် တစ်ဆိုင်၏ သဘော သဘာဝ ကို သိရှိနားလည် သဘောပေါက် ခဲ ့ရပါတယ်။
အသက် (၃၀) ကျော်အရွယ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို ့ ရောက်ရှိခဲ ့ပြီး ထူးဆန်းတဲ ့အပြုအမူ တစ်ချို ့ကို ပြည်တွင်းဆီဆိုင် တစ်ဆိုင်တွင် ဓာတ်ဆီ ၀င်ဖြည့်ချိန်တွင် အမှတ်မထင်တွေ ့ရှိခဲ ့ရပါတယ် ။ ဒါကတော့ ကားတစ်စီးကို ဆီဖြည့်နေစဉ်တွင် လူနှစ်ဦးခန့်က ကားကို ဘေးမှ တွန်း လှုပ်ထည့် နေတဲ ့မြင်ကွင်း ပဲဖြစ်ပါတယ် ။နောက်ပိုင်း မေးမြန်း ကြည့်မှ ဆီပိုဆန် ့အောင် လှုပ်နေခြင်း ဖြစ်ကြောင်း သိရှိရပါတယ် ။ တကယ်တမ်းတော့ ကား ကားတစ်စီးကို ဆီကုန်ခါနီးလို ့ဆီပြန်လာဖြည့်တာ သာမန် ရိုးရိုးရှင်းရှင်း ကိစ္စလေးတစ်ခု ပါ ။
ခုနောက်ပိုင်း အဆင့်မြင့်ခေတ်မီကားတွေမှာ ကားတွင်းနေရာ ကျယ်နိုင်သမျှအကျယ် ပေးနိုင်အောင် ၊မလိုအပ်ပဲ နေရာများ အလဟသ မဖြစ်အောင် ဆီတိုင်ကီ ပုံစံတွေ ဟာ အရင်ခေတ် ကားများတွင် တပ်ဆင်ထားသော သံထည်ဆီတိုင်ကီ လေးထောင့်ပုံစံတွေ မဟုတ်တော့ပါဘူး ။ ခေတ်ပေါ် ဆီတိုင်ကီ များသည် ပလပ်စတစ်နှင့် သတ္တု ရောနှောအသုံးပြုထားပြီး ဆီတိုင်ကီ ပုံစံမှာလည်း အောက်တွင် ပြထားသည့် ပုံမျိုးကဲ့သို့ ကားအမျိုးအစားပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲ ထုတ်လုပ်တပ်ဆင်ထားကြပါတယ်။ ကားမောင်းနေ စဉ်တွင် ဆီများ ဘောင်ဘင်ခပ်ပြီး အလေးချိန် လွန်စွာ အပြောင်းအလဲ မဖြစ်စေရန် အဆိုပါဆီတိုင်ကီအတွင်း တွင် အကန် ့များဖြင့်တည်ဆောက်ထား ကြပါတယ်။ ဆီပန် ့များကိုလည်း အဆိုပါ ဆီတိုင်ကီ အတွင်းတွင် ထည့်သွင်း အသုံးပြုလာကြပါတယ် ။ ယခုလို ဆီပန် ့ကို ဆီတိုင်ကီထဲတွင် ထည့်ထားခြင်းအားဖြင့် ဆီပန် ့အတွက် နေရာ တစ်နေရာစာပေးရန်မလိုခြင်း နှင့် ဆီလည်ပတ်စီးဆင်းမှု ပိုမိုကောင်းလာစေခြင်း စသည်ဖြင့် အကျိုးကျေးဇူးများ ရရှိစေပါတယ်။ အခြေခံအားဖြင့် ဆီတိုင်ကီအတွက် နေရာပေးမှုကို သိပ်မကျယ်စေပဲ ဆီကိုတော့များများ သို လှောင်သွားနိုင်ဖို့ ဖြစ်ပါတယ်။ ဆီကိုပြန်ဖြည့်ချိန်မှာ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးလိုပါတယ်။
ကားကိုတွန်းလှုပ်ပြီး ဆီဖြည့်ခြင်းမှ ရှောင်ကြဉ်ရန်။
