Unicode version…

ဒီတစ်ခေါက် Maintenance ကဏ္ဍမှာရွေးချယ်ပေးထားတာကတော့ အများနဲ့မတူတဲ့ ဝန်ဆောင်မှု၊ကျွမ်းကျင်မှု၊ စနစ်ကျမှု တွေသာမက ရန်ကုန်မြို့တွင်း ကားပျက်ရင် On Call စနစ်နဲ့ခေါ်ယူနိုင်တဲ့စနစ်တွေကြောင့် နာမည်ရလာတဲ့ Service တစ်ခုပဲဖြစ်ပါတယ်။သူတို့ရဲ့ဝန်ဆောင်မှုတွေဘယ်လိုရှိတယ်။လေ့လာစရာတွေဘယ်လိုရှိတယ်ဆိုတာ ဆက်ကြည့်ရအောင်လား ခင်ဗျာ။

မေး- Myanmar Finest Automobile Service Centre ကိုဘယ်တုန်းက စဖွင့်ခဲ့တယ်ဆိုတာကို ပထမဆုံးအ နေနဲ့ပြောပြပေးစေချင်ပါတယ်။

ဖြေ- MFA ကိုစဖွင့်ခဲ့တာကတော့ ၂၀၁၅ အောက်တိုဘာ ၁၁ တုန်းကပါ။ကျွန်တော်ကတော့ အဲအချိန်က မရောက်သေး ပါဘူး။ပြီးခဲ့တဲ့နှစ်ကမှ စတာဝန်ယူခဲ့တာပေါ့နော်။

မေး-ဒီမှာက ဘယ်လိုService တွေပေးပါသလဲ။

ဖြေ- ဟုတ်ကဲ့ လက်ရှိမှာဆိုရင် အင်ဂျင်ဝိုင်လဲ၊ ဂီယာဝိုင်လဲ၊ အောက်ပိုင်းစစ်၊ Computer Diagnosis တို့၊အဲကွန်း၊အလိုင်းမန့်၊ကားကျန်းမာရေး ၁၈ ချက်၊ Car clean & spa ၊ Engine Tuning စတဲ့အချက်တွေကို တစ်နေရာထဲမှာ ဝန်ဆောင်မှုပေးနေပါတယ်။ နောက်ပိုင်းနေရာချဲ့လိုက်တော့ တော်တော်လည်းလူသိများသွားတယ်။

မေး- အန်ကယ်တို့ဆီမှာလုပ်ပေးတာက One stop လား။ဆေး၊ဘော်ဒီရောလုပ်ပေးပါလား။ တခြားရော ဘာတွေဝန်ဆောင်မှု ပေးပါသလဲ။

ဖြေ-ဆေး၊ဘော်ဒီပိုင်းကတော့ လုပ်တဲ့အဖွဲ့နဲ့ Link လုပ်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာ On Call ဝန်ဆောင်မှုလည်း ထပ်ရှိပါတယ်။ ရန်ကုန်မြို့တွင်း ကားပျက်လို့ဆွဲမရရင် Carrier (SAT) နဲ့သယ်ပြီး ပြုပြင်ပေးတဲ့ Service ပါ။ 24 နာရီဝန်ဆောင်မှု လို့တော့ မသတ်မှတ်ထားပေမယ့်လည်း အချိန်ပြည့်တော့ဝန်ဆောင်မှုပေးနိုင်ဖို့ကြိုးစားထားပါတယ်။

မေး-ဒီမှာ ဘယ်လိုစက်တွေသုံးပြီး ပြုပြင်ပေးပါသလဲ။

ဖြေ- ဟုတ်ကဲ့ ဒီမှာက အရင်တုန်းကတော့ Bosch တွေသုံးတယ်။အခုနောက်ပိုင်းတော့ Autel စက်တွေ သုံးပါတယ်။ အတိအကျဆိုရရင် Air conတို့၊Computer Diagnosis ၊ ဘက်ထရီစစ်တာတို့၊Lift တွေကိုကျတော့ Bosch စက်တွေ သုံးထားတယ်။ Autel က Elite Diagnostic Tool ပေါ့။ ပြီးတော့ BMW, Audi Software တွေ၊ Mercedes Benz Xentry C5 Kitတွေသုံးထားပါတယ်။ နောက်ပြီး နောက်ထပ်စက်သစ်တွေလည်း ထပ်ပြီးရောက်လာဦးမှာပါ။

