Unicode version…

မြန်မာနိုင်ငံတွင် ၅ ကြိမ်မြောက်ကျင်းပမည်ဖြစ်သော MYANAUTO/BUS & TRUCK Myanmar 2017 ကို နိုဝင်ဘာ ၁၇ မှ ၁၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် Myanmar Event Park (Mindama)တွင် ကျင်းပ သွားမည်ဟု သိရသည်။ ထိုပွဲတွင် တရုတ်၊ထိုင်ဝမ်၊ကိုရီးယား၊မလေးရှား၊စင်ကာပူ၊ထိုင်း အစရှိသော နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅၀ ကျော်၏ ကား၊ဘတ်စ်ကား၊ကုန်တင်ယာဉ်များသာမက ၎င်းတို့နှင့်ပတ် သက်သောယာဉ်အပိုပစ္စည်းအသစ်များကို ပြသသွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲအတွင်း၌ Bus & Truck Myanmar 2017 လည်းပါဝင်မည်ဖြစ်ကာ အပိုပစ္စည်းရောင်းဝယ်ရေးစင်တာ၊ဝပ်ရှော့၊Service Centre အသစ်များမှလည်း လုပ်ငန်းသစ်များကို ပြသမည်ဖြစ်သည်။

စတုရန်းပေ ၄၀၀၀ ကျော်ကျယ်ဝန်းသော ထိုပြခန်း၌ ကားနှင့်ပတ်သက်သောအပိုပစ္စည်းနှင့်ဝန်ဆောင်မှုများ၊ ကားဘီး တာယာ၊ဘရိတ်ဆီ၊ချောဆီ၊စက်ဆီ၊ကားပစ္စည်းများ၊အဲကွန်းအစိတ်အပိုင်းများ၊မီးသီးများ၊ကားအလှဆင်ပစ္စည်းများ၊အင်ဂျင်များ၊ဂီယာများနှင့် အခြားသောဆက်စပ်ပစ္စည်းများကို ပြသပေးသွားမည်ဖြစ်သည်။ထို့အပြင် ပြပွဲနေ့အတွင်း မော်တော် ယာဉ်ပြုပြင်စစ်ဆေးခြင်းဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်သော Top Mechanic Challenge 2017 ကိုလည်း ကျင်းပပေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi version…

ျမန္မာႏုိင္ငံတြင္ ၅ ၾကိမ္ေျမာက္က်င္းပမည္ျဖစ္ေသာ MYANAUTO/BUS & TRUCK Myanmar 2017 ကုိ ႏုိဝင္ဘာ ၁၇ မွ ၁၉ ရက္ေန႕အထိ ၃ ရက္တုိင္တုိင္ Myanmar Event Park (Mindama)တြင္ က်င္းပ သြားမည္ဟု သိရသည္။ ထုိပဲြတြင္ တရုတ္၊ထုိင္ဝမ္၊ကုိရီးယား၊မေလးရွား၊စင္ကာပူ၊ထုိင္း အစရွိေသာ ႏုိင္ငံေပါင္း ၁၈ ႏုိင္ငံမွ ျပခန္းေပါင္း ၂၅၀ ေက်ာ္၏ ကား၊ဘတ္စ္ကား၊ကုန္တင္ယာဥ္မ်ားသာမက ၎တုိ႕ႏွင့္ပတ္ သက္ေသာယာဥ္အပုိပစၥည္းအသစ္မ်ားကုိ ျပသသြားမည္ျဖစ္ပါသည္။ အဆုိပါျပပဲြအတြင္း၌ Bus & Truck Myanmar 2017 လည္းပါဝင္မည္ျဖစ္ကာ အပုိပစၥည္းေရာင္းဝယ္ေရးစင္တာ၊ဝပ္ေရွာ့၊Service Centre အသစ္မ်ားမွလည္း လုပ္ငန္းသစ္မ်ားကုိ ျပသမည္ျဖစ္သည္။

စတုရန္းေပ ၄၀၀၀ ေက်ာ္က်ယ္ဝန္းေသာ ထုိျပခန္း၌ ကားႏွင့္ပတ္သက္ေသာအပုိပစၥည္းႏွင့္ဝန္ေဆာင္မွဳမ်ား၊ ကားဘီး တာယာ၊ဘရိတ္ဆီ၊ေခ်ာဆီ၊စက္ဆီ၊ကားပစၥည္းမ်ား၊အဲကြန္းအစိတ္အပုိင္းမ်ား၊မီးသီးမ်ား၊ကားအလွဆင္ပစၥည္းမ်ား၊အင္ဂ်င္မ်ား၊ဂီယာမ်ားႏွင့္ အျခားေသာဆက္စပ္ပစၥည္းမ်ားကုိ ျပသေပးသြားမည္ျဖစ္သည္။ထုိ႕အျပင္ ျပပဲြေန႕အတြင္း ေမာ္ေတာ္ ယာဥ္ျပဳျပင္စစ္ေဆးျခင္းဆုိင္ရာျပိဳင္ပဲြတစ္ခုျဖစ္ေသာ Top Mechanic Challenge 2017 ကုိလည္း က်င္းပေပး သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။