ပြီးခဲ့တဲ့ မေလ ၂၆ နဲ့ ၂၇ ရက်တွေမှာ (Cycle & Carriage Myanmar- Mercedes-Benz )ရဲ့စီစဉ်ပေးမှုကြောင့် Drive Magazine ရဲ့ MD ဖြစ်သူ Andreas Sigurdsson နဲ့အတူ အနာဂတ်မြန်မာနိုင်ငံဘဏ္ဍာရေးဆိုင်ရာ အထူး ပုဂ္ဂိုလ်များအဖွဲ့(VIPs from The Future of Finance Myanmar Fellowship by Myanmar Financial Center)တို့အတွက် သူတို့ရဲ့ ဂျာမနီအလည်အပတ်ခရီးစဉ်အတွင်း အထူးစပါယ်ရှယ်သတင်းပတ်ဖြစ်ခဲ့ရပါတယ်။ Mercedes က AMG Model ၈ မျိုးပါဝင်ခဲ့ပြီး စိမ်းစိုနေတဲ့တောအုပ်အတွင်းမှာ ၆ နာရီလောက် အဖွဲ့လိုက် မောင်းနှင်ခဲ့ကြပါ တယ်။ အရမ်းကိုဇိမ်ရှိလှတဲ့ Mercedes ကားတွေရဲ့ဘီးတွေနောက် မှာကျန်နေခဲ့တဲ့ သဘာဝရှုခင်းတွေ ရဲ့တင် ဆက်ပြသပုံတွေကို ကြည့်ရှုခဲ့တဲ့ အတွေ့အကြုံကအကောင်းဆုံးဖြစ်ခဲ့သလို AMG Line တွေရဲ့လှပဆန်းသစ်မှု ကိုလည်း ခံစားသိရှိခဲ့ရပါတယ်။ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့ တောအုပ်အတွင်းမောင်းနှင်မှုတွေမှာ ကီလို ၂၀၀ လောက်တောင် Speed unlimited မောင်းခဲ့ရပါတယ်။ တောတောင်ရနံ့တွေထုံမွှမ်းထားတဲ့ တောအုပ် အတွင်း မှာ ရာသီဥတုကလည်းကောင်းမွန်ပြီး AMG Line တွေရဲ့ပြေးလွှားသံတွေက ထင်ထင်ရှားရှား ပေါ်ထွက်နေပါ တယ်။ဒီလိုမောင်းနှင်မှု အတွေ့အကြုံတွေက ဘဝမှာပထမဆုံးခံစားရရှိခဲ့တာဖြစ်လို့ တစ်ဖွဲ့လုံးအနေနဲ့ ပြောမပြတတ်အောင် စိတ်လှုပ်ရှား၊ဝမ်းမြောက်ခဲ့ရပါတယ်။ ဒီခရီးစဉ်မှာပါဝင်ခဲ့တဲ့ Line up တွေကတော့ AMG S63, SL 63, G 65, S 65, S 65C, G 63, GLE 63 and GLS 63 တို့ဖြစ်ပါတယ်။ 
နောက်ပြီးတော့ Mercedes-Benz ရဲ့ပြတိုက်မှာ တစ်မနက်ခင်းလောက်အချိန်ကြာခဲ့ပါတယ်။ အဲဒီမှာ Mercedes ကားတွေကို ပြီးပြည့်စုံအောင်ပြပွဲကြီးတစ်ခုထဲမှာလို စီစဉ်ခင်းကျင်းပြသထားပုံက အရမ်းကို စွဲမက် ဖွယ်ရာကောင်းသလို ကားကိုအနည်းငယ်လောက်သာစိတ်ဝင်စားတဲ့သူမျိုးတောင် နတ်ဘုံ နတ်နန်းကို ရောက်ရှိ သွားသလို ခံစာမှုမျိုးနဲ့ကြုံတွေ့သွားရမှာပါ။ နေ့လည်ရောက်တော့ အလွန်ဇိမ်ရှိလှတဲ့ အကောင်းစား Mercedes Bus တွေနဲ့အတူ ပြင်သစ်ရဲ့ Strasbourg မြို့ကိုအဖွဲ့လိုက်ခရီးဆက်ခဲ့ပြီး မြို့ဟောင်းနဲ့ အလွန်ထင် ရှားတဲ့ ဘုရားရှိခိုးကျောင်းတွေကို လည်ပတ်ခဲ့ကြပါတယ်။ နောက်ပြီးတော့ အုပ်စုလိုက်ခရီးထွက်ခဲ့ရတဲ့ Mercedes Bus အတွင်း Wi-Fi ၊ ကော်ဖီစက်၊ ထိုင်ခုံတွေကို စီစဉ်ထားပုံက အရမ်းကိုဖော်ရွေတဲ့ အပြုအမူမျိုး ပေါက်ခဲ့ပြီး သာမန်ဘတ်စ်ကားတစ်စီးစီးနေရသလိုမျိုးမဟုတ်ခဲ့တာ အသေအချာပါပဲ။ ဒါက ဘာကိုပြသလဲ ဆိုရင် ဒီကားမျိုးနဲ့ဥရောပတစ်ခွင်လုံးကို သွားရောက် လည်ပတ်ဖို့အဆင်ပြေ တယ်ဆိုတာပါပဲ။ အဲဒီနှစ် ရက်တာပြီးတော့ Mercedes ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “The best or nothing ” ဆိုတဲ့အတိုင်း တစ်ဖွဲ့လုံးဟာ အမှန်တကယ်ကိုအတွေ့ အကြုံကောင်းတွေရရှိပိုင် ဆိုင်နိုင်ခဲ့ကြပါတယ်။