ခေတ်ပေါ်ကားတွေရဲ ့ဆီတိုင်ကီ ဟာ အသွင်ပုံစံပြောင်းထားတာ ဖြစ်တဲ ့အတွက် ဆီဖြည့်စဉ်ကားကိုတွန်းလှုပ်ခြင်းဟာ သင့်ကိုသာ အားကုန်မောပမ်းစေခြင်းနှင့် မိမိကား ၏ ရှော့ဘားများ မလိုအပ်ပဲ အလုပ်ပိုလုပ်ခြင်း စသည်တို ့သာဖြစ်စေမှာပါ ။ ဆီတော့ များများ ပိုဆန် ့လာမှာ မဟုတ်ပါဘူး ။ ယနေ ့ခေတ် ဆီတိုင်ကီ ဒီဇိုင်းအသစ်တွေ ဟာ အကန် ့တွေနဲ ့ပြုလုပ်ထားတာမို ့လို ့ စက်သုံးဆီတွေ ကို သတ်ဆိုင်ရာ အကန် ့တွေ မှာ သိုလှောင်သိမ်းဆည်းထားတာဖြစ်ပါတယ် ။ အဲဒီအတွက် တွန်းလှုပ်နေလို ့လဲ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူး
ဆီဖြည့်စဉ်ဆီတိုင်ကီမှ ဆီများကို ပိုလျံသည်အထိ ဖြည့်ခြင်းမပြုရန်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီဆိုင် တွေမှာ ဆီဖြည့် ပေးချိန်တွင် ဆီဖြည့်ပိုက် sensor မှ အလိုအလျောက်ရပ် လိုက်သော်လည်း ဆီဖိုးငွေ အစွန်းထွက်မှု ညီမျှသည် အထိ ထပ်ခါထပ်ခါ ဆက်လက်ဖြည့်နေသည်ကို အံအားသင့်ဖွယ် တွေ ့ရှိခဲ ့ရပါတယ်။ ခေတ်မီ နည်းစနစ် တွေအရ ဆီတိုင်ကီအတွင်းနှင့် ဆီဖြည့်ပိုက်ခေါင်းဝ တွင် ဆီမျက်နှာပြင် ဖိအား ကို အခြေခံ ပြီး အလုပ်လုပ်သော sensor များပါရှိပါတယ် ။ ထိုသို ့ထပ်ခါထပ်ခါ ဆက်လက်ဖြည့်နေခြင်းအားဖြင့် အဆိုပါ sensor အား မလိုအပ်ပဲ အလုပ်မိုပို လုပ်စေသောကြောင့် အချိန်ကြာလာတာနှင့်အမျှ Error ပေါ်လာပြီး မိမိကား ဒက်ရှ်ဘုတ်တွင် အင်ဂျင် Check မီး လင်းလာနိုင်ပါသည်။ အဆိုပါ Error ကို ပြန်လည် ပြုပြင်ရန် အနည်းဆုံး $100 USD ခန် ့ကုန်ကျနိုင်ပါသည် ။
ဆီတိုင်ကီတွင် ဆီလက်ကျန် ¼ အောက်ဖြင့် ကြာရှည်စွာ မောင်းနှင်ခြင်းမျိုးရှောင်ကြဉ်ရန်
ဆီတိုင်ကီထဲမှာ ဆီလက်ကျန် ၄ပုံ၁ပုံ လောက် ဘဲကျန်ရှိတော့ရင် သင့်ကား ဆီထပ်ဖြည့် ပေးဖို့ လိုနေပါပြီ။ ခေတ်ပေါ်ကားဆီတိုင်ကီတွေမှာ ဆီပန့်ကို တိုင်ကီ အတွင်းထဲရှိ ဆီထဲမှာမြှပ်ပြီး နှစ်ထားပါ တယ်။ ရည်ရွယ်ချက်က ဆီပန့်မော်တာ အေးနေ အောင်ဖြစ်ပါတယ်။ ဆီ တိုင်ကီထဲမှာ ဆီ Level က ¼ အောက် ရောက်နေမယ်ဆိုရင် ဆီပန့်မော်တာ ဟာ ဆီထဲတွင် နစ်မြှုပ်နေမှုမရှိတော့ပဲ အပူချိန်တွေ မြင့်တက်လာ ပြီး နောက်ဆုံး ပန် ့လောင်ကျွမ်းမှုမျိုး ဖြစ်နိုင်ပါတယ်။ ဆီလက်ကျန် ¼ လောက်ရှိနေချိန်မှာ ဆီကိုထပ် ဖြည့်ထားမယ်ဆိုရင် ဆီပန့်ရဲ့ သက်တမ်းက ကြာရှည်ခံ နိုင်မှာ ဖြစ်ပြီး သင်အရေးပေါ် ခရီးသွားဖို့အတွက် ဆီလုံလောက်မှုကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဆီဘောက်ဆာကား မှဆီလာချပြီး တစ်နာရီ ခန် ့ကျော်မှ သာ ဆီဖြည့်ရန် ။
