
Unicode Version……
Monterey Car Week ၌ ပြသခဲ့သည့် Acura Type S Concept
——————————————————————
Acura ၏ Type Moniker အား 2018 တွင် ကျင်းပခဲ့သည့် Detroit ကားပြပွဲတွင် မိတ်ဆက် ပြသခဲ့ပြီး ယခုအခါ Type S Concept နမူနာအား Monterey Car Week တွင် ထပ်မံပြသခဲ့သည်။ Type S ၏ ကိုယ်ထည်အချိုးသည် Acura Precision Concept ကဲ့သို့ ပုံစံဖြစ်ပြီး Type S အား 4 Doors Coupe အနေဖြင့် ထုတ်လုပ်ထားပါသည်။
၎င်းအား ( Production – ready ) နီးပါးအဆင့် အထိ Acura မှ ရည်မှန်းထားပြီး Design ဆိုင်ရာ ရည်မှန်းချက်အရ Type S အား အမျိုးအစား စုံလင်စွာဖြင့် Acura Model Lineup အတွင်းထည့်သွင်းရန်လည်း Acura မှ စီစဉ်ထားပါသည်။
Type S အား ယခုထိ ပို၍စုံလင်သည့် အနေအထားဖြင့် မိတ်ဆက်ပွဲအား Pebble Beach တွင် မကြာခင် ကျင်းပမည့် Concurs d’ Elegance ၌ ပြသမည်ဖြစ်သည်။ Type S ၏ Taillight အား ထူးခြားစွာ ဖန်တီးထားပြီး Exhaust Design အား လေးထောင့်ကွက်ပုံစံဖြင့် ဖန်တီးထားပါမည်။
Type S စာတန်းအား Trunk Lid အပေါ်တွင် တပ်ဆင်ထားမည်ဖြစ်ပြီး ဝံ့ကြွားလှပသည့် ရုပ်ထွက်သည် ကားတစင်းလုံးကို လွှမ်းခြုံထားပါမည်။
Acura သည် အမျိုးစုံလင်သည့် Type S Model များအား ယခုနှစ်များအတွင်း ဖန်တီးမည်ဖြစ်ပြီး RSX Type S သည် ပထမဆုံးဖြစ်ပါမည်။ အလားတူ Honda ကားများတွင် S – Badge တပ်ဆင်ထားမည့် Model များကိုလည်း ထုတ်လုပ်ပါမည်။
မူလဖန်တီး သည့် NSX Model ၏ Type S နှင့် Type S Zero တို့အား ဂျပန်တွင်ရောင်းချပါမည်။
အလားတူ Acura TLX နှင့် Acura RDX တို့တွင်လည်း Type S များထည့်သွင်းထားပါမည်။ Honda တွင် Civic Type R ကဲ့သို့ Model များထုတ်လုပ်ထားသည့်အတွက် Type S Variant ကိုဝယ်ယူသူများ နှစ်သက်မည်ဟု Honda မှ ယုံကြည်ထားသည်။