မေး- Bosch နဲ့ Partner လို့သိထားပါတယ်။ သူတို့ဘက်က ဘာတွေများ Supporting ပေးပါသလဲ။

ဖြေ-သူတို့ဘက်ကနေပြီးတော့ လိုအပ်တဲ့ Technical Supports တွေကိုကူညီပေးပါတယ်။ သင်တန်းတွေ ဘာတွေပေးတယ်။ Bosch က Quality ကောင်းတယ်။စိတ်ချရတယ်။ဒါကြောင့် ဒီပစ္စည်းတွေသုံးလို့အလုပ်တွင်တာပေါ့။

မေး-ဒီမှာ ဘယ်လိုကားတွေ အဓိကလာပြင်ကြပါသလဲ။

ဖြေ-ဟိုအရင်တုန်းကတော့ Europe ကားတွေလာပြင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးအကြီးကြီး ဖွင့်ထားတော့ စျေးကြီးမယ်။အဲလိုထင်ကြတာပေါ့နော်။ဂျပန်ထဲမှာလည်း မော်ဒယ်မြင့်တွေပဲလာကြတယ်။အနိမ့်တွေမ လာကြဘူး။ အခု နောက်ပိုင်းမှာ ကျွန်တော်တို့က ဘာကားပဲဖြစ်ဖြစ်ရတယ်။ Taxi ရော၊Truck ရောရတယ်ဆိုပြီး ဖောက်ထွက်လိုက်တယ်။တချို့ကလည်း အချင်းချင်းပြန်ညွှန်းကြတော့ ကားတွေထပ်ထပ်တိုးလာတယ်။ ၂၀၁၇ တုန်းက ဆို ကားတွေအများကြီး အစုံလာပြင်ကြပါတယ်။

မေး-ဘယ်လို Mechanic တွေက MFA မှာဦးစီးလုပ်ဆောင်နေပါသလဲ။

ဖြေ- ပထမတုန်းကတော့ အင်္ဂလန်က Mechanic Mr.Pual ရယ်၊ဂျာမန်တစ်ယောက်ရယ် သူတို့က Lead လုပ်ပြီးစခဲ့တာ ပေါ့။ပြီးတော့ Local က Mechanic တွေက သူတို့ဆီက လေ့လာသင်ယူခဲ့ရပါတယ်။ အဲဒါကြောင့် ဒီက Mechanic တွေက ကျွမ်းကျင်မှုအပြည့်ရှိပါတယ်။

