Mr Vladimir Putin ၏ Aurus Limousine အား အရပ္သုံးပုံစံအျဖင့္ Order မ်ားစတင္လက္ခံမည္

ရုရွား၏ ႏိုင္ငံပိုင္ Automaker ျဖစ္သည့္ AURUS သည္ ရုရွားသမၼတ Mr ပူတင္၏ 2018 က်မ္းသစၥာက်ိန္ဆိုပြဲ၌ အသုံးျပဳခဲ့သည့္ Limousine Model အား ယခုအခါ Civilian Version အေနျဖင့္ ေရာင္းခ်ရန္ အမွာစာမ်ားစတင္လက္ခံလို္က္ပါသည္။ ပထမဆုံး Aurus Showroom သည္ ၿမိဳ႕ေတာ္ Moscow တြင္ ရွိၿပီး ၎မွ ၂၃ ေပခန္႔ ရွည္သည့္ Saint Limousine Model ၏ အရြယ္ခ်ဳံ႕ထားသည့္ ကားပုံစံ ( ၁ ) စင္းသာ ေရာင္းခ်ၿပီး ယခုလက္ခံသည့္ Order  မ်ားတြင္ ပုံစံ ( ၃ ) မ်ဳိးပါရွိကာ Limousine Version ၊ Luxury Version ႏွင့္ Norman Varian တို႔ျဖစ္ၾကပါမည္။ Aurus မွ အစင္းေရ မည္မွ်ေရာင္းခ်မည္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသာ္လည္း ၎တို႔အား ရုရွားအျပင္ အျခားျပင္ေစ်းကြက္မ်ားမွ Customer မ်ားလည္း စိတ္၀င္တစားရွိၾကေၾကာင္း ကို Aurus CEO ျဖစ္သူ Adil Shirinav မွ ရိုက္တာႏွင့္ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။ Aurus ၏ Showroom မ်ားအား တရုတ္ႏိုင္ငံတြင္ 2020 ၊ 2021 ၌ တိုးခ်ဲဲ႕ဖြင့္လွစ္မည္ျဖစ္သည္။ Aurus ၏ Rolls – Royce Limousine မွ ဆက္ခံျခင္းအျဖင့္ အေျခအေနထားရွိခဲ့သည့္ ZiL Model အား ႏိုင္ငံေတာ္အဆင့္ ပုဂၢိဳလ္မ်ားမွ ဆယ္စုႏွစ္မ်ားစြာ ၀ယ္ယူအသုံးျပဳခဲ့ပါသည္။  ၎တြင္ Porsche Engineering ႏွင့္ Bosch တို႔ မွ ပူးေပါင္းပါ၀င္ခဲ့ၿပီး ( 4.4 L V8  Twin – turbocharged Engine ) ၊ ( 600 hp ) အင္ဂ်င္ကို အသုံးျပဳထားပါသည္။ Model အသစ္တြင္မူ ( 800 hp V 12 Engine ) ႏွင့္ ( 2.2 L Turbocharged  I4 Engine ) ၊ ( 245 hp ) ကို တပ္ဆင္မည္ျဖစ္ကာ ရည္ရြယ္ခ်က္မွာ Limousine အျပင္ Minivan ႏွင့္ အတူလာမည့္ 2020 Moscow Auto Show တြင္ မိတ္ဆက္မည့္ Komendant SUV တို႔အတြက္ အရြယ္ငယ္ေသာ အင္ဂ်င္ကို ထည့္သြင္းရန္ျဖစ္ပါသည္။ Saint Version အတြက္ EV ႏွင့္ Hybrid  အင္ဂ်င္မ်ားအား  2025 အတြင္း တိုးခ်ဲ႕ဖန္တီးမည္ျဖစ္သည္။   

Mr Vladimir Putin ၏ Aurus Limousine အား အရပ်သုံးပုံစံအဖြင့် Order များစတင်လက်ခံမည်
ရုရှား၏ နိုင်ငံပိုင် Automaker ဖြစ်သည့် AURUS သည် ရုရှားသမ္မတ Mr ပူတင်၏ 2018 ကျမ်းသစ္စာကျိန်ဆိုပွဲ၌ အသုံးပြုခဲ့သည့် Limousine Model အား ယခုအခါ Civilian Version အနေဖြင့် ရောင်းချရန် အမှာစာများစတင်လက်ခံလိုက်ပါသည်။ ပထမဆုံး Aurus Showroom သည် မြို့တော် Moscow တွင် ရှိပြီး ၎င်းမှ ၂၃ ပေခန့် ရှည်သည့် Saint Limousine Model ၏ အရွယ်ချုံ့ထားသည့် ကားပုံစံ ( ၁ ) စင်းသာ ရောင်းချပြီး ယခုလက်ခံသည့် Order များတွင် ပုံစံ ( ၃ ) မျိုးပါရှိကာ Limousine Version ၊ Luxury Version နှင့် Norman Varian တို့ဖြစ်ကြပါမည်။ Aurus မှ အစင်းရေ မည်မျှရောင်းချမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့အား ရုရှားအပြင် အခြားပြင်ဈေးကွက်များမှ Customer များလည်း စိတ်ဝင်တစားရှိကြကြောင်း ကို Aurus CEO ဖြစ်သူ Adil Shirinav မှ ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ Aurus ၏ Showroom များအား တရုတ်နိုင်ငံတွင် 2020 ၊ 2021 ၌ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ Aurus ၏ Rolls – Royce Limousine မှ ဆက်ခံခြင်းအဖြင့် အခြေအနေထားရှိခဲ့သည့် ZiL Model အား နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များမှ ဆယ်စုနှစ်များစွာ ဝယ်ယူအသုံးပြုခဲ့ပါသည်။ ၎င်းတွင် Porsche Engineering နှင့် Bosch တို့ မှ ပူးပေါင်းပါဝင်ခဲ့ပြီး ( 4.4 L V8 Twin – turbocharged Engine ) ၊ ( 600 hp ) အင်ဂျင်ကို အသုံးပြုထားပါသည်။ Model အသစ်တွင်မူ ( 800 hp V 12 Engine ) နှင့် ( 2.2 L Turbocharged I4 Engine ) ၊ ( 245 hp ) ကို တပ်ဆင်မည်ဖြစ်ကာ ရည်ရွယ်ချက်မှာ Limousine အပြင် Minivan နှင့် အတူလာမည့် 2020 Moscow Auto Show တွင် မိတ်ဆက်မည့် Komendant SUV တို့အတွက် အရွယ်ငယ်သော အင်ဂျင်ကို ထည့်သွင်းရန်ဖြစ်ပါသည်။ Saint Version အတွက် EV နှင့် Hybrid အင်ဂျင်များအား 2025 အတွင်း တိုးချဲ့ဖန်တီးမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here