မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ Hanteng ကားတွေကို တင်သွင်းရောင်းချနေသည့် Myanmar Great Motor သည် Hanteng မော်ဒယ်သစ်(၂)မျိုးဖြစ်သည့် X5 Max နှင့် V7 တို့ကို ပြည်တွင်းဈေးကွက်ထဲ စတင်ဖြန့်ချီခဲ့သည်။
ပြည်တွင်းဈေးကွက်ထဲတွင် Brand အသစ်အဖြစ် ဝယ်ယူရရှိနိုင်မည့် Hanteng X5 Max သည် SUV အမျိုးအစားဖြစ်ပြီး Hanteng V7 သည် Full Sized MPV အမျိုးအစားဖြစ်ပြီး မော်ဒယ်(၂)မျိုးလုံးမှာ (၇)ယောက်စီးနင်းနိုင်မည်ဖြစ်သည်။
SUV အမျိုးအစားဖြစ်သည့် Hanteng X5 Max သည် နည်းပညာပိုင်းဆိုင်ရာတွင် အကောင်းဆုံးပံ့ပိုး ပေးထားပြီး အင်ဂျင်ပါဝါ (၁၅၀၀)စီစီတာဘိုအင်ဂျင်နဲ့ ဂီယာ(၆)ချက် CVT ကို အသုံးပြုထားသည်။ X5 Max ၏ အတွင်းပိုင်းတွင် Leather Seat များကို အသုံးပြုထားသောကြောင့် Luxury ဆန်သည့် ခံစားမှုကို ရစေမည်ဖြစ်သည်။ ကားရဲ့အပြင်ဘက်ပိုင်းအတွက် Functions များအနေဖြင့် Automatic Wiper၊ Rear wiper၊ Front Rear fog Lamp၊ Rear Trail light of LED၊ Adjustable Headlight Height တို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။
Hanteng X5 Max တွင် Smart Key၊ Keyless Entry စနစ်များပါဝင်လာမည်ဖြစ်ပြီး Infotainment Functions များအနေဖြင့် USB၊ MP3၊ Bluetooth၊ Voice Control၊ Navigation System၊ Cruise Control နှင့် loudspeaker 6 လုံးထိ ပါဝင်မည်ဖြစ်သည်။
လုံခြုံရေးပိုင်းအနေဖြင့် Airbag 8 လုံးထိ ထည့်သွင်းပေးထားမည်ဖြစ်ပြီး Tail gate escape switch၊ မိသားစုလိုက် စီးနင်းရာမှာ အရေးပါသည့် Isofix child seat Fixingsystem၊ Follow me Home Function၊ ABS၊ EBD၊ BOS၊ Hydraulic brake assist/ Electrical stability Control၊ Hill-start assist control၊ Snow mode၊ Front rear parking Sensor၊ Rear view Camer၊ Blind Sport Monitoring၊ 360• camera၊ Lane departure warning system စသည့်နည်းပညာများကို လုံခြုံရေးအတွက် အသုံးပြုထားသည်။
MPV အမျိုးအစားဖြစ်သည့် Hanteng V7 သည် Full Sized ဖြစ်တာကြောင့် အတွင်းခန်းကျယ်ဝန်းပြီး လူ(၇)ယောက် သက်တောင့်သက်သာ ငြိမ့်ညောင်းစွာ လိုက်ပါစီးနင်းနိုင်မည့် Leather Seat များကို အသုံးပြုထားသည်။
Hanteng V7 သည် စွမ်းဆောင်ရည်ပိုင်းအတွက် အင်ဂျင်ပါဝါ (၁၅၀၀)စီစီ တာဘိုအင်ဂျင်ကိုပဲ အသုံးပြုထားကာ မြင်းကောင်ရေ 154 hp ထိ ထွက်ရှိမည်ဖြစ်ပြီး ရုန်းအား(torque) 215 Nm ထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
စုံလင်တဲ့ နည်းပညာပိုင်းများကိုလည်း Hanteng V7 တွင် အသုံးပြုထားပြီး Electric heating၊ Adjustable exterior mirror ABS+EBD၊ Bossh New 9.3 ESP System including Tcs,BA၊ Automatic parking Anty-Theft alarm system၊ Post-independent air conditioning (just refrigeration)၊ Round air con စသည်နည်းပညာများကို ဖြည့်ဆည်းပေးထားသည်။
လုံခြုံရေးပိုင်းအနေဖြင့်လည်း Air Bag (၁၀)လုံး၊ EPB electronic handbrake၊ Automatic parking၊ High sensitive reversing rader၊ Front driving sensor၊ Rear view Camera စသည့် လုပ်ဆောင်ချက်များ အသုံးပြုထားကြောင်း သိရသည်။
Myanmar Great Motor မှ တာဝန်ယူဆောင်ရွက်နေသည့် Hanteng Motor Myanmar သည် X5 Max မော်ဒယ်ကို ငွေကျပ် သိန်း(၃၈၅)ဖြင့် လည်းကောင်း၊ V7 မော်ဒယ်ကို ငွေကျပ်သိန်း(၄၅၀) ဖြင့် လည်းကောင်း ပြည်တွင်းဈေးကွက်ထဲ ရောင်းချသွားမည်ဖြစ်သည်။
Hanteng motor မှ ထုတ်လုပ်သည့်ကားများကို နိုင်ငံပေါင်း (၂၂)နိုင်ငံမှာ ဖြန့်ချီတင်သွင်းရောင်းချနေပြီး ရုရှား၊ အီဂျစ်၊ ပါကစ္စကန်၊ ကာဇက်စတန်နှင့် ဗီယက်နမ်နိုင်ငံများတွင် ရောင်းအားကောင်းပြီး အောင်မြင်မှုများရရှိထားသည့် Brand တစ်ခုဖြစ်သည်။
Zawgyi Version…..
Myanmar Great Motors မှ Hanteng X5 Max နှင့် V7 မော်ဒယ်နှစ်မျိုးကို ပြည်တွင်းဈေးကွက်ထဲ စတင်ဖြန့်ချီ