မေး- အန်ကယ်တို့ဆီက ဘယ်လိုအာမခံမှုတွေနဲ့ Customer တွေကိုဝန်ဆောင်မှုပေးနေပါသလဲ။

ဖြေ- Promotion ပုံစံတော့မဟုတ်ဘဲ လက်ရှိမှာ Customer တွေကို Activities တွေအများကြီးလုပ်ပေးနေပါတယ်။ ပထမဆုံးကတော့ MFA sticker တွေရှိတယ်။လာပြင်ဖူးတဲ့ကားတိုင်းကို အဲဒီ Sticker တွေကပ်ပေးလိုက်တယ်။နောက်တစ် ခါလာပြင်လို့ရှိရင် Sticker ပါလာရင် Special Price စျေးနဲ့ပေးပါတယ်။ ဥပမာ အင်ဂျင်ဝိုင်လဲတာက ပုံမှန် ၁သောင်းဆို ရထောင်ပဲကျသင့်ပါတယ်။နောက်ပြီး Member ဝင်ချင်သူတွေဝင်နိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။မကြာခင် ကြေညာပေးသွားမှာပါ။ ပြီးတော့ Facebook ကလူသုံးများလာတော့ အဲဒီကနေဖောက်တယ်။ ဘက်ထရီ Promotion တို့၊ အင်ဂျင်ဝိုင် Promotion တို့ဆိုလည်း လုပ်တယ်။ ဒီနဲ့ချိတ်ထားတဲ့အင်ဂျင်ဝိုင်ဆို ရမျိုးလောက်ရှိလို့ Customer စိတ်ကြိုက် ရွေးသုံးလို့ရပါတယ်။ နောက်ပြီးတော့ Warranty ပေးတဲ့အပိုင်းကတော့ ကျွန်တော်တို့ရဲ့အားသာချက်လို့ဆိုရင်ရနိုင်ပါတယ်။ တချို့ Workshop တွေကျတော့ အပြည့်အဝအာမမခံနိုင်ပါဘူး။ ကားတစ်စီးလာပြင်တယ်ဆိုရင် Service Warranty ရှိတယ်။Part Warranty ရှိတယ်။ Service က ၁ လ အာမခံပေးတယ်။ Part မှာတော့ ဒီက Recommend ပေးတဲ့ဆီကဝယ်ရင် Second hand ဆို ၁ ပတ်အာမခံပေးပါတယ်။ Brand New ဆိုရင်တော့ ၁ လပေးပါတယ်။ ၁လအတွင်းမှာ Customer Brand New တပ်ထားလို့ပစ္စည်းတစ်ခုခုဖြစ်ခဲ့ရင် ဒီက ပစ္စည်းအသစ်ပြန်လဲပေးပါတယ်။ နောက်ပြီး ကားအတွက် Record Book လုပ်ပေးပါတယ်။ဆေးခန်းတွေလိုပေါ့။ဒီတော့ Service အတွက်ရော၊Customer အတွက်ပါ အရမ်းအဆင်ပြေစေပါတယ်။ နောက်ဘယ်ဝပ်ရှော့သွားသွား ကားကိုဘယ်အပိုင်း၊ဘယ်တုန်းက ပြင်ခဲ့တယ်ဆိုတာကအစ သိနိုင်တယ်။ပြီးတော့ Part တွေဒီမှာမရနိုင်ရင် Oversea ကနေတစ်ဆင့်မှာပေးပါတယ်။ ပုံမှန်ကတော့ ၁ ပတ်ကနေ ၁၀ ရက်ပေါ့။အကြာဆုံးကတော့ ၁ လပါ။

မေး-နောက်ဆုံးအနေနဲ့ဘာများစကားလက်ဆောင်ပေးလိုပါသလဲ။ပြီးတော့ MFA ရဲ့လိပ်စာလေးပါပြောပေးပါခင်ဗျာ။ ဖြေ- MFA ကCustomer တွေကို Service ပေးတဲ့အလုပ်ပါ။Customer တွေစိတ်တိုင်းကျဖို့အဓိကထား ပါတယ်။ငြိုငြင် မှာကြောက်တယ်။သူတိုမျှော်လင့်တဲ့အရာကိုပဲအဓိကထားလုပ်တယ်။ကောင်းကောင်းလုပ်တယ်။ Customer စိတ်တိုင်း ကျမှုက နံပါတ် ၁ ပါ။ဒါက ကျွန်တော်တို့ရဲ့ခံယူချက်ဖြစ်ပါတယ်။ လက်ရှိလိပ်စာကတော့ No 25, Baho Road(Near Asia Royal Hospital) Aung Chan Thar Ward,San Chaung Township,Yangon ပါ။ဖုန်းကတော့ 09 254282251 နဲ့ 01 518494 တို့ကိုဆက်သွယ်နိုင်ပါတယ်။

သူရတွေ့ဆုံမေးမြန်းသည်။

­­

Zawgyi version…

ဒီတစ္ေခါက္ Maintenance က႑မွာေရြးခ်ယ္ေပးထားတာကေတာ့ အမ်ားနဲ႕မတူတဲ့ ဝန္ေဆာင္မွဳ၊က်ြမ္းက်င္မွဳ၊ စနစ္က်မွဳ ေတြသာမက ရန္ကုန္ျမိဳ႕တြင္း ကားပ်က္ရင္ On Call စနစ္နဲ႕ေခၚယူႏုိင္တဲ့စနစ္ေတြေၾကာင့္ နာမည္ရလာတဲ့ Service တစ္ခုပဲျဖစ္ပါတယ္။သူတုိ႕ရဲ႕ဝန္ေဆာင္မွဳေတြဘယ္လုိရွိတယ္။ေလ့လာစရာေတြဘယ္လုိရွိတယ္ဆုိတာ ဆက္ၾကည့္ရေအာင္လား ခင္ဗ်ာ။

