Zawgyi Version…
ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက လမ္းေတြဟာ ခရီးသြားရာမွာ ပိုမိုထိေရာက္ေစဖုိ႔နဲ႔ ေဘးအႏၱရာယ္ကင္းရွင္းေစဖုိ႔ ရည္ရြယ္ၿပီး ေဖာက္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ လမ္းေတြတိုင္းကေတာ့ ခရီးသည္ေတြကို အခက္အခဲမရိွ လိုရာပို႔ေဆာင္ေပးေနတာ မဟုတ္ပါဘူး။ ရည္ရြယ္ရာဆီ ေရာက္ရိွဖုိ႔ ၾကမ္းတမ္းခက္ခဲတဲ့ ခရီးေတြကို ျဖတ္သန္းရတဲ့လမ္းေတြလည္းေတြလည္း ရိွေနပါေသးတယ္။ အခုေဖာ္ျပေပးသြားမွာကေတာ့ ကမၻာတစ္ဝွမ္းက အႏၱရာယ္အမ်ားဆံုးလမ္းေတြပဲ ျဖစ္ပါတယ္။
(၁) North Yungas Road (ဘိုလီဗီယား)
ကမၻာတစ္ဝွမ္း အႏၱရာယ္အရိွဆံုးလမ္းအျဖစ္ သတ္မွတ္ထားၾကတဲ့ ေသမင္းတမန္လမ္း ဒါမွမဟုတ္ ေတာင္ပိုင္းယန္းဂတ္စ္လမ္းဟာ မတ္ေစာက္တဲ့ ေတာင္ကမ္းပါးရံအတုိင္း ေမာင္းႏွင္ရတဲ့လမ္းျဖစ္ပါတယ္။ ဒီလမ္းေပၚျဖတ္သန္းသြားလာတဲ့ကားေတြဟာ တစ္စီးကိုတစ္စီး ေက်ာ္တက္တဲ့အခါ မၾကာခဏ ေတာင္ေပၚကေန ျပဳတ္က်ေလ့ရိွတာေၾကာင့္ အႏၱရာယ္အရိွဆံုးလမ္းေတြထဲမွာ ဦးေဆာင္ေနတာပါ။

(၂) Commonwealth Avenue (ဖိလစ္ပိုင္)
ဖိလစ္ပိုင္ႏုိင္ငံ၊ ကီဇန္ၿမိဳ႕မွာရိွတဲ့ Commonwealth Avenue ကေတာ့ လူသတ္တဲ့အေဝးေျပးလမ္းမအျဖစ္ ဝိေသသျပဳ နာမည္ေပးထားၾကပါတယ္။ ဒီလမ္းဟာ မ်ားျပားလွတဲ့ လမ္းသြားလမ္းလာေတြ၊ စက္ဘီးေတြ၊ ဆုိင္ကယ္ေတြနဲ႔ ယာဥ္မ်ိဳးစံုေၾကာင့္ ကားဆင့္တုိက္တဲ့ မေတာ္တဆမႈေတြ ျဖစ္ပြားေလ့ရိွတဲ့ အေဝးေျပးလမ္းမ ျဖစ္ပါတယ္။ သမာ႐ိုးက်မဟုတ္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ လမ္းစည္းကမ္းဥပေဒေတြေၾကာင့္ ယာဥ္တုိက္မႈေတြ ျဖစ္ေပၚေလ့ရိွတာပါ။

(၃) James Dalton Highway (အလက္စကာ)
အလက္စကာျပည္နယ္မွာရိွတဲ့ အေဝးေျပးလမ္းမတစ္ခုျဖစ္တဲ့ James Dalton လမ္းမေပၚ သင္စတင္ေျခခ်တာနဲ႔ တည္ၿငိမ္မႈကို ခံစားရေစမွာပါ။ ဒါေပမယ့္ လမ္းမတစ္ေလွ်ာက္မွာေတာ့ ေရတုိက္စားထားတဲ့ ဂ်ိဳင့္ေတြ၊ ျပင္းထန္တဲ့ေလနဲ႔ပါလာတဲ့ ေက်ာက္အစအနေတြက သင့္ကိုေကာင္းေကာင္း ဒုကၡေပးႏုိင္ပါတယ္။ အဆုိးဆံုးကေတာ့ က်ယ္ျပန္႔လွတဲ့ကြင္းျပင္ႀကီးထဲ ေမာင္းႏွင္ရတာပါ။

