အင်္ဂလန်အခြေစိုက် Morgan သည် Plus Four ကို Developed အနေဖြင့် ဖန်တီးမည် ဖြစ်သည်။ ယခင်ထုတ်လုပ်ခဲ့သည် Plus 4 သည် Rear Axle ၊ Leaf Spring နှင့် အနောက်ဖက်တွင် Drum Brake တို့ပါဝင်ပြီး New Plus Four တွင် ၎င်းတို့ကို မတပ်ဆင်တော့ပါ။ ၎င်းတို့အစား All – independent Suspension နှင့် Dix Brake များကို ပြောင်းလဲတပ်ဆင်ထားပါမည်။ ထို့အပြင် Power Steering ၊ ABS Brake ၊ အပါအဝင် အလိုလျောက်စနစ်သုံး ရှေ့မီးကြီးများကဲ့သို့ ခေတ်ဆန်းသည့် ပါဝင်မှုများကိုလည်း ထည့်သွင်းထာပါသည်။ ယခင် Model ၏ အစိတ်အပိုင်း ( 3 % ) ခန့်ကို Model အသစ်၌ဆက်လက် အသုံးပြုထားပါသည်။ အင်ဂျင်သည် BMW ၏ ( 2.0 L Turbocharged I 4 Engine ) ဖြစ်ပြီး Morgan ကားများတွင် Turbo I 4 Engine ကို ပထမဆုံး အသုံးပြုထားခြင်းလည်း ဖြစ်သည်။ နောက်ဘီးနှင့် ချိတ်ဆက်ထားသည့် 6 – Speed Manual Gearbox ( သို့ ) 8 – Speed Auto gear တို့ကို ရွေးချယ်ဝယ်ယူနိုင်သည်။ Morgan သည် Plus Four ကို 1940 ခုနှစ်များတွင် ထင်ရှားခဲ့သည့် Morgan Model များအတိုင်း Classic Design ဖြင့် ဖန်တီးထားပြီး ရှေးခေတ်နှင့် မျက်မှောက်ခေတ်တို့၏ ခံစားမှုရသ ( ၂ ) မျိုးဖြင့် ပေါင်းစပ်ဖန်တီးထားပါသည်။ ၎င်းအား ယခု 2020 တွင် ထုတ်လုပ်ရောင်းချမည်ဖြစ်သည့်အတွက် Morgan ကိုမှ နှစ်သက်ကြသည့် ကားချစ်သူများ အတွက် စိတ်လှုပ်ရှားဖွယ်လက်ဆောင်ဟုဆိုရပါမည်။

Morgan သည် 1940 ခုနှစ် ဒီဇိုင်းကို အခြေခံသည့် ကားသစ်များအား Highlight အနေဖြင့် 2020 တွင် ထုတ်လုပ်မည်