ေမး- Myanmar Finest Automobile Service Centre ကုိဘယ္တုန္းက စဖြင့္ခဲ့တယ္ဆုိတာကုိ ပထမဆုံးအ ေနနဲ႕ေျပာျပေပးေစခ်င္ပါတယ္။

ေျဖ- MFA ကုိစဖြင့္ခဲ့တာကေတာ့  ၂၀၁၅ ေအာက္တုိဘာ ၁၁ တုန္းကပါ။ကြ်န္ေတာ္ကေတာ့ အဲအခ်ိန္က မေရာက္ေသး ပါဘူး။ျပီးခဲ့တဲ့ႏွစ္ကမွ စတာဝန္ယူခဲ့တာေပါ့ေနာ္။

 ေမး-ဒီမွာက ဘယ္လုိService ေတြေပးပါသလဲ။

 ေျဖ- ဟုတ္ကဲ့ လက္၇ွိမွာဆုိရင္ အင္ဂ်င္ဝိုင္လဲ၊ ဂီယာဝုိင္လဲ၊ ေအာက္ပုိင္းစစ္၊ Computer Diagnosis တုိ႕၊အဲကြန္း၊အလုိင္းမန္႕၊ကားက်န္းမာေရး ၁၈ ခ်က္၊ Car clean & spa ၊ Engine Tuning စတဲ့အခ်က္ေတြကုိ တစ္ေနရာထဲမွာ ဝန္ေဆာင္မွဳေပးေနပါတယ္။ ေနာက္ပုိင္းေနရာခ်ဲ႕လုိက္ေတာ့ ေတာ္ေတာ္လည္းလူသိမ်ားသြားတယ္။

ေမး- အန္ကယ္တုိ႕ဆီမွာလုပ္ေပးတာက One stop လား။ေဆး၊ေဘာ္ဒီေရာလုပ္ေပးပါလား။ တျခားေရာ ဘာေတြဝန္ေဆာင္မွဳ ေပးပါသလဲ။

ေျဖ-ေဆး၊ေဘာ္ဒီပုိင္းကေတာ့ လုပ္တဲ့အဖြဲ႕နဲ႕ Link လုပ္ေပးပါတယ္။ က်ြန္ေတာ္တုိ႕ဆီမွာ On Call ဝန္ေဆာင္မွဳလည္း ထပ္ရွိပါတယ္။  ရန္ကုန္ျမိဳ႕တြင္း ကားပ်က္လုိ႕ဆဲြမရရင္ Carrier (SAT) နဲ႕သယ္ျပီး ျပဳျပင္ေပးတဲ့ Service ပါ။ 24 နာရီဝန္ေဆာင္မွဳ လုိ႕ေတာ့ မသတ္မွတ္ထားေပမယ့္လည္း အခ်ိန္ျပည့္ေတာ့ဝန္ေဆာင္မွဳေပးႏုိင္ဖုိ႕ၾကိဳးစားထားပါတယ္။

ေမး-ဒီမွာ ဘယ္လုိစက္ေတြသုံးျပီး ျပဳျပင္ေပးပါသလဲ။

ေျဖ- ဟုတ္ကဲ့ ဒီမွာက အရင္တုန္းကေတာ့ Bosch ေတြသုံးတယ္။အခုေနာက္ပုိင္းေတာ့ Autel စက္ေတြ သုံးပါတယ္။ အတိအက်ဆုိရရင္ Air conတုိ႕၊Computer Diagnosis ၊ ဘက္ထရီစစ္တာတုိ႕၊Lift ေတြကုိက်ေတာ့ Bosch စက္ေတြ သုံးထားတယ္။ Autel က Elite Diagnostic Tool ေပါ့။ ျပီးေတာ့ BMW, Audi Software ေတြ၊ Mercedes Benz Xentry C5 Kitေတြသုံးထားပါတယ္။ ေနာက္ျပီး ေနာက္ထပ္စက္သစ္ေတြလည္း ထပ္ျပီးေရာက္လာဦးမွာပါ။

