Zawgyi Version…
အေမရိကန္ႏိုင္ငံအေျခစုိက္ ကမာၻ႕ေစ်းကြက္သတင္းအခ်က္အလက္မ်ား ရွာေဖြစုေဆာင္း ေပးသည့္ အဖြဲ႔အစည္းျဖစ္ေသာ J.D. Power ၏ထုတ္ျပန္ခ်က္အရ ၂၀၁၉ အတြက္ယုံၾကည္ စိတ္ခ်ရမွဳအရွိဆုံး ကား Brand အျဖစ္ Luxury ကားထုတ္လုပ္ေရးကုမၸဏီ Lexus က ၈ႏွစ္ဆက္တုိက္ နံပါတ္ ၁ ေနရာ တြင္ရပ္တည္ႏိုင္ခဲ့သည္။ J.D. Power သည္ Customer စိတ္ေက်နပ္မွဳကုိ အဓိကထားစာတမ္း ေကာက္ ယူေပးျပီး ထုတ္လုပ္မွဳအရည္အေသြး၊ ကားထုတ္လုပ္ေရးလုပ္ငန္းတစ္ခု၏ Marketing, advertising မ်ားအ ေပၚအေျခတည္ကာ မွီခုိမွဳကင္းစြာစာရင္မ်ားကုိ တိတိက်က်ထုတ္ျပန္ေပးေန သည့္နာမည္ေက်ာ္ Survey Service ကုမၸဏီၾကီးတစ္ခုလည္းျဖစ္သည္။ J.D. Power၏အရွိန္အဝါမွာ အေမရိက၊ ဥေရာပေဒသ မ်ား သာမကဘဲ အာရွအထိပါျပန္႔ႏွ႔ံျပီး ၎တုိ႔၏ Results မ်ားကုိလူအမ်ားက ယုံၾကည္ လက္ခံထားၾကသည္။
J.D. Power ၏တုိင္းတာမွဳမွာ ျပႆနာတုိင္းကုိ ယာဥ္အစီး 100 (PP100) ဟုသတ္မွတ္ထားျပီး သက္တမ္း ၃ ႏွစ္ရွိေမာ္ေတာ္ကားပုိင္ဆုိင္သူတုိင္း၏ ျပီးခဲ့သည့္ ၁၂ လအတြင္းအေတြ႔အၾကဳံမ်ားကုိ အေျခခံတြက္ ခ်က္ ထားျခင္းျဖစ္သည္။ ဆုိရလွ်င္ ယခုစာရင္းမွာ ၂၀၁၆ ေမာ္ဒယ္ထုတ္ကားမ်ားကုိ တုိင္းတာျခင္းျဖစ္သည္။ ထုိ႔ေၾကာင့္ Customer မွျပႆနာအနည္းဆုံး Brand သာလွ်င္အမွတ္ အနည္းဆုံးရရွိျပီး ထိပ္ဆုံး ေနရာ တြင္ရပ္တည္ႏိုင္မည္ျဖစ္သည္။ ထိပ္ဆုံးမွ Lexus မွ 106 PP100 ၊ နံပါတ္ ၂ ႏွင့္ ၃ ေနရာမ်ားတြင္ Porsche ႏွင့္ Toyota တုိ႔က 108 PP100 ၊ နံပါတ္ ၄ ေနရာတြင္ Chevrolet က 115 PP100 ၊ နံပါတ္ ၅ ေနရာတြင္ Buick, နံပါတ္ ၆ေနရာတြင္ MINI , နံပါတ္ ၇ ေနရာတြင္ BMW ၊ နံပါတ္ ၈ ေနရာတြင္ Audi စ သည္ျဖင့္ အသီးသီးရပ္တည္ေနၾကသည္။ 2019 အတြက္ ယုံၾကည္စိတ္ခ်ရမွဳအရွိဆုံး ထိပ္တန္း Brand မ်ားစာရင္း တြင္လက္ရွိျပည္တြင္းေရာက္ Brand New မ်ားထဲမွ Toyota, Chevrolet, BMW, Hyundai, KIA, Volkswagen, Mercedes-Benz, Nissan, Ford, Mitsubishi, Mazda, Jaguar, Volvo, Land Rover တုိ႔အစဥ္အတုိင္း ပါဝင္ေနၾကသည္။
Source : https://businesstech.co.za








Unicode Version…
2019 ခုနှစ်အတွက် ယုံကြည်စိတ်ချရမှုအရှိဆုံးကား Brand အဖြစ် Lexus ထိပ်ဆုံးမှရပ်တည်နေ
အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ဈေးကွက်သတင်းအချက်အလက်များ ရှာဖွေစုဆောင်း ပေးသည့် အဖွဲ့အစည်းဖြစ်သော J.D. Power ၏ထုတ်ပြန်ချက်အရ ၂၀၁၉ အတွက်ယုံကြည် စိတ်ချရမှုအရှိဆုံး ကား Brand အဖြစ် Luxury ကားထုတ်လုပ်ရေးကုမ္ပဏီ Lexus က ၈နှစ်ဆက်တိုက် နံပါတ် ၁ နေရာ တွင်ရပ်တည်နိုင်ခဲ့သည်။ J.D. Power သည် Customer စိတ်ကျေနပ်မှုကို အဓိကထားစာတမ်း ကောက် ယူပေးပြီး ထုတ်လုပ်မှုအရည်အသွေး၊ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခု၏ Marketing, advertising များအ ပေါ်အခြေတည်ကာ မှီခိုမှုကင်းစွာစာရင်များကို တိတိကျကျထုတ်ပြန်ပေးနေ သည့်နာမည်ကျော် Survey Service ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်သည်။ J.D. Power၏အရှိန်အဝါမှာ အမေရိက၊ ဥရောပဒေသ များ သာမကဘဲ အာရှအထိပါပြန့်နှံ့ပြီး ၎င်းတို့၏ Results များကိုလူအများက ယုံကြည် လက်ခံထားကြသည်။
J.D. Power ၏တိုင်းတာမှုမှာ ပြဿနာတိုင်းကို ယာဉ်အစီး 100 (PP100) ဟုသတ်မှတ်ထားပြီး သက်တမ်း ၃ နှစ်ရှိမော်တော်ကားပိုင်ဆိုင်သူတိုင်း၏ ပြီးခဲ့သည့် ၁၂ လအတွင်းအတွေ့အကြုံများကို အခြေခံတွက် ချက် ထားခြင်းဖြစ်သည်။ ဆိုရလျှင် ယခုစာရင်းမှာ ၂၀၁၆ မော်ဒယ်ထုတ်ကားများကို တိုင်းတာခြင်းဖြစ်သည်။ ထို့ကြောင့် Customer မှပြဿနာအနည်းဆုံး Brand သာလျှင်အမှတ် အနည်းဆုံးရရှိပြီး ထိပ်ဆုံး နေရာ တွင်ရပ်တည်နိုင်မည်ဖြစ်သည်။ ထိပ်ဆုံးမှ Lexus မှ 106 PP100 ၊ နံပါတ် ၂ နှင့် ၃ နေရာများတွင် Porsche နှင့် Toyota တို့က 108 PP100 ၊ နံပါတ် ၄ နေရာတွင် Chevrolet က 115 PP100 ၊ နံပါတ် ၅ နေရာတွင် Buick, နံပါတ် ၆နေရာတွင် MINI , နံပါတ် ၇ နေရာတွင် BMW ၊ နံပါတ် ၈ နေရာတွင် Audi စ သည်ဖြင့် အသီးသီးရပ်တည်နေကြသည်။ 2019 အတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ထိပ်တန်း Brand များစာရင်း တွင်လက်ရှိပြည်တွင်းရောက် Brand New များထဲမှ Toyota, Chevrolet, BMW, Hyundai, KIA, Volkswagen, Mercedes-Benz, Nissan, Ford, Mitsubishi, Mazda, Jaguar, Volvo, Land Rover တို့အစဉ်အတိုင်း ပါဝင်နေကြသည်။
Source : https://businesstech.co.za