ဆီဘောက်ဆာ ကားတွေ ဆီဆိုင်မှာ ဆီလာချရင် High-Pressure ပိုက်တွေ သုံးပြီး မြေအောက် ဆီသိုလှောင်ကန် ထဲကို ဆီဖြည့်ရပါတယ်။ ဆီဆိုင် တွေရဲ့ ဆီသိုလှောင် ကန်တွေကို မြေကြီးထဲမှာ မြျုပ်ထားပြီး ဆီကန်တွေရဲ့အောက်ခြေမှာ အနည်နဲ့ အမှုန်လေး တွေ ရှိ နေတတ်ပါတယ်။ ဆီဘောက်ဆာကား ဆီ ချတဲ့အချိန်မှာ မြေအောက်ဆီ သိုလှောင်ကန် ထဲက အနည်နဲ ့အမှုန်များ အပေါ်တက်လာပါတယ် ။ တနည်းအားဖြင့် အနည် ထသွားပါတယ်။၎င်းတို ့ပြန်လည်အနည်ထိုင်ဖို ့အချိန် တစ်နာရီခန် ့လိုပါတယ်။ တစ်နာရီမကျော်ခင် အဆိုပါဆိုင် မှာပဲ ဆီဖြည့်မယ်ဆိုရင် အနည်အမှုန်လေး တွေက ဆီပန့်ထဲ မှ တဆင့် မိမိကားထဲသို ့ဝင်လာပြီး ကားဆီတိုင်ကီနှင့် Fuel Filter တို ့ကို ညစ်ညမ်းစေပါတယ် ။ ဆီမသန် ့ခြင်းကြောင့်ဖြစ်ပေါ် လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်လာပါမယ်။
ရေကြီးလေ့ရှိတဲ ့ ဒေသမှာရှိတဲ့ ဆီဆိုင်မှာ ဘယ်သော အခါမှ ဆီမဖြည့်ပါနှင့်။
အထက်တွင်ပြောထားသကဲ ့သို ့ဆီသိုလှောင်ကန် များကို မြေကြီးထဲတွင် တည်ဆောက်ကြကြောင်း သိပြီး ဖြစ်ပါတယ်။ ရေကြီး ရေလွှမ်းတတ်တဲ ့နေရာမျိုး မှာရှိတဲ ့ဆီဆိုင်များရှိ မြေအောက် သိုလှောင်ကန်များ တွင် ရေများ ၀င်နေတတ်ပါတယ် ။ ဘယ်လိုနည်းပညာ များကို သုံးထားသည်ဖြစ်စေ မြေအောက်ဆီသို လှောင်ကန်ထဲ သို ့ရေ အနည်းနှင့် အများတော့ ၀င်တတ်စမြဲပါ ။အဆိုပါ ဆီဆိုင်မျိုးတွင် ဖြည့်ခြင်းအားဖြင့် မိမိကားတွင်းသို ့ဆီနှင့်ရေ ရောနှောပါလာတတ်ဖို ့အလားအလာ ပိုများပါတယ်။ ဒါကြောင့်ရေကြီးထားတဲ ့ဒေသတွေက ဆီဆိုင်တွေမှာ ဆီဖြည့်ဖို ့စဉ်းစားတယ်ဆို ရေကျပြီး ရက်အနည်းငယ် ကြာမှသာ ဖြည့်သင့်ပါတယ်။ ဒါမှ သင့်ကား အင်ဂျင်ပျက်စီး စေနိုင်တဲ ့နှုန်းလျော့နည်းမှာ ဖြစ်ပါ တယ်။
အထက်ပါ ဖော်ပြခဲ ့တဲ ့ ဆောင်ရန် ရှောင်ရန် အချက် များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဆီနှင့်ဆက်စပ် လျက်ရှိသော နောက်ဆက်တွဲ ဆိုးကျိုုးများ ကြုံတွေ ့ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အထက်ပါ ဖော်ပြခဲ ့တဲ ့ ဆောင်ရန် ရှောင်ရန် အချက် များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဆီနှင့်ဆက်စပ် လျက်ရှိသော နောက်ဆက်တွဲ ဆိုးကျိုုးများ ကြံုတွေ ့ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Zawgyi version…
အထက်ပါ ဖော်ပြခဲ့ တဲ့  ဆောင်ရန် ရှောင်ရန် အချက် များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဆီနှင့်ဆက်စပ် လျက်ရှိသော နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံတွေ့ ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။