 ေမး- Bosch နဲ႕ Partner လုိ႕သိထားပါတယ္။ သူတုိ႕ဘက္က ဘာေတြမ်ား Supporting ေပးပါသလဲ။

ေျဖ-သူတုိ႕ဘက္ကေနျပီးေတာ့ လုိအပ္တဲ့ Technical Supports ေတြကိုကူညီေပးပါတယ္။ သင္တန္းေတြ ဘာေတြေပးတယ္။ Bosch က Quality ေကာင္းတယ္။စိတ္ခ်ရတယ္။ဒါေၾကာင့္ ဒီပစၥည္းေတြသုံးလုိ႕အလုပ္တြင္တာေပါ့။

 ေမး-ဒီမွာ ဘယ္လုိကားေတြ အဓိကလာျပင္ၾကပါသလဲ။

ေျဖ-ဟုိအရင္တုန္းကေတာ့ Europe ကားေတြလာျပင္ၾကပါတယ္။ဘာေၾကာင့္လဲဆုိေတာ့ ဒီလုိမ်ိဳးအၾကီးၾကီး ဖြင့္ထားေတာ့ ေစ်းၾကီးမယ္။အဲလုိထင္ၾကတာေပါ့ေနာ္။ဂ်ပန္ထဲမွာလည္း ေမာ္ဒယ္ျမင့္ေတြပဲလာၾကတယ္။အနိမ့္ေတြမ လာၾကဘူး။ အခု ေနာက္ပုိင္းမွာ က်ြန္ေတာ္တုိ႕က ဘာကားပဲျဖစ္ျဖစ္ရတယ္။ Taxi ေရာ၊Truck ေရာရတယ္ဆုိျပီး ေဖာက္ထြက္လုိက္တယ္။တခ်ိဳ႕ကလည္း အခ်င္းခ်င္းျပန္ညႊန္းၾကေတာ့ ကားေတြထပ္ထပ္တုိးလာတယ္။ ၂၀၁၇ တုန္းက ဆုိ ကားေတြအမ်ားၾကီး အစုံလာျပင္ၾကပါတယ္။

 ေမး-ဘယ္လုိ Mechanic ေတြက MFA မွာဦးစီးလုပ္ေဆာင္ေနပါသလဲ။

ေျဖ- ပထမတုန္းကေတာ့ အဂၤလန္က Mechanic Mr.Pual ရယ္၊ဂ်ာမန္တစ္ေယာက္ရယ္ သူတုိ႕က Lead လုပ္ျပီးစခဲ့တာ ေပါ့။ျပီးေတာ့ Local က Mechanic ေတြက သူတုိ႕ဆီက ေလ့လာသင္ယူခဲ့ရပါတယ္။ အဲဒါေၾကာင့္ ဒီက Mechanic ေတြက ကြ်မ္းက်င္မွဳအျပည့္ရွိပါတယ္။

ေမး- အန္ကယ္တုိ႕ဆီက ဘယ္လုိအာမခံမွဳေတြနဲ႕ Customer ေတြကုိဝန္ေဆာင္မွဳေပးေနပါသလဲ။

ေျဖ- Promotion ပုံစံေတာ့မဟုတ္ဘဲ လက္ရွိမွာ Customer ေတြကုိ Activities ေတြအမ်ားၾကီးလုပ္ေပးေနပါတယ္။ ပထမဆုံးကေတာ့ MFA sticker ေတြရွိတယ္။လာျပင္ဖူးတဲ့ကားတုိင္းကုိ အဲဒီ Sticker ေတြကပ္ေပးလုိက္တယ္။ေနာက္တစ္ ခါလာျပင္လုိ႕ရွိရင္ Sticker ပါလာရင္ Special Price ေစ်းနဲ႕ေပးပါတယ္။ ဥပမာ အင္ဂ်င္ဝုိင္လဲတာက ပုံမွန္ ၁ေသာင္းဆုိ ၇ေထာင္ပဲက်သင့္ပါတယ္။ေနာက္ျပီး Member ဝင္ခ်င္သူေတြဝင္ႏုိင္ဖုိ႕ကုိလည္း စီစဥ္ေဆာင္ရြက္ေနပါတယ္။မၾကာခင္ ေၾကညာေပးသြားမွာပါ။ ျပီးေတာ့ Facebook ကလူသုံးမ်ားလာေတာ့ အဲဒီကေနေဖာက္တယ္။ ဘက္ထရီ Promotion တုိ႕၊ အင္ဂ်င္ဝုိင္ Promotion တုိ႕ဆုိလည္း လုပ္တယ္။ ဒီနဲ႕ခ်ိတ္ထားတဲ့အင္ဂ်င္ဝုိင္ဆုိ ၇မ်ိဳးေလာက္ရွိလုိ႕ Customer စိတ္ၾကိဳက္ ေရြးသုံးလုိ႕ရပါတယ္။ ေနာက္ျပီးေတာ့ Warranty ေပးတဲ့အပုိင္းကေတာ့ က်ြန္ေတာ္တုိ႕ရဲ႕အားသာခ်က္လုိ႕ဆုိရင္ရႏုိင္ပါတယ္။ တခ်ိဳ႕ Workshop ေတြက်ေတာ့ အျပည့္အဝအာမမခံႏိုင္ပါဘူး။ ကားတစ္စီးလာျပင္တယ္ဆုိရင္ Service Warranty ရွိတယ္။Part Warranty ရွိတယ္။ Service က ၁ လ အာမခံေပးတယ္။ Part မွာေတာ့ ဒီက Recommend ေပးတဲ့ဆီကဝယ္ရင္ Second hand ဆုိ ၁ ပတ္အာမခံေပးပါတယ္။ Brand New ဆုိရင္ေတာ့ ၁ လေပးပါတယ္။ ၁လအတြင္းမွာ Customer  Brand New တပ္ထားလုိ႕ပစၥည္းတစ္ခုခုျဖစ္ခဲ့ရင္ ဒီက ပစၥည္းအသစ္ျပန္လဲေပးပါတယ္။ ေနာက္ျပီး ကားအတြက္ Record Book လုပ္ေပးပါတယ္။ေဆးခန္းေတြလုိေပါ့။ဒီေတာ့ Service အတြက္ေ၇ာ၊Customer အတြက္ပါ အရမ္းအဆင္ေျပေစပါတယ္။ ေနာက္ဘယ္ဝပ္ေရွာ့သြားသြား ကားကုိဘယ္အပုိင္း၊ဘယ္တုန္းက ျပင္ခဲ့တယ္ဆုိတာကအစ သိႏုိင္တယ္။ျပီးေတာ့ Part ေတြဒီမွာမရႏုိင္ရင္ Oversea ကေနတစ္ဆင့္မွာေပးပါတယ္။ ပုံမွန္ကေတာ့ ၁ ပတ္ကေန ၁၀ ရက္ေပါ့။အၾကာဆုံးကေတာ့ ၁ လပါ။

 ေမး-ေနာက္ဆုံးအေနနဲ႕ဘာမ်ားစကားလက္ေဆာင္ေပးလုိပါသလဲ။ျပီးေတာ့ MFA ရဲ႕လိပ္စာေလးပါေျပာေပးပါခင္ဗ်ာ။ ေျဖ- MFA ကCustomer ေတြကုိ Service ေပးတဲ့အလုပ္ပါ။Customer ေတြစိတ္တုိင္းက်ဖုိ႕အဓိကထား ပါတယ္။ျငိဳျငင္ မွာေၾကာက္တယ္။သူတုိေမွ်ာ္လင့္တဲ့အရာကုိပဲအဓိကထားလုပ္တယ္။ေကာင္းေကာင္းလုပ္တယ္။ Customer စိတ္တုိင္း က်မွဳက နံပါတ္ ၁ ပါ။ဒါက ကြ်န္ေတာ္တုိ႔ရဲ႕ခံယူခ်က္ျဖစ္ပါတယ္။ လက္ရွိလိပ္စာကေတာ့ No 25, Baho Road(Near Asia Royal Hospital) Aung Chan Thar Ward,San Chaung Township,Yangon ပါ။ဖုန္းကေတာ့ 09 254282251 နဲ႕ 01 518494 တုိ႕ကုိဆက္သြယ္ႏုိင္ပါတယ္။

သူရေတြ႕ဆုံေမးျမန္းသည္။

­­