(၄) BR-116 (ဘရာဇီး)
ဘရာဇီးႏုိင္ငံရဲ႕ ဒုတိယေျမာက္အရွည္ဆံုး အေဝးေျပးလမ္းမျဖစ္တဲ့ BR-116 ဟာ ေသမင္းတမန္အေဝးေျပးလမ္းမ အျဖစ္ေခၚေဝၚၾကတဲ့အထိ အႏၱရာယ္မ်ားတဲ့ လမ္းမတစ္ခုပါပဲ။ လမ္းပိုင္းျပဳျပင္ထိန္းသိမ္းမႈ နည္းပါးသလို လူဆိုးဂိုဏ္းေတြနဲ႔ လုယက္မႈေတြေၾကာင့္ ႏွစ္တိုင္းမွာ လူေထာင္ေပါင္းမ်ားစြာဟာ အသက္အႏၱရာယ္နဲ႔ ႀကံဳေတြေနၾကရတာျဖစ္ပါတယ္။

(၅) ဟိမဝႏၱာလမ္းမ်ား
နာမည္ေက်ာ္ဟိမဝႏၱာအရပ္ကို ဦးတည္သြားလာေနတဲ့ လမ္းမမ်ားဟာလည္း အႏၱရာယ္မ်ားတဲ့ လမ္းေတြထဲမွာ ပါဝင္လ်က္ရိွေနပါတယ္။ ကြန္ယက္သဖြယ္ ဟိမဝႏၱာဆီ ဦးတည္ေနတဲ့လမ္းေတြဟာ က်ဥ္းေျမာင္းၿပီး လမ္းခင္းထားျခင္းမရိွတာေၾကာင့္ လမ္းေခ်ာ္မႈ အလြယ္တကူျဖစ္ႏုိင္သလို လမ္းေတြရဲ႕ ေဘးတစ္ဘက္တစ္ခ်က္မွာ တိုက္ေၾကပ်က္စီးေနတဲ့ ကားေတြကို ျမင္ေတြ႕ရမွာပါ။

(၆) Guoliang Tunnel (တ႐ုတ္)
တ႐ုတ္ႏုိင္ငံမွာရိွတဲ့ ဒီလမ္းဟာ တုိင္ဟန္ေတာင္ကို ေဖာက္ၿပီး ဂူေလ်ာင္ၿမိဳ႕ကို ဆက္သြယ္သြြားလာႏုိင္ေအာင္ ေဖာက္လုပ္ထားတဲ့ လမ္းျဖစ္ပါတယ္။ သူရဲ႕တည္ေဆာက္ပံုအရ ဒီလမ္းဟာ လမ္းက်ပ္တာမ်ိဳးေတြ မရိွေပမယ့္ ပင္ကိုအားျဖင့္ အႏၱရာယ္မ်ားတဲ့လမ္းျဖစ္ပါတယ္။

(၇) Taroko Gorge (တုိင္ဝမ္)
တုိင္ဝမ္အတြင္း အႏၱရာယ္အမ်ားဆံုးလမ္းအျဖစ္ လူသိမ်ားတဲ့ Taroko Gorge လမ္းဟာ က်ဥ္းေျမာင္းတဲ့ ေတာင္နံရံလမ္းအတြင္း အႏၱရာယ္မ်ားတဲ့ အခ်ိဳးအေကြ႕ေတြေၾကာင့္ အႏၱရာယ္အမ်ားဆံုးလမ္းေတြထဲမွာ ပါဝင္လာတာျဖစ္ပါတယ္။

(၈) Pasubio (အီတလီ)
အီတလီႏုိင္ငံေတာင္ပိုင္းမွာရိွတဲ့ Pasubio လမ္းကေတာ့ အလြန္လွပတဲ့ ျမင္ကြင္းနဲ႔ ၾကမ္းတမ္းတဲ့ လမ္းခရီးကို ေပါင္းစပ္ထားတဲ့ေနရာတစ္ခုပါ။ အဲဒီလမ္းမွာ သင့္အေနနဲ႔ ကားေမာင္းႏွင္ဖုိ႔အတြက္ စိန္ေခၚမႈမ်ားမွာျဖစ္ၿပီး ကန္႔သတ္ခ်က္ေတြရိွတာေၾကာင့္ တကယ္ၾကမ္းတမ္းတဲ့ လမ္းတစ္ခုပါပဲ။

