ဗြိတိန်နာမည်ကျော် ကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Morris Garages (MG) သည် ပြည်တွင်းဈေးကွက်အတွင်းသို့ ကားများကို တရားဝင်တင်သွင်း စတင်ဖြန့်ချိရောင်းချသည့်အနေဖြင့် Soft Launching အခမ်းအနားကို လက်ရှိကျင်းပနေသည့် CarsDB Auto Show Mandalay တွင် ပြုလုပ်သွားခဲ့သည်။
အဆိုပါအခမ်းအနားတွင် Morris Garages (MG) ၏ SUV မော်ဒယ်(၃)မျိုးဖြစ်သည့် MG RX5၊ MG HS၊ MG ZS တို့ကို ခင်းကျင်းပြသသွားခဲ့ပြီ ပြပွဲလာရောက်မည့်သူများအနေဖြင့် MG ၏ အဆင့်မြင့်ပြီး ဇိမ်ကျသည့် စွမ်းဆောင်ရည်ကို တွေ့ကြုံခံစားနိုင်စေရန်အတွက် စမ်းသပ်မောင်းနှင်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။
အင်္ဂလန်နိုင်ငံ အခြေစိုက် Morris Garage ကားအမှတ်တံဆိပ်သည် (၁၉၂၄) ခုနှစ်ကတည်းက ပြိုင်ကားအမျိုးအစားနှင့် ဇိမ်ခံကားများကို စတင်ထုတ်လုပ်ခဲ့ပြီး MG ၏ အရည်အသွေးနှင့် လုံခြုံမှုပိုင်းဆိုင်ရာ နည်းပညာမြင့်မားမှုကြောင့် ကမ္ဘာတစ်ဝှမ်းလူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။
MG ၏ ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာမှုနှင့်ပတ်သတ်ပြီး MG Motor ၏ Assistant Manager ဦးဟိန်းဝဏ္ဏက “ MG ကားကုမ္မဏီကို (၁၉၂၄) ခုနှစ်ထဲက အင်္ဂလန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး သမိုင်းတစ်လျှောက် ကောင်းမွန်တဲ့ ကားအမျိုးအစားတွေကို ကမ္ဘာတစ်ဝှမ်းမှာ ထုတ်လုပ်ရောင်းချခဲ့တာ နှစ်ပေါင်း(၉၀)ကျော်ခဲ့ပါပြီ။ ဒီလိုမျိုး အရည်အသွေးကောင်းတဲ့ ကားတွေကို အခုအခါမှာတော့ မြန်မာနိုင်ငံမှာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပါပြီ” ဟု ပြောဆိုသွားခဲ့သည်။
မတ်လ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ (၃)ရက်တိုင်ကျင်းပသွားမည့် CarsDB Auto Show Mandalay 2020 တွင် ကားချစ်သူတွေအနေနဲ့ MG ကားများကို စမ်းသပ်မောင်းနှင်မှုကို ပြုလုပ်နိုင်မည်ဖြစ်ကာ အဆင့်မြင့်ပြီး ဇိမ်ကျသည့် အတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Zawgyi Version….
ၿဗိတိန္နာမည္ေက်ာ္ Morris Garages (MG Myanmar) ၏ Soft Launching အခမ္းအနားက်င္းပျပဳလုပ္
———————————————————–
ၿဗိတိန္နာမည္ေက်ာ္ ကားအမွတ္တံဆိပ္တစ္ခုျဖစ္သည့္ Morris Garages (MG) သည္ ျပည္တြင္းေစ်းကြက္အတြင္းသို႔ ကားမ်ားကို တရားဝင္တင္သြင္း စတင္ျဖန္႔ခ်ိေရာင္းခ်သည့္အေနျဖင့္ Soft Launching အခမ္းအနားကို လက္ရိွက်င္းပေနသည့္ CarsDB Auto Show Mandalay တြင္ ျပဳလုပ္သြားခဲ့သည္။
အဆုိပါအခမ္းအနားတြင္ Morris Garages (MG) ၏ SUV ေမာ္ဒယ္(၃)မ်ိဳးျဖစ္သည့္ MG RX5၊ MG HS၊ MG ZS တုိ႔ကို ခင္းက်င္းျပသသြားခဲ့ၿပီ ျပပြဲလာေရာက္မည့္သူမ်ားအေနျဖင့္ MG ၏ အဆင့္ျမင့္ၿပီး ဇိမ္က်သည့္ စြမ္းေဆာင္ရည္ကို ေတြ႕ႀကံဳခံစားႏုိင္ေစရန္အတြက္ စမ္းသပ္ေမာင္းႏွင္မႈ ျပဳလုပ္ႏုိင္မည္ျဖစ္သည္။
အဂၤလန္ႏုိင္ငံ အေျခစိုက္ Morris Garage ကားအမွတ္တံဆိပ္သည္ (၁၉၂၄) ခုႏွစ္ကတည္းက ၿပိဳင္ကားအမ်ိဳးအစားႏွင့္ ဇိမ္ခံကားမ်ားကို စတင္ထုတ္လုပ္ခဲ့ၿပီး MG ၏ အရည္အေသြးႏွင့္ လံုၿခံဳမႈပိုင္းဆုိင္ရာ နည္းပညာျမင့္မားမႈေၾကာင့္ ကမၻာတစ္ဝွမ္းလူႀကိဳက္မ်ားသည့္ အမွတ္တံဆိပ္တစ္ခုျဖစ္သည္။
MG ၏ ျပည္တြင္းေစ်းကြက္အတြင္း ဝင္ေရာက္လာမႈႏွင့္ပတ္သတ္ၿပီး MG Motor ၏ Assistant Manager ဦးဟိန္းဝဏၰက “ MG ကားကုမၼဏီကို (၁၉၂၄) ခုႏွစ္ထဲက အဂၤလန္ႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ေကာင္းမြန္တဲ့ ကားအမ်ိဳးအစားေတြကို ကမၻာတစ္ဝွမ္းမွာ ထုတ္လုပ္ေရာင္းခ်ခဲ့တာ ႏွစ္ေပါင္း(၉၀)ေက်ာ္ခဲ့ပါၿပီ။ ဒီလိုမ်ိဳး အရည္အေသြးေကာင္းတဲ့ ကားေတြကို အခုအခါမွာေတာ့ ျမန္မာႏုိင္ငံမွာ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ ဝယ္ယူရရိွႏုိင္ပါၿပီ” ဟု ေျပာဆုိသြားခဲ့သည္။
မတ္လ(၆)ရက္ေန႔မွ (၈)ရက္ေန႔အထိ (၃)ရက္တုိင္က်င္းပသြားမည့္ CarsDB Auto Show Mandalay 2020 တြင္ ကားခ်စ္သူေတြအေနနဲ႔ MG ကားမ်ားကို စမ္းသပ္ေမာင္းႏွင္မႈကို ျပဳလုပ္ႏုိင္မည္ျဖစ္ကာ အဆင့္ျမင့္ၿပီး ဇိမ္က်သည့္ အေတြ႕အႀကံဳကို ခံစားႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။