Unicode version…

မန္တလေး၊ပြင်ဦးလွင်မြို့နယ်၊ပြင်စာအနီး(Cyber City)ရှိ ကွင်းအတွင်း၌ ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလလယ်တွင် Motor Sport Association of Mandalay (MSAM)မှကြီးမှူး၍ Myanmar Drift Champion Ship -2018 ကျင်းပရန်စီစဉ်လျက်ရှိရာအနယ်နယ်အရပ်ရပ်မှ Racer
များဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း MSAM အဖွဲ့မှ ကိုအိပိုင်ကပြောသည်။

“အားကစားတစ်ခုအဖြစ်နဲ့ ပြိုင်ပွဲတွေလုပ်ပြီး အိမ်နီးခြင်းနိုင်ငံတွေမှာ
သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်လုပ် ဆောင်တာပါ။ပြိုင်ပွဲမှာ
အကောင်းဆုံးနဲ့ ကြီးကျယ်ခမ်းနားအောင် စီစဉ်နေပါတယ်။ ရည်မှန်း ထားတာကတော့တစ်နှစ်ကို ၂ ကြိမ်လောက်လုပ်ဖို့ပါ။”ဟု ၄င်းကပြောသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလကကျင်းပသည့် အာရှအဆင့် ကားမောင်းပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင် သူ ၂ ဦးရှိခဲ့ပြီး
ဆုများလည်းရရှိခဲ့ကြောင်း၊ယင်းကဲ့သို့ ပြိုင်ပွဲများမှ တဆင့်
နိုင်ငံတကာပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ် ပြိုင်ကာ
နိုင်ငံ၏ဂုဏ်ဆောင်နိုင်ရန်အတွက်
ပြည်တွင်းပြိုင်ပွဲများပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလက လုပ်တဲ့ ပွဲမှာ
တစ်နိုင်ငံလုံးကြည့်ရှုနိုင်အောင် MRTV-4 က တိုက်ရိုက်လွင့်ခဲ့ပါတယ်။
ဒီနစ်လည်း တိုက်ရိုက်လွင့်နိုင်ဖို့ စီစဉ်မှာပါ။ပြိုင်ပွဲမှာပါ၀င်မှာက
သေချာတာတော့ Car Drift ပါ။Time Attack ပါ/မပါတော့ နီးမှပဲ
ပြောနိုင်မယ်။တခြားဆိုင်ကယ်စတန့်၊စက်ဘီးစတန့်နဲ့ Music Show
ပွဲတွေကိုလည်း ဖြစ်နိုင် ရင် ထည့်သွင်းနိုင်အောင်တော့
ကြိုးစားနေပါတယ်။”ဟု ဆက်လက်ပြောကြားသည်။

အဆိုပါပြိုင်ပွဲများကို(MSAM)အနေဖြင့် ၀ါသနာအရ ကျင်းပပြုလုပ်ကာ
ကားမောင်းကျွမ်းကျင်သူ Racer များ မွေးထုတ်ပေး ပြီး
နိုင်ငံတကာအဆင့်မှီပြိုင်ပွဲများသို့ ယှဉ်ပြိုင်နိုင်ရန်
တွန်းအားပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအမျိုး အစားတွင် Grade A နှင့်
Grade B ဟူ၍ခွဲထားပြီးတမျိုးလျင် ပထမ၊ဒုတိယ၊တတိယ ဟူ၍ ဆုချီးမြှင့်သွားမည်
ဖြစ်ကြောင်းသိရသည်။

ကျော်ထက်

Zawgyi version…
မႏၱေလး၊ျပင္ဦးလြင္ျမိဳ႕နယ္၊ျပင္စာအနီး(Cyber City)ရွိ ကြင္းအတြင္း၌ ၂၀၁၈ခုနွစ္ ေဖေဖၚ၀ါရီလလယ္တြင္ Motor Sport Association of Mandalay (MSAM)မွၾကီးမွဴး၍ Myanmar Drift Champion Ship -2018 က်င္းပရန္စီစဥ္လ်က္ရွိရာအနယ္နယ္အရပ္ရပ္မွ Racer
မ်ား၀င္ေရာက္ယွဥ္ျပိဳင္နိဳင္ေၾကာင္း MSAM အဖြဲ႔မွ ကိုအိပိုင္ကေျပာသည္။
 