(၉) Halsema Highway (ဖိလစ္ပိုင္)
ဖိလစ္ပိုင္ႏုိင္ငံထဲက ေနာက္ထပ္ အႏၱရာယ္ေတြနဲ႔ ျပည့္ေနတဲ့ အေဝးေျပးလမ္းတစ္ခုပါပဲ။ ခရီးသြားေတြ ကို ဆြဲေဆာင္ရာၿမိဳ႕ ဆီဂါဒါကို သြားတဲ့လမ္းျဖစ္တာေၾကာင့္ အသံုးျပဳမႈမ်ားေပမယ့္ ျပဳျပင္ထိန္းသိမ္းမႈနည္းပါးသလို ေတာင္ၿပိဳမႈေတြ ျဖစ္ေပၚေလ့ရိွပါတယ္။ ႏွစ္တုိင္း ကားတစ္စီးကေန ႏွစ္စီးအထိ လမ္းေဘးထုိးက်မႈေတြ ျဖစ္ေပၚေလ့ရိွပါတယ္။

(၁၀) Skippers Canyon Road (နယူးဇီလန္)
က်ဥ္းေျမာင္းၿပီး ေလထန္တဲ့ လမ္းေတြမွာ ယာဥ္ေတြကို ျဖတ္သန္းသြားလာခြင့္ျပဳဖုိ႔ အထူးခြင့္ျပဳ ခ်က္ေတြ လိုအပ္ပါတယ္။ ဒီလိုအဂၤါရပ္ေတြကို ပိုင္ဆုိင္ထားတဲ့ နယူးဇီလန္မွာ ရိွတဲ့ Skippers Canyon လမ္းဟာ လမ္းေခ်ာ္မႈျဖစ္ဖို႔ အလြန္လြယ္ကူၿပီး ယာဥ္တိုက္မႈေတြ ျဖစ္ေပၚေလ့ရိွတဲ့ေန ရာတစ္ခုပါ။

(၁၁) Fairy Meadows (ပါကစၥတန္)
ခမ္းနားတဲ့ေတာင္တန္းေတြၾကားမွာ တည္ရိွေနတဲ့ Fairy Meadows လမ္းဟာ က်ဥ္းေျမာင္းၿပီး အႏၲရာယ္ေတြနဲ႔ ျပည့္ေနတဲ့လမ္းျဖစ္ပါတယ္။ ဒီလမ္းဟာ ေသမင္းတမန္ေတာင္တန္း လို႔ေခၚဆုိၾကတဲ့ Nanga Parbat ကို သြားေရာက္ရာမွာ ျဖတ္သန္းရတဲ့လမ္းျဖစ္ၿပီး ႀကီးမားတဲ့ေတာင္တန္းေတြၾကား ခ်ိဳင့္ဝွမ္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လမ္းျဖစ္ပါတယ္။

(၁၂) Luxor-al-Hurghada (အီဂ်စ္)
အခ်ိဳ႕လမ္းေတြဟာ နဂိုမႈလရိွေနတဲ့ ပတ္ဝန္းက်င္အေနအထားေၾကာင့္ ၾကမ္းတမ္းေပမယ့္ အီဂ်စ္ႏုိင္ငံ က Luxor-al-Hurghada ကေတာ့ မတူညီတဲ့အေၾကာင္းျပခ်က္နဲ႔ အႏၱရာယ္မ်ားတဲ့ လမ္းအျဖစ္ နာမည္ေက်ာ္တာပါ။ ဒီလမ္းကို ျဖတ္တဲ့အခါ ညေမွာင္လာၿပီဆုိရင္ လုယက္မႈေတြကို ေၾကာက္တာေၾကာင့္ ကားေတြဟာ မီးပိတ္ၿပီး ေမာင္းႏွင္ၾကရပါတယ္။

(၁၃) The Barton Highway (ၾသစေၾတးလ်)
ၾသစေၾတးလ်ရဲ႕ အႏၱရာယ္အမ်ားဆံုး အေဝးေျပးလမ္းမအျဖစ္ လူသိမ်ားၿပီး ယာဥ္တုိက္မႈေတြ မၾကာခဏျဖစ္ပြားေလ့ရိွတာေၾကာင့္ ခရီးသြားေတြအတြက္ လိုရာခရီးသြားရာမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့လမ္းျဖစ္ပါတယ္။

(၁၄) U.S. Route 431(အေမရိကန္)
အလာဘားမားျပည္နယ္မွာရိွတဲ့ U.S. Route 431 အေဝးေျပးလမ္းမဟာ ငရဲဆီသြားရာလမ္းအျဖစ္ နာမည္ေျပာင္ေပးထားျခင္းခံရတဲ့ လမ္းမပါ။ U.S. Route 431 ဟာ အေမရိကရဲ႕ လူအေသအေပ်ာက္အမ်ားဆံုး အေဝးေျပးလမ္းမအျဖစ္ မွတ္တမ္းဝင္ထားဖူးပါတယ္။

(၁၅) A726 (စေကာ့တလန္)
A726 ဟာ အျမန္ႏႈန္းကန္႔သတ္ခ်က္ သတ္မွတ္ထားတဲ့ အေဝးေျပးလမ္းမတစ္ခုျဖစ္ၿပီး ယာဥ္ေမာင္းေတြကို အိပ္ငိုက္ေစတဲ့ လမ္းတစ္ခုျဖစ္ပါတယ္။ ေခါင္းခ်င္းဆုိင္တုိက္တဲ့ ယာဥ္တုိက္မႈေတြအျဖစ္မ်ားတာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့အေဝးေျပးလမ္းမ အျဖစ္ သတ္မွတ္ခံထားရတာပါ။

Unicode Version…
ကမ္ဘာတစ်ဝှမ်း အန္တရာယ်အများဆုံးလမ်းများ
နှစ်ထောင်ပေါင်းများစွာကတည်းက လမ်းတွေဟာ ခရီးသွားရာမှာ ပိုမိုထိရောက်စေဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဖောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းတွေတိုင်းကတော့ ခရီးသည်တွေကို အခက်အခဲမရှိ လိုရာပို့ဆောင်ပေးနေတာ မဟုတ်ပါဘူး။ ရည်ရွယ်ရာဆီ ရောက်ရှိဖို့ ကြမ်းတမ်းခက်ခဲတဲ့ ခရီးတွေကို ဖြတ်သန်းရတဲ့လမ်းတွေလည်းတွေလည်း ရှိနေပါသေးတယ်။ အခုဖော်ပြပေးသွားမှာကတော့ ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံးလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) North Yungas Road (ဘိုလီဗီယား)
ကမ္ဘာတစ်ဝှမ်း အန္တရာယ်အရှိဆုံးလမ်းအဖြစ် သတ်မှတ်ထားကြတဲ့ သေမင်းတမန်လမ်း ဒါမှမဟုတ် တောင်ပိုင်းယန်းဂတ်စ်လမ်းဟာ မတ်စောက်တဲ့ တောင်ကမ်းပါးရံအတိုင်း မောင်းနှင်ရတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းပေါ်ဖြတ်သန်းသွားလာတဲ့ကားတွေဟာ တစ်စီးကိုတစ်စီး ကျော်တက်တဲ့အခါ မကြာခဏ တောင်ပေါ်ကနေ ပြုတ်ကျလေ့ရှိတာကြောင့် အန္တရာယ်အရှိဆုံးလမ်းတွေထဲမှာ ဦးဆောင်နေတာပါ။
(၂) Commonwealth Avenue (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံ၊ ကီဇန်မြို့မှာရှိတဲ့ Commonwealth Avenue ကတော့ လူသတ်တဲ့အဝေးပြေးလမ်းမအဖြစ် ဝိသေသပြု နာမည်ပေးထားကြပါတယ်။ ဒီလမ်းဟာ များပြားလှတဲ့ လမ်းသွားလမ်းလာတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ ယာဉ်မျိုးစုံကြောင့် ကားဆင့်တိုက်တဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ အဝေးပြေးလမ်းမ ဖြစ်ပါတယ်။ သမာရိုးကျမဟုတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လမ်းစည်းကမ်းဥပဒေတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာပါ။
(၃) James Dalton Highway (အလက်စကာ)
အလက်စကာပြည်နယ်မှာရှိတဲ့ အဝေးပြေးလမ်းမတစ်ခုဖြစ်တဲ့ James Dalton လမ်းမပေါ် သင်စတင်ခြေချတာနဲ့ တည်ငြိမ်မှုကို ခံစားရစေမှာပါ။ ဒါပေမယ့် လမ်းမတစ်လျှောက်မှာတော့ ရေတိုက်စားထားတဲ့ ဂျိုင့်တွေ၊ ပြင်းထန်တဲ့လေနဲ့ပါလာတဲ့ ကျောက်အစအနတွေက သင့်ကိုကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကျယ်ပြန့်လှတဲ့ကွင်းပြင်ကြီးထဲ မောင်းနှင်ရတာပါ။
(၄) BR-116 (ဘရာဇီး)
ဘရာဇီးနိုင်ငံရဲ့ ဒုတိယမြောက်အရှည်ဆုံး အဝေးပြေးလမ်းမဖြစ်တဲ့ BR-116 ဟာ သေမင်းတမန်အဝေးပြေးလမ်းမ အဖြစ်ခေါ်ဝေါ်ကြတဲ့အထိ အန္တရာယ်များတဲ့ လမ်းမတစ်ခုပါပဲ။ လမ်းပိုင်းပြုပြင်ထိန်းသိမ်းမှု နည်းပါးသလို လူဆိုးဂိုဏ်းတွေနဲ့ လုယက်မှုတွေကြောင့် နှစ်တိုင်းမှာ လူထောင်ပေါင်းများစွာဟာ အသက်အန္တရာယ်နဲ့ ကြုံတွေနေကြရတာဖြစ်ပါတယ်။
(၅) ဟိမဝန္တာလမ်းများ
နာမည်ကျော်ဟိမဝန္တာအရပ်ကို ဦးတည်သွားလာနေတဲ့ လမ်းမများဟာလည်း အန္တရာယ်များတဲ့ လမ်းတွေထဲမှာ ပါဝင်လျက်ရှိနေပါတယ်။ ကွန်ယက်သဖွယ် ဟိမဝန္တာဆီ ဦးတည်နေတဲ့လမ်းတွေဟာ ကျဉ်းမြောင်းပြီး လမ်းခင်းထားခြင်းမရှိတာကြောင့် လမ်းချော်မှု အလွယ်တကူဖြစ်နိုင်သလို လမ်းတွေရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ တိုက်ကြေပျက်စီးနေတဲ့ ကားတွေကို မြင်တွေ့ရမှာပါ။
(၆) Guoliang Tunnel (တရုတ်)
တရုတ်နိုင်ငံမှာရှိတဲ့ ဒီလမ်းဟာ တိုင်ဟန်တောင်ကို ဖောက်ပြီး ဂူလျောင်မြို့ကို ဆက်သွယ်သွားလာနိုင်အောင် ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပါတယ်။ သူရဲ့တည်ဆောက်ပုံအရ ဒီလမ်းဟာ လမ်းကျပ်တာမျိုးတွေ မရှိပေမယ့် ပင်ကိုအားဖြင့် အန္တရာယ်များတဲ့လမ်းဖြစ်ပါတယ်။
(၇) Taroko Gorge (တိုင်ဝမ်)
တိုင်ဝမ်အတွင်း အန္တရာယ်အများဆုံးလမ်းအဖြစ် လူသိများတဲ့ Taroko Gorge လမ်းဟာ ကျဉ်းမြောင်းတဲ့ တောင်နံရံလမ်းအတွင်း အန္တရာယ်များတဲ့ အချိုးအကွေ့တွေကြောင့် အန္တရာယ်အများဆုံးလမ်းတွေထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။
(၈) Pasubio (အီတလီ)
အီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Pasubio လမ်းကတော့ အလွန်လှပတဲ့ မြင်ကွင်းနဲ့ ကြမ်းတမ်းတဲ့ လမ်းခရီးကို ပေါင်းစပ်ထားတဲ့နေရာတစ်ခုပါ။ အဲဒီလမ်းမှာ သင့်အနေနဲ့ ကားမောင်းနှင်ဖို့အတွက် စိန်ခေါ်မှုများမှာဖြစ်ပြီး ကန့်သတ်ချက်တွေရှိတာကြောင့် တကယ်ကြမ်းတမ်းတဲ့ လမ်းတစ်ခုပါပဲ။
(၉) Halsema Highway (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံထဲက နောက်ထပ် အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ အဝေးပြေးလမ်းတစ်ခုပါပဲ။ ခရီးသွားတွေ ကို ဆွဲဆောင်ရာမြို့ ဆီဂါဒါကို သွားတဲ့လမ်းဖြစ်တာကြောင့် အသုံးပြုမှုများပေမယ့် ပြုပြင်ထိန်းသိမ်းမှုနည်းပါးသလို တောင်ပြိုမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ နှစ်တိုင်း ကားတစ်စီးကနေ နှစ်စီးအထိ လမ်းဘေးထိုးကျမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
(၁၀) Skippers Canyon Road (နယူးဇီလန်)
ကျဉ်းမြောင်းပြီး လေထန်တဲ့ လမ်းတွေမှာ ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုဖို့ အထူးခွင့်ပြု ချက်တွေ လိုအပ်ပါတယ်။ ဒီလိုအင်္ဂါရပ်တွေကို ပိုင်ဆိုင်ထားတဲ့ နယူးဇီလန်မှာ ရှိတဲ့ Skippers Canyon လမ်းဟာ လမ်းချော်မှုဖြစ်ဖို့ အလွန်လွယ်ကူပြီး ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့နေ ရာတစ်ခုပါ။
(၁၁) Fairy Meadows (ပါကစ္စတန်)
ခမ်းနားတဲ့တောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ Fairy Meadows လမ်းဟာ ကျဉ်းမြောင်းပြီး အန္တရာယ်တွေနဲ့ ပြည့်နေတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ သေမင်းတမန်တောင်တန်း လို့ခေါ်ဆိုကြတဲ့ Nanga Parbat ကို သွားရောက်ရာမှာ ဖြတ်သန်းရတဲ့လမ်းဖြစ်ပြီး ကြီးမားတဲ့တောင်တန်းတွေကြား ချိုင့်ဝှမ်းတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းဖြစ်ပါတယ်။
(၁၂) Luxor-al-Hurghada (အီဂျစ်)
အချို့လမ်းတွေဟာ နဂိုမှုလရှိနေတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် ကြမ်းတမ်းပေမယ့် အီဂျစ်နိုင်ငံ က Luxor-al-Hurghada ကတော့ မတူညီတဲ့အကြောင်းပြချက်နဲ့ အန္တရာယ်များတဲ့ လမ်းအဖြစ် နာမည်ကျော်တာပါ။ ဒီလမ်းကို ဖြတ်တဲ့အခါ ညမှောင်လာပြီဆိုရင် လုယက်မှုတွေကို ကြောက်တာကြောင့် ကားတွေဟာ မီးပိတ်ပြီး မောင်းနှင်ကြရပါတယ်။
(၁၃) The Barton Highway (သြစတြေးလျ)
သြစတြေးလျရဲ့ အန္တရာယ်အများဆုံး အဝေးပြေးလမ်းမအဖြစ် လူသိများပြီး ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် ခရီးသွားတွေအတွက် လိုရာခရီးသွားရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လမ်းဖြစ်ပါတယ်။
(၁၄) U.S. Route 431(အမေရိကန်)
အလာဘားမားပြည်နယ်မှာရှိတဲ့ U.S. Route 431 အဝေးပြေးလမ်းမဟာ ငရဲဆီသွားရာလမ်းအဖြစ် နာမည်ပြောင်ပေးထားခြင်းခံရတဲ့ လမ်းမပါ။ U.S. Route 431 ဟာ အမေရိကရဲ့ လူအသေအပျောက်အများဆုံး အဝေးပြေးလမ်းမအဖြစ် မှတ်တမ်းဝင်ထားဖူးပါတယ်။
(၁၅) A726 (စကော့တလန်)
A726 ဟာ အမြန်နှုန်းကန့်သတ်ချက် သတ်မှတ်ထားတဲ့ အဝေးပြေးလမ်းမတစ်ခုဖြစ်ပြီး ယာဉ်မောင်းတွေကို အိပ်ငိုက်စေတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။ ခေါင်းချင်းဆိုင်တိုက်တဲ့ ယာဉ်တိုက်မှုတွေအဖြစ်များတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အဝေးပြေးလမ်းမ အဖြစ် သတ်မှတ်ခံထားရတာပါ။