“အားကစားတစ္ခုအျဖစ္နဲ႔ ျပိဳင္ပြဲေတြလုပ္ျပီး အိမ္နီးျခင္းနိဳင္ငံေတြမွာ
သြားေရာက္ယွဥ္ျပိဳင္နိဳင္ဖို႔ ရည္ရြယ္လုပ္ ေဆာင္တာပါ။ျပိဳင္ပြဲမွာ
အေကာင္းဆံုးနဲ႔ ၾကီးက်ယ္ခမ္းနားေအာင္ စီစဥ္ေနပါတယ္။ ရည္မွန္း ထားတာကေတာ့တစ္နွစ္ကို ၂ ၾကိမ္ေလာက္လုပ္ဖို႔ပါ။”ဟု ၄င္းကေျပာသည္။
 
ထိုင္းနိဳင္ငံတြင္ ဒီဇင္ဘာလကက်င္းပသည့္ အာရွအဆင့္ ကားေမာင္းျပိဳင္ပြဲတြင္ျမန္မာနိဳင္ငံကိုယ္စားျပဳယွဥ္ျပိဳင္ သူ ၂ ဦးရွိခဲ့ျပီး
ဆုမ်ားလည္းရရွိခဲ့ေၾကာင္း၊ယင္းကဲ့သုိ႔ ျပိဳင္ပြဲမ်ားမွ တဆင့္
နိဳင္ငံတကာျပိဳင္ပြဲမ်ားသို႔ ၀င္ေရာက္ ယွဥ္ ျပိဳင္ကာ
နိဳင္ငံ၏ဂုဏ္ေဆာင္နိဳင္ရန္အတြက္
ျပည္တြင္းျပိဳင္ပြဲမ်ားျပဳလုပ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။
 
“ျပီးခဲ့တဲ့ ၂၀၁၇ ဧျပီလက လုပ္တဲ့ ပြဲမွာ
တစ္နိဳင္ငံလံုးၾကည့္ရွဳနိဳင္ေအာင္ MRTV-4 က တိုက္ရိုက္လြင့္ခဲ့ပါတယ္။
ဒီနစ္လည္း တိုက္ရိုက္လြင့္နိဳင္ဖို႔ စီစဥ္မွာပါ။ျပိဳင္ပြဲမွာပါ၀င္မွာက
ေသခ်ာတာေတာ့ Car Drift ပါ။Time Attack ပါ/မပါေတာ့ နီးမွပဲ
ေျပာနိဳင္မယ္။တျခားဆုိင္ကယ္စတန္႔၊စက္ဘီးစတန္႔နဲ႔ Music Show
ပြဲေတြကိုလည္း ျဖစ္နိဳင္ ရင္ ထည့္သြင္းနိဳင္ေအာင္ေတာ့
ၾကိဳးစားေနပါတယ္။”ဟု ဆက္လက္ေျပာၾကားသည္။
 
အဆိုပါျပိဳင္ပြဲမ်ားကို(MSAM)အေနျဖင့္ ၀ါသနာအရ က်င္းပျပဳလုပ္ကာ
ကားေမာင္းကၽြမ္းက်င္သူ Racer မ်ား ေမြးထုတ္ေပး ျပီး
နိဳင္ငံတကာအဆင့္မွီျပိဳင္ပြဲမ်ားသို႔ ယွဥ္ျပိဳင္နိဳင္ရန္
တြန္းအားေပးျခင္းျဖစ္ေၾကာင္း၊ ျပိဳင္ပြဲအမ်ိဳး အစားတြင္ Grade A နွင့္
Grade B ဟူ၍ခြဲထားျပီးတမ်ိဳးလ်င္ ပထမ၊ဒုတိယ၊တတိယ ဟူ၍ ဆုခ်ီးျမွင့္သြားမည္
ျဖစ္ေၾကာင္းသိရသည္။
 
ေက်